အပိုင်း (၇၅၄)

196 36 0
                                    


#Unicode


တုန်လှုပ်စရာ သတင်း။

ဒီအချိန်မှာ သူဘာလုပ်နိုင်မှာလဲ။ စီနီယာအဖြူနှစ် က သူ့ကို အခွင့်အရေး သုံးကြိမ်ပဲ ပေးခဲ့ပါတယ်။

ကံဆိုးတာက သူ့ရဲ့ ပါရမီ ထဲမှာ ဟာသပြောခြင်း ဆိုတဲ့ စွမ်းရည် စိုးစိမျှ ကို မရှိပါဘူး။

စီနီယာအဖြူနှစ် ပြောချင်တဲ ့ငရဲပြည်က မိစ္ဆာတွေရဲ့ သတင်းနဲ ့ပတ်သက်ပြီး လက်လွှတ် လိုက်ရတော့ မှာလား။

ဒီလို တကယ်တန်းအရေးကြီးတဲ ့သတင်းနဲ့ ပတ်သက်ပြီး သူ ဘာလုပ်ရမလဲ။

ရူဟန် က သူ့ဂုတ်ပိုးကို ပွတ်လိုက်တယ်။ စီနီယာအဖြူနှစ်ကို ပျော်ရွှင်စေဖို့ ဟာသ ပြောခြင်းရလွဲပြီး တခြားအရာ နဲ့ ဆွဲဆောင်လို့ မရတော့ ပါဘူး။

ကံဆိုးတာက စီနီယာ အဖြူနှစ် ဘာကြိုက်တယ်ဆိုတာလဲ သူမသိပါဘူး။ ဟာသ ကြိုက်တယ်ဆိုတာက လွဲရင် တခြားအရာ တွေ သူဘာမှမသိပါဘူး။

နေပါအုန်း။

ရူဟန်က ရုတ်တရက် တစ်စုံတစ်ခုကို သိလိုက်တယ်။ "စီနီယာ အဖြူ .. သတင်း နဲ ့သတင်း လဲကြမလား။ ဥပမာအားဖြင့် မင်းက အပြင်ကမ္ဘာမှာ သိချင်တဲ ့အကြောင်းအရာတွေ ကို မေးလို့ရတယ်။ ပြီးရင် ခုနက အရေးကြီးတဲ ့သတင်းကို ပြန်ပြောပြပေါ့။ ဘယ်လိုလဲ"

နောက်ဆုံးအကြိမ်တုန်းက သူ့အနေနဲ့ ဒီနည်းလမ်းကို အသုံးပြုပြီး စာမေးပွဲမှာ စီနီယာ အဖြူနှစ် ဝင်ကူညီအောင် ပြုလုပ်ခဲ့ပါတယ်။

လေထဲမှာ စီင်္နီယာ အဖြူနှစ် က မေးထောက်ပြီး ထူးမခြားနားသလို ပြောလို်က်တယ် "ဒီအချိန်မှာ ငါဘာသတင်းမှာ မသိချင်ဘူး။ ထပ်ပြောရရင်။ ပေါက်ကရတွေ ပြောနေတာရပ်လိုက်တော့။ ဟာသ က လွဲရင် တခြားဘာမှ မလိုချင်ဘူး။"

ဒီင်္နေ့ စီနီယာအဖြူ နှစ်က ခပ်မာမာပါပဲ။

ခေါင်းကိုက်စရာပဲ။

ရူဟန်က သူ့မျက်ခုံးနှစ်ခုကြားက နေရာကို ပွတ်လိုက်တယ်။

သူက တည်ငြိမ်အောင် ကြိုးစားပြီး စီနီယာ အဖြူနှစ် စိတ်ဝင်စားနိုင်မယ့် အရာကို စဉ်းစားလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now