အပိုင်း (၇၆၀)

230 36 2
                                    


#Unicode


အိုး.နိုး.. ဘောလုံးက လိုင်ချီးကို ထိသွားပြီ။

ပြောပြီးတဲ့နောက် ရူဟန်ရဲ့ လက်မောင်းအရောင်က သတ္တုအရောင်အဖြစ်ကို ပြောင်းလဲ သွားတယ်။ ဒါက သံမဏိလက်ကို အသုံးြ့ပု လိုက်တဲ့ သင်္ကေတ ပါပဲ။

တစ်ချိန်တည်းမှာပဲ သူက ဘယ်ဘက်လက်ကို လက်သီးအဖြစ် တင်းတင်းဆုပ်ပြီး မိစ္ဆာဖျက်ဆီးခြင်း ဗုဒ္ဓလက်သီး ကို တိတ်တဆိတ်ပြင်ဆင်ထားတယ်။ ဒီနည်းနစ်စ က အခြေခံဗုဒ္ဓလက်သီးနည်းစနစ် ရဲ့ အဆင့်မြင့် နည်းစနစ် တစ်ခုဖြစ်ပြီး မိစ္ဆာတွေနဲ့ ရင်ဆိုင်တဲ့နေရာမှာ အရမ်းကောင်းမွန်တဲ့ စွမး်ရည်ကို ထုတ်ဖော်နိုင်တယ်။ ရူဟန် က အဆင့်လေး မိစ္ဆာကို တိုက်ခိုက်ပြီး ဒီလက်သီးနည်းစနစ် ရဲ့ စွမ်းအားကို စမ်းသပ်ချင်နေတာပဲ ဖြစ်တယ်။

ဒီအတောအတွင်းမှာတော့ သူ့ရဲ့ညာဘက်လက်က ပြောင်းပြန်အကြေးခွံဓားမော့ နည်းစနစ်ကို ထုတ်ဖော်ြ့ပီးသွားပါပြီ။

"ကောင်းပြီ။ မင်းက ခုခံ။ ငါက တိုက်ခိုက်မယ်" အားရှီှလျှူ က ပျော်ရွှင်စွာ နဲ့ ပြောလိုက်တယ်။

ကြီးမားလှတဲ့ မိစ္ဆာခြင်ကြီးက အရမ်းကို မြန်ဆန်တယ်။ သူ့ရှေ့ကို ပျံသန်းလာချိန်မှာ တည့်တည့်ပျံသန်းမလာပဲ။ Z ပုံစံမျိုး ဘယ်ညာ ၊ အပေါ်အောက် ပျံသန်းလာတယ်။

ကြည့်ရတာ ဒင်းက နည်းဗျုဟာ နဲ့ တိုက်ခိုက်ချင်နေတာလား။

ရူဟန် အတွေးနက်နေတုန်းမှာပဲ ကြီးမားတဲ့ ခြင်ကြီးက ရုတ်တရက် ဆိုသလိုပဲ သူ့မြင်ကွင်းကနေ ပျောက်ကွယ်သွားတယ်။

ကြီးမားတဲ့ခြင်ကြီး က ရုတ်တရက် အရှိန်မြင့်တင်ပြီး ရူဟန်ဘေးကို တည်နေရာ ကူးပြောင်းသလို ရောက်ရှိလာတယ်။ ရုတ်တရက် မြင့်တင်လိုက်တဲ့အရှိန် က မြန်ဆန်လွန်းတာကြောင့် ရူဟန်က တုံ့ပြန်ချိန်တောင် မရပါဘူး။

ခြင်ကြီးက သွားဖြီးလိုက်တယ်။ ပြီးနောက်သူ့ရဲ့ ရှည်လျားထူထဲလှတဲ့ နှုတ်သီးကြီးနဲ့ ရူဟန်ကို ထိုးလိုက်တယ်။ ဒါနဲ့သာ ထိမိရင် ရူဟန်က မျက်စိတမှိတ်အတွင်းမှာပဲ တကိုယ်လုံးမှာ ရှိတဲ့သွေးတွေ စုပ်ယူခြင်းကို ခံရမှာပါ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now