Ep (8)

6.9K 399 3
                                    

စေလိုရာစေ..

(Unicode)

လေညှင်း ထိုလူ သုံးယောက်ဘေးကနေ သူတို့သတိမထားမိအောင် ဖြတ်လျောက်လိုက်သည်။

"အေ့..မူးလို့သောက်တယ်..သောက်တော့ မူးတယ်..ဂေ့.."

"ဟာ!!မိန်းမချောလေး..အေ့..ဒီ့ချိန်ကြီး တစ်ယောက်တည်းလား..ဂေ့..ကိုကြီးတို့ လိုက်ပို့ချင်တယ်ကွယ်..အေ့"

"ခင်ဗျား..မူးနေရင်လည်း ကိုယ့်လမ်းကိုယ်သွားပါ.ကိုယ့်ကြောင့်..သူတပါးစိတ်အနှောင့်ယှက် မဖြစ်ပါစေနဲ့"

တကယ်ပါ ဘယ်လိုလူတွေလည်း မသိဘူး။အမူးလွန်ပြီး ယောက်ျားလေးဆိုတာတောင် မခဲွဲခြားနိုင်တော့။လေညှင်း လက်ကို ဆွဲပြီး မြန်မာကားထဲက "ချစ်လို့ပါ ညီမလေးရယ်" ဆိုတဲ့ လူဆိုးတွေလို ညောင်နာနာ အသံနဲ့။

"ငမူး..သေချာကြည့်ဦး..အေ့..မိန်းမချော မဟုတ်ဘူး..ဟေ့ကောင်ရေ..ဟား..ဟား..မင်းမှားနေပြီ"

ကြည့်ရတာ ဒီလူကတော့ ရေချိန်သိပ်ကိုက်သေးပုံမရ။

"ကောင်းကင်က နတ်သတ်ကြွေလာတဲ့..နတ်သမီးလေးကွ..ဟေ့ကောင်ရ..အေ့..ဟိုသိချင်း ထဲကလို..ဘုံကြိုးပျက်တဲ့ ဒေဝီနတ်မျိုးနွယ်..ဂေ့"

"ဟား..ဟား..ဟား..ဂေ့"

လေညှင်း  အရက်စော် တထောင်းထောင်းနေတဲ့ လူကို ပခုံးနဲ့တိုက်လိုက်ကာ ဟိုလူ ယိုင် သွားတာကို အခွင့်ကောင်းယူပြီး ရှေ့ကို ဆက်လျောက်လာလိုက်တယ်။

"ဟာ..မဒီလေးက အလာသား..ကြိုက်ပြီ..အေ့.."

"ဟာ..ခင်ဗျား..ဘာလုပ်တာလဲ.."

ဟိုလူသုံးယောက်က လေညှင်း နောက်ကနေ အမှိလိုက်ပြီး လက်ကြမ်းကြီးတွေနဲ့ မျက်နှာကို အတင်းချုပ်နမ်းဖို့ ပြင်တော့သည်။

လူက သုံးယောက်တစ်ယောက်အားနဲ့ ဘယ်လိုမှ ရုန်းလို့်မရ။ပြီးတော့ လေညှင်းက လူကောင်သေးတော့ ပိုဆိုးတယ်။သူတို့ လက်ထဲ ကစားစရာ အရုပ်လို ဖြစ်နေတာ။

"အင့်"

"ဒုတ်!!"

"အ!!"

"ဒုတ်!!ဒုတ်!!ခွပ်!!ဖြောင်း"

စေလိုရာစေ(Completed)Where stories live. Discover now