အပိုင်း (၆၉၈)

170 37 0
                                    

#Unicode



ရူဟန်.. ဆိုးတာပဲ.။ ငါက သေပြီးသား ဖြစ်နေပြီ။

(ကြီးမြတ်တဲ့အဖြုူ) က ပြုံးလိုက်ချင်းချင်း မှာပဲ ရူဟန်က တကိုယ်လုံး အားယုတ်သလို ဖြစ်သွားတယ်။

ဒီ (ကြီးမြတ်တဲ့အဖြုူ) က လည်း အဖြူလေး.. မင်းဆံပင်တွေ ခါးလောက်ရောက်လာရင်... ဆိုတဲ့စကားလုံး နဲ့ သက်ဆိုင်နေတာလား။ သူ နဲ့ ငါသိတဲ့ စီနီယာ အဖြူ ကြားမှာ ပတ်သက်မှု တစ်ခုခုများ ရှိနေလား။

ပြီးနောက် ချက်ချင်း ဆိုသလိုပဲ ရူဟန်က အသိစိတ်ပျောက်သွားခဲ့တယ်။

....................

ဘယ်လောက်မှန်း မသိတဲ့ အချိန်မှာတော့ သူက နိုးတစ်ဝက်၊ အိပ်တစ်ဝက် အနေအထား နဲ့ သူ့မျက်လုံးကို ဖွင့်လိုက်တယ်။

နောက်တော့ အရမ်းကို ဆိုးရွားတဲ့ အရာတစ်ချို့ကို တွေ့ကြုံခဲ့ရတယ်လို့ သူခံစားနေမိတယ်။ ဘာဖြစ်ခဲ့တယ် ဆိုတာကိုတော့ သူ ဘယ်လိုမှ ပြန်စဉ်းစားလို့မရတော့ပါဘူ။

သူ့မသိစိတ်က သူ့ကို ပြောနေတာ ကတော့ အရမ်းကို ကြောက်ဖို့ ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ် ဆိုတာပါပဲ။ သူက ငရဲကို ပို့ဆောင်ခံရပြီး ထာဝရ နှိပ်စက်ခံနေရတာ နဲ နှိုင်းယှဉ်လို့တောင်ရတဲ့ အတွေ့အကြုံကို ရခဲ့တာပါ။

ကြည့်ရတာ ဒီ (ကြီးမြတ်တဲ့အဖြုူ) က ငါသိတဲ့ ကြီးမြတ်တဲ့ အဖြူ မဟုတ်နိုင်ဘူး။ ဒါပေမဲ့ သေချာပေါက် သူတို့နှစ်ယောက် က ပတ်သက်နေရမယ်။

ဘာပဲပြောပြော ငါအိ်မ်မက်ထဲက ထွက်လာနိုင်ပြီ မဟုတ်လား။

ရူဟန် က ထရပ်ဖို့ ပြင်လိုက်တယ်။

ဒါပေမဲ့နောက်တော့ သူက အမှောင်တည်နေရာ ထဲမှာပဲ ရှိသေးကြောင်းကို သတိပြုမိလိုက်တယ်။ သိပ်မဝေးတဲ့နေရာမှာတော့ (ကြီးမြတ်တဲ့အဖြုူ) က ခြေချိတ်ထိုင်နေပြီး သူ့ရဲ့ မဟူရာဓားကတော့ ဒူးအောက်မှာ ရှိနေပါတယ်။ သူက ဓားကို လက်ချောင်းတွေနဲ့ ဖြည်းဖြည်းချင်းခေါက်နေတယ်။

အမ်.. ငါအိမ်မက် ထဲမှာပဲ ရှိသေးတာလား။

ရူဟန်က အားရပါးရ ရယ်လိုက်တယ် "ဟားဟား.. စီနီယာ အဖြူ .. ခုနက ဘာဖြစ်သွားတာလဲ"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now