အပိုင်း (၆၉၁)

4K 70 0
                                    


#Unicode


အိမ်မက်ဆိုးများ။

နွားခေါင်းမိစ္တာလိုပဲ ဒီမိစ္ဆာဆယ်ကောင်ကျော်ကလည်း ဓားမော့ချီတွေ ရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရတယ်။ ငရဲပြည်ရဲ႕  စွမ်းအင်တွေက ခုခံဖို့ ကြိုးစားကြပေမယ့် ကောင်းကင်ဘုံကပ်ဘေးရဲ့ စွမ်းအားတွေ ကြားမှာတော့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ မီးတောက်ဓားမော့ချီတွေက သူတို့ခန္ဓာကိုယ်ကို ပြာကျသွားစေတယ်။

ရူဟန်ရဲ့ ကပ်ဘေးက ခဏတာ ဖြေရှင်းပြီးသား ဖြစ်သွားခဲ့ပါတယ်။ ဒီအချိန်မှာတော့ သူက ခန္ဓာကိုယ်မှာ ဓားဆယ့်သုံးစင်း စိုက်ဝင်နေပြီး လက်ထဲမှာ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတယ်။ သူ့ခန္ဓာကိုယ် အနှံ့ကနေ သွေးတွေ စီးကျနေပြီး ဆိုးရွားမှုတွေ ကြားမှာ သူရဲကောင်း တစ်ယောက်ရဲ ့ပုံရိပ်ကို ထင်ဟပ် ပေါ်လွင်နေစေတယ်။

သူက အန္တရာယ်ကနေ ခဏတာ ကင်းလွတ်ပြီ ဆိုပေမဲ့ ကောင်းကင်ဖျက်ဆီးခြင်း ကြောင်ကြီး နေရာက သရုပ်ဆောင်တဲ့ စီနီယာ သခင်လေး ဖီးနစ် သတ်ဖြတ်သူ ကို ကျော်လွတ်ပြီး မိစ္ဆာအုပ်ကြီးက သူ့ကို သတ်ဖို့ လာနေပါပြီ။

ဒီအကာအကွယ် ပြဿနာကို သူမြန်မြန်မဖြေရှင်းနိုင်ရင် နောက်ထပ် ကပ်ဘေးက ကျရောက်ပါတော့မယ်။
သူ့အခြေအနေကို လိုင်ချီး နဲ့ စီနီယာ ဖီးနစ် သတ်ဖြတ်သူ ကရော သတိပြုမိရဲ့လား။

ဒီအချိန်မှာတော့ အဝေးမှာ ရှိနေတဲ ့ဂျာကော့ဘ် ရိုက်ကူးရေးအဖွဲ့ကို သူ့ကို မြန်မြန်သေပေးဖို့ အမူအရာတွေ လုပ်ပြနေပါတယ်။

ရူဟန်က အားတင်းပြုံးလိုက်တယ်။

ဒီအခြေအနေမှာ သူဘယ်လို သေရမှာလဲ၊ သူရုပ်ရှင်ထဲမှာ သေသလို အပြင်မှာပါ သေသွားနိုင်ပါတယ်။
ဒီလိုသာဆို သွားပါပြီ။

ဒါပေမဲ့ ဒီအချိန်မှာပဲ ကြက်သွန်လေး ရဲ ့အသံက ပေါ်ထွက်လာတယ်။ "ရူဟန်.. ငါမင်းအတွက် နောက်ထပ် အဆောင်တစ်ခု ကို အသက်သွင်းပေးရမှာလား"

"ဒီအဆောင်တွေက အဆင့်လေး အဆောင်တွေ၊ ဒါတွေက အဆင့်သုံးရဲ ့တိုက်ခိုက်မှုကို ရပ်တန့်ပစ်ဖို့ ပြဿနာ မရှိဘူး။ ဒါပေမဲ့ နောက်လာမယ့် မိစ္ဆာတွေ က အဆင့်လေးတွေ။ သူတို့က လှုပ်ရှားမှု တစ်ခုနဲ့ ငါ့ရဲ့ အကာအကွယ် အဆောင်ကို ချိုးဖျက်သွားနိုင်တယ်။" ရူဟန်က အသက်ပြင်းပြင်းရှုလိုက်တယ်။ ပြီးနောက် "ဘာပဲဖြစ်ဖြစ်.. ငါက မင်းရဲ ့ကြင်နာမှုကို မှတ်ထားမယ်။ ရုပ်ရှင်ရိုက်ပြီးလို့ ကြီးမြတ်တဲ ့အဖြူ တံခါးပိတ်ကျင့်ကြံတာက ထွက်လာရင် မင်းနဲ့ အလင်းကျောက်ကို ခွဲလို ့ရမယ့် နည်းလမ်းကို မေးပြီး မင်းကို လွတ်လပ်ခွင့်ပေးမယ်"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now