အပိုင်း (၈၆၂)

163 27 3
                                    


#Unicode


သုံးလ ကြာပြီးနောက် လက်တုံ့ပြန်ခြင်း။

ဗီဒီယို ထဲမှာတော့ လူရာပေါင်းများစွာ တို့က စီနီယာအစ်ကိုကြီး ဂေါင်ရှန် နောက်ကို လိုက်နေပါတယ်။ ဒီမြင်ကွင်း တစ်ခုလုံးက ရှုပ်ထွေး နေတယ်။

"........." ရူဟန်။

အနားပတ်ဝန်းကျင် က လူတွေက သူ့ကို မှတ်မိပြီး လိုက်နေကြတာပါ။ သူတို့က စီနီယာ ထရွင်ဂန်ကို သူ အမှတ်နဲ့ လိုက်နေတာ ဖြစ်တယ်။

ဒါက အတွေးနဲ့တင် စိတ်ကျေနပ်ဖွယ်ရာ ကိစ္စမဟုတ်တာ သေချာပါတယ်။

ရူဟန် ရဲ့ ထူးဆန်းတဲ အမူအရာကို မြင်ပြီးနောက် ကျိရွှမ်းရွယ် က ပြောလိုက်တယ် "ရူဟန် .. ဒီဗီဒီယို ထဲက လူက ဘယ်သူလဲ မင်းသိလား"

ရူဟန်က အံကြိတ်ပြီး ပြောလိုက်တယ် "အင်း.. ငါ့သူငယ်ချင်း တစ်ယောက်ပဲ"

ကျိရွှမ်းရွယ် က ပြောလိုက်တယ် "သူက မင်းနဲ့ တော်တော်တူတယ်"

"သူက မိတ်ကပ်သုံးထားတာလေ။ မိတ်ကပ်လိမ်းလိုက်ရင် ငါအဖြစ် ရုပ်ပြောင်းဖို့ စက္ကန့်အနည်းငယ်လောက်ပဲ သူ့အတွက် ကြာလိမ့်မယ်။" ရူဟန်က ပြောနေရင်းကနေ တစ်ခုသော ကိစ္စကို ပူပန် မိသွားတယ်။ ထရွင်ဂန် က သူ့ရုပ်အဖြစ် ပြောင်းလဲ ပြီးချိန်မှာ ကံကြမ္မာဟောပြောခြင်းကို ပြုလုပ်ခဲ့သေးလား။

စီနီယာ ထရွင်ဂန် က ပေါက်ကရ ဗေဒင်ဆရာပါ။ ဒီတစ်ကြိမ် သူ ဘာတွေ ဟောခဲ့လဲ ဆိုတာကို ဘယ်သူ သိနိုင်မှာလဲ။နောင်ကျရင် စီနီယာ ထရွင်ဂန် ပြုလုပ်ခဲ့တဲ့ အကျိုးဆက်ကို သူက ခံကောင်းခံရနိုင်ပါတယ်။

လိုင်းချီးလို ကလဲ့စားလာချေ သူနဲ့ မတွေ့ဘူးလို့ မပြောနိုင်ပါဘူး။

နေ့လည် ၃ နာရီ။

ဂျိုးဇက် မိသားစု နဲ့ ရူဟန် တို့က ဂျင်နန် တက္ကသိုလ်မြို့ကို ရောက်ရှိလာခဲ့တယ်။

ဂျင်နန် တက္ကသိုလ် ရဲ့ ကျောင်းအပ် လက်ခံမှုက စက်တင်ဘာ တစ်ရက်နေ့မှ သုံးရက်နေ့ထိ ဖြစ်ပါတယ်။ ဒါကြောင့် ရက် အနည်းငယ် လိုသေးတယ်။ ဂျိုးဇက် က သူ့မိသားစု ကို ခေါ်ပြိး ရူဟန် တို့နဲ့ လမ်းခွဲလိုက်တယ်။ သူ့မိသားစု က ဒီရက်ပိုင်းအတွင်း ဂျင်နန် မှာရှိတဲ့ အမျိုးတွေဆီ သွားလည်ဖို့ ပြင်လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now