အပိုင်း (၈၄၈)

179 32 2
                                    


#Unicode


ငါလို သူခိုးနတ်ဘုရားက ဘာလို့ ကြိုတင် သတိပေးစာ မပို့ရမှာလဲ။

"ဂုဏ်ယူပါတယ်။ တာအိုဘုန်းကြီး" ရူဟန်ကလည်း မျက်လုံးဖွင့်ပြီး ပြောလိုက်တယ်။

ရူဟန် က သုံးနာရီ လုံးလုံး ကျင့်ကြံတယ် ဆိုပေမဲ့ အများကြီး တိုးတက်မလာခဲ့ပါဘူး။

နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် နည်းစနစ် နဲ့သန့်စင်ထားတဲ့ သန္ဓေအစစ်အမှန်ချီတွေက ရီစင့် ထုတ်လွှတ်လိုက်တဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေ နဲ့တောင်မှ မယှဉ်နိုင်အောင် နည်းပါးနေတယ်။

ရူဟန်က တရားထိုင်ပြီး ကျင့်ကြံတဲ့ အမြန်နှုန်းက တကယ့်ကို အာပလာပါပဲ။ သူက ဂိမ်းခိုးဆော့ပြီးပဲ အဆင့်တက်နေတာပါ။

"ကျေးဇူးပဲ" တာအိုဘုန်းကြီး တိမ်မြူ က ပြုံးလိုက်တယ်။

ြ့ပီးနောက် သူက လက်ကို ဆန့်တန်းပြီ ကဒ်တစ်ခု ပေးလိုက်တယ်။ "သူငယ်ချင်းလေး ဒီကိစ္စတစ်ခုလောက် ကူညီပေးပါလား။ အရူးတောင်ဝါကြီးကို သတိပေးစာ ပို့ပေးပါ"

"ကြိုတင် သတိပေးစာလား" ရူဟန်က ဆွံ့အသွားတယ်။

"ဟုတ်တယ် .. တစ်လခွဲအတွင်း မှာ ငါ ရုပ်ရှင် နဲ့ တီဗွီ စီးရီးတွေ တော်တော်များများ ကြည့်ခဲ့တယ်။ ဒါကြောင့် ရုပ်ရှင်ထဲက ဆန်းကြယ်တဲ့ ထိပ်တန်းသူခိုးတွေ အားလုံးက မခိုးခင်မှာ ကြိုတင် သတိပေးမှုတွေ ပြုလုပ်လေ့ရှိတာကို ငါတွေ့ခဲ့တယ်။ ဒါကို လုံးဝ အံသြစရာ ခံစားမှုကို ရရှိနိုင်တယ်။ဒါကြောင့် ငါက ဒီလိုမျိုး ကျိန်းသေလုပ်ဖို့လိုတယ်။ ဘာကြောင့်လဲ ဆိုတော့ ငါက .. အဟွတ် .. သူခိုး နတ်ဘုရား တစ်ပါးလေ။"

သူက တပြားမရှိ သူခိုးဂိုဏ်းက ပါရမီရှင်လေ။ ရုပ်ရှင်တွေထဲက သူခိုးတွေတောင် လုပ်နိုင်တဲ့ ကိစ္စကို သူဘာလို့ မလုပ်နိုင်ရမှာလဲ။

"စီနီယာ .. ရုပ်ရှင် နဲ့ အပြင် နဲ့ ဆိုတာ မတူဘူးလေ။ ဒါက စိတ်ကူးယဉ် ရိုက်ကူးထားတာတွေပဲ။ မလုပ်ခင် သေချာ စဉ်းစားကြည့်သင့်တယ်" ရူဟန်က သတိပေးလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now