အပိုင်း (၈၄၅)

161 33 0
                                    


#Unicode


ကြောင်သူတော်ကြီး ဟန်ပန် နဲ့ အားရပါးရ ဖက်ခြင်း။

"???" မွန်းစတား အမဲလိုက်သူ လူငယ် ရဲ့ မျက်နှာပေါ်မှာ ဇဝေဇဝါ အမူအရာ တွေ ဖြစ်ပေါ်လာတယ်။

ပြောင်းလဲမှုက ရုတ်တရက ်ဆန်လှတယ် မဟုတ်လား။ ခုနတုန်းက ဒီစီနီယာ ဆိုတာ ကြင်နာတတ်ပြီး ဂုဏ်ကျက်သရေ တရားနဲ့ ပြည့်နှက်နေတဲ့ သူ တစ်ယောက် ဟန်ပန် ရှိသူ တစ်ယောက်ပါ။ လက်ရှိ တစက္ကန့်အတွင်းမှာပဲ သူက ရွှေဒင်္ဂါးငါးစေ့ နဲ့ ရတနာ ချပ်ဝတ်ကို ရောင်းနေပါတယ်။

သူ့အော်ရာက တကယ်ပဲ အစစ်အမှန် နတ်ဘုရား တစ်ယောက် အဖြစ် မခန့်မှနး် နိုင်ဘူးဆိုရင် အမြတ်ကြီးစား လူလိမ်တစ်ယောက် အဖြစ် မွန်းစတား အမဲလိုက်သူ လူငယ်က သတ်မှတ်မိမှာပါ။

ခဏလောက် တိတ်ဆိတ်သွားပြီးတဲ့နောက် မွန်းစတား အမဲလိုက်သူ လူငယ်က ပြောလိုက်တယ် "စီနီယာ .. ရွှေဒင်္ဂါးငါးစေ့ ကို စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်ကျမလဲ"

ဒီအချိန်မှာတော့ တောင်ဝါကြီးက ထူးမခြားနားတဲ့ အပြုံးမျိုး ပြုံးနေတယ်။ ပြီးနောက် လက်ထဲက ရတနာချပ်ဝတ်ကို မွန်းစတား အမဲလိုက်သူ လူငယ်ကို ပေးပြီး ပြောလိုက်တယ် "ထားလိုက်ပါတော့.. ငါမင်းကို ဒါခဏငှားမယ်။ ဒါက အရမ်းပေါ့ပါးပြီး ဝတ်ဆင်ထားရင် သက်တောင့်သက်သာ ရှိတယ်။ နောက်တစ်ခါ ငါတို့ုပြန်တွေ့ရင် ပြန်ပေးဖို့ ပဲ သတိရ"

"အမ်" မွန်းစတား အမဲလိုက်သူ လူငယ်က ဘာတွေဖြစ်တာလဲ ဆိုတာကို နားမလည်သလို ခံစားလိုက်ရတယ်။

"ဝတ်လိုက်။ ဟုတ်ပြီလား။ မင်းဒါကို လိုလိမ့်မယ်။ မင်းအဝတ်ကို ချွတ်ပြီးလဲလို့ ရမယ့် နေရာကို မြန်မြန်ရှာပြီး လဲလိုက်တော့" ပြောပြီးတဲ့နောက် တောင်ဝါကြီး က လက်နှစ်ဖက်ကို နောက်ပစ်ပြီး သက်တောင့်သက်သာ ဖြင့် လှည့်ထွက်သွားခဲ့တယ်။

ပထမတုန်းက သူ့အနေနဲ့ သူငယ်ချင်းလေး ရူဟန်ကို စောင့်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ ဒီ မွန်းစတား အမဲလိုက်သူ လူငယ်က ဘယ်လောက် သေလမ်းရှာထားတယ် ဆိုတာကို မြင်ပြီးတဲ့နောက် သူငယ်ချင်းလေး ရူဟန် ဒီလူငယ်ကို မြင်ရင် ဘယ်လိုဖြစ်မှန်းဆိုတာကို ခန့်မှန်းမိပါပြီ။ ဒါက ကြည့်လို့ကောင်းတဲ့ ကိစ္စတစ်ခု မဟုတ်သလို ဝင်ဆွဲလို့ ကောင်းတဲ့ ကိစ္စလည်း မဟုတ်ပြန်ပါဘူး။ ဒါကြောင့် ထွက်သွားတာ အကောင်းဆုံးပါပဲ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now