Ep(5)

8.5K 469 3
                                    


စေလိုရာစေ..

(Unicode)

"လာ..သွဲ့လေး..ခဏထိုင်ဦး"

"အမ..အအေးသွားဖျော်လိုက်ဦးမယ်"

အမနှင်းလဲ့က အအေးဖျော်ဖို့ ထမင်းစားခန်းထဲ ဝင်သွားပြီး အမစုလဲ့ကတော့ လေညှင်းဘေးမှာ လာထိုင်သည်။အိမ်လေးက လေညှင်းတို့ လောက် မကျယ်ပေမယ့် ပေနှစ်ဆယ် နှစ်ထပ်ဆောက်ထားပြီး ခြံဝန်းလေးနဲ့ သပ်သပ်ရပ်ရပ်မို့ နေချင်စဖွယ်အတိ။

"ဒါနဲ့..အန်တီရော..အမစုလဲ့"

"အင်း..အမေက ဒီမနက်ပဲ..သူ့ဖောက်သည် အလှူရှိတယ်ဆိုလို့ ခုနမှ  ထွက်သွားတယ်.သွဲ့လေးရဲ့.."

"​ေဩာ်"

ထိုစဥ် အမနှင်းလဲ့က အအေးခွက်လေး ကိုင်ပြီး ဧည့်ခန်းထဲဝင်လာသည်။

"သွဲ့လေး..ဟိုတစ်ပတ်က အမပြောခဲ့တာ မှတ်မိလား..သတိပေးစရာ ရှိတယ်ဆိုတာလေ"

"ဟုတ်..မှတ်မိတယ်..အမနှင်း"

"အဲ့ဒါ..ခုနက မရဏအဖွဲ့ကို ပြောချင်တာ..သွဲ့လေးရဲ့"

"ဟုတ်..လေညှင်းကို ပြောပြပါဦး..အမနှင်းလဲ့..သူတို့က ဘာလို့အဲ့လောက် ရမ်းကားလွန်းတာလဲ..ပြီးတော့ ဒီရပ်ကွက်ကလူတွေရော ဘာလို့ငြိမ်ခံနေကြတာလဲ"

"အင်း..​ဒီလို..သွဲ့လေး..မှော်စက္ခဆိုတာက မရဏဂိုဏ်းခေါင်းဆောင် ဦးသိဂ်ါရဲ့ မွေးစားသား..  ညာလက်ရုံးဆိုလည်း မမှားဘူး..သူက မူးယစ်ဆေးဝါး မှောင်ခိုလုပ်တဲ့နေရာမှာ ဘုရင်တဆူပဲ..ပြီးတော့့.. လူသတ်ရင်လည်း သွေးအေးတယ်.. ရက်စက်တယ်.. အဲ့ဒါကြောင့်..ဒ​ီကလူတွေက မှော်စက္ခဆိုတာနဲ့ နာမည်နဲ့တင် ကြောက်ဒူးတုန်ကြတာ..

တကယ်တော့ ဦးသိဂ်ါက အရင်က အရမ်းဆင်းရဲတယ် သွဲ့လေးရဲ့..ပြီးတော့ ဒီရပ်ကွက် မှာပဲ နေသွားတာ..နောက်ပိုင်း  မူးယစ်ဆေးဝါး မှောင်ခိုသွင်းရင်း အကြီးအကျယ် ချမ်းသာသွားခဲ့တယ်..

အခုဆို သူတို့က မရဏ နာမည်နဲ့ မြန်မာနိုင်ငံ..နေရာ တော်တော်များများမှာ လောင်းကစားဝိုင်းတွေ..ကလပ်တွေ ဟိုတယ် တွေ အပန်းဖြေစခန်းတွေ..အများကြီး ဖွင့်ထားတယ်..အင်း..ဒီမှာဆို..midnight clubပေါ့..အဲ့ဒီclubက casinoပါ တွဲထားတာ..ပြီးတော့ မှော်စက္ခအပိုင်စားရထားတဲ့ club.."

စေလိုရာစေ(Completed)Where stories live. Discover now