အပိုင်း (၈၄၁)

173 29 0
                                    

#Unicode

သူငယ်ချင်းလေး ရူဟန် .. ငါမင်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဗီဒီယို တစ်ခု ပြစရာရှိတယ်။
ရူဟန်က အားရှီလျှူ ဆီက အော်ရာဖုံးကွယ်ခြင်း နည်းစနစ် ကို သင်ယူထားခဲ့တာကြောင့် သူ့ရဲ့ နေ့စဉ် ဘဝမှာ အဆင်ပြေချော့မွေ့နေပါတယ်။
တတိယအဆင့်ကို ရောက်ချိန်မှာ အခြေအနေက မဆိုးသေးပါဘူး။ ဒါပေမဲ့ အဆင့်လေးကို ရောက်မယ် ဆိုရင်တော့ ကိုယ်ထဲက အစစ်အမှန် သန္ဓေယန်တွေက သာမာန်လူတွေကို ဖိအားဖြစ်စေပါတယ်။ ဒါကြောင့် ဒီနည်းစနစ်ကို မြန်မြန်တိုးတက်အောင် မလုပ်နိုင်ရင် အဆင့်လေး ရောက်ချိန်မှာ သာမာန်လူတွေ ကြား လမ်းလျှောက်ထွက်ဖို့ ပြဿနာ အနည်းငယ် ရှိလာနိုင်တယ်။
ဒီနေ့မှာတော့ ရူဟန်က သူ့အော်ရာတွေကို ဖုံးကွယ်ထားခဲ့တယ်။ ပြိးတော့ သူအခုသွားနေတာက အိမ်သာလေ။
ဘာပဲဖြစ်ဖြစ် အော်ရာဖုံးကွယ်ခြင်း နည်းလမ်းက မတူညီတဲ့ နည်းလမ်း နှစ်ခု နဲ့ အသုံးပြုလို့ရတယ်။
ပထမ အသုံးပြု ပုံ က - ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအင်ကို ဖျောက်ဖျက်ပြီး သာမာန်လူတစ်ယောက်လို ထင်မှတ်စေတယ်။ ဒီနည်းလမး်က လူတစ်ယောက် အသက်ရှုအောင့်ထားတာ နဲ့ ဆင်တူပြီး အချိန်အကြာကြီး အသုံးပြုလို့ မရပါဘူး။ ဒါပေမဲ့ ဒီနည်းလမ်းက ရန်သူကို အလစ်ဝင်ရောက် တိုက်ခိုက်တဲ့ နေရာမှာ အသုံးဝင်ပါတယ်။
ဒုတိယအသုံးပြုပုံ က - ကျင့်ကြံသူ တစ်ယောက်က သူ့ရဲ့ တကယ့် အားအင်ကို ဖုံးလွှမ်းထားတာမျိုးပါ။ ဒီနည်းလမ်းက လူတစ်ယောက် လမ်းကို ဖြေးဖြေးလျှောက်နေတာ နဲ့ ဆင်တူပါတယ်။ နည်းစနစ်ကို ကောင်းကောင်း အသုံးမပြုနိုင်ဘူး ဆိုရင် အဆင့်တစ်ခု နှစ်ခုလောက် အားနည်းပြီးသာ ပေါ်နိုင်တယ်။
အော်ရာဖုံးကွယ်ခြင်း နည်းလမ်း နှစ်မျိုးလုံးက အကျိုးရှိတာနဲ့ အကျိုးမရှိတာပါ ရောထွေးနေတယ်။
ဒီအချိန်မှာတော့ ရူဟန်က အော်ရာဖုံးကွယ်ခြင်း ပထမနည်းလမ်းကို အသုံးပြုရင်း အလုပ်အရမ်းများနေတာကြောင့် တစ်စုံတစ်ယောက်က သူ့နောက် လိုက်လာတာကို သတိမပြုမိပါဘူး။
မွန်းစတား အမဲလိုက်သူ လူငယ် က သူ့ဖုန်းကို ချိန်ပြိး ခါးကြားက ဂုံနီအိတ်ကို ထုတ်လိုက်တယ်။
ဒီဂုံနီအိတ်က မွန်းစတားတွေကို သတ်ဖြတ်တဲ့ မှော်ရတနာ တစ်ခု မဟုတ်ပါဘူး။ သာမာန်ဂုံနီအိတ်တစ်လုံးပါ။ သူက အရွယ်အစား လျော့ချခြင်း အိတ်တို့၊ သိုလှောင်အိတ်တို့ မရှိတာကြောင့် ရတဲ့ ပစ္စည်းတွေကို သိမ်းဆည်းဖို့ ဂုံနီအိတ်ကို အသုံးပြုရပါတယ်။
လက်ရှိမှာ သူထင်ထားတဲ့အတိုင်းပဲ ဂုံနီအိတ်က အသုံးဝင်လာပါပြီ။
သူ့ပစ်မှတ်ကို ကြည့်လိုက်တော့ သာမာန်လူတစ်ယောက် ဖြစ်နေပါတယ်။
ပြီးနောက် အနားမှာ ဘယ်သူတွေ ရှိလဲ ဆိုတာကို သူ သေချာ ကြည့်လိုက်တယ်။
တကယ့်အခွင့်အရေးကောင်းပါပဲ။ နောင်ကို ဒီလို အခွင့်အရေး ရဖို့ မလွယ်ပါဘူး။
"စီနီယာအစ်ကိုကြီး ဂေါင်ရှန် သေသင့်တယ်" မွန်းစတား အမဲလိုက်သူ လူငယ် က ဖုန်းဘက်လှည့်ပြီး အော်လိုက်တယ်။
ပြီးနောက် သူက စီီနီယာအစ်ကိုကြီး ဂေါင်ရှန် ဆီကို ပြေးဝင်သွားတယ်။
သေးပေါက်ချင်တာကြောင့် အလောတကြီး သွားနေတဲ့ ရူဟန် က သူနောက်ဘက်မှာ တစ်စုံတစ်ခု ထူးဆန်းတာ ဖြစ်ပေါ်လာကြောင်း သတိပြုမိလိုက်တယ်။ ပြီးနောက် သူက စီနီယာအစ်ကိုကြီး ဂေါင်ရှန် သေသင့်တယ် ဆိုတဲ့ ဆောင်ပုဒ် ကိုပါ ကြားလိုက်ရတယ်။
ချီးတဲ့မှ .. ငါမှန်း သိသွားကြပြီလား။
နောက်တော့ ကြီးမားတဲ့ ဂုံနီအိတ်ကြီးက သူ့ဆီ ဦးတည်လာတာကို မြင်လိုက်ရတယ်။ တစ်စုံတစ်ယောက်က သူ့ခေါင်းကို ဂုံနီအိတ် နဲ့ စွပ်ချင် နေတာပါ။.
ဒါတင်မကသေးပါဘူး။ တစ်ဖက်လူရဲ့ အမြန်နှုန်းက အရမ်းကို မြန်ဆန်တယ်။ သာမာန်လူတစ်ယောက် ရဲ့ အမြန်နှုန်း မျိုး မဟုတ်ပါဘူး။
တစ်ဖက်လူက ကျင့်ကြံသူ တစ်ယောက်ပါ။
ဒါပေမဲ့ တစ်ဖက်လူဆီကနေ သတ်ဖြတ်လိုခြင်း အငွေ့အသက်တွေကို သူမခံစားမိပါဘူး။ ထပ်ပြောရရင် ဂုံနီအိတ်ကလည်း သာမာန် ဂုံနီအိတ်တစ်ခုပါ။ ဒီလူက ငါ့ကို စိနီယာအစ်ကိုကြီး ဂေါင်ရှန် မှန်း မှတ်မိလို့ ခေါင်းကို ဂုံနီအိတ်စွပ်ပြီး ရိုက်မလို့ဆုံးဖြတ်လိုက်တာ ဖြစ်မယ်။
ဒီလူက ကျင့်ကြံသူ တစ်ယောက်လေ။ ဒီလို အရာမျိုးကို လုပ်ဖို့ အရမ်းပျင်းနေတာလား။
ဘာပဲဖြစ်ဖြစ် ရူဟန်က ဒီလို ခေါင်းကို ဂုံနီအိတ်စွပ်ပြီး အရိုက်ခံမယ့် သူထဲမှာ မပါပါဘူး။ ပြီးတော့ တစ်ဖက်က ကျင့်ကြံသူ တစ်ယောက် ဖြစ်နေတော့ အားနာစရာ မလိုတော့ပါဘူး။
တစ်ဖက်က ခေါင်းကို ဂုံနီအိတ်တောင် စွပ်မှတော့ ပြန်လည်တိုက်ခိုက်ရင် အပြစ်မဟုတ်တော့ဘူး မလား။
ရူဟန်က ဒီအချိန်မှာ သူ့အော်ရာတွေကို ဖုံးကွယ်ထားတာကြောင့် တစ်ဖက်လူရဲ့ မျက်စိထဲမှာ သာမာန်လူတစ်ယောက် အဖြစ်ပဲ ရှိနေပါတယ်။
လာစမ်း.. သိမ်းဌက်လက်သီးကို ပေးမြည်းလိုက်မယ်။ ရူဟန်က လက်သီးကို ဆုပ်ပြီး စောင့်နေလိုက် တယ်။
တစ်ဖက်လူ နီးကပ်လာရင် အခြေခံဗုဒ္ဓလက်သီး နည်းစနစ် -၂ ကို ထုတ်သုံးပြီး တစ်စက္ကန့်ကို လက်သီးချက် ၃၀၀ ထုတ်ပြိး သင်ခန်းစာ ကောင်းကောင်း ပေးလိုက်မယ် လို့ သူ တွေးထားတယ်။
ဒါကြောင့် သူက ရန်သူရှေ့မှာ သာမာန်လူ တစ်ယောက် အဖြစ် အားနည်းချင်ယောင် ဆောင် ထား လိုက် တယ်။
ဒါပေမဲ့ ရူဟန် ထင်ထားသလိုမျိုး မဟုတ်ဘဲ တစ်ဖက်လူက သူ့ကို ရို်က်နှက်ဖို့ ရည်ရွယ်ချက် ရှိပုံမပေါ်ပါဘူး။ ဂုံနီအိတ်ကို ခေါင်းစွပ်ပြီးတဲ့နောက် အကျယ်ကြီး အော်ရယ်ကာ ထွက်ပြေးသွားပါတယ်။
ရူဟန် က နေရာမှာပဲ ရပ်ပြီး တောင့်တောင့်ကြီး ကျန်ရစ်ခဲ့တယ်။
ဒီခွေးကောင်က ငါ့ကို ဂုံနီအိတ်စွပ်ဖို့ သက်သက် လာသွားတာလား။
ဒါတင်မကသေးဘူး ။ ဒီလူက ကျင့်ကြံသူ တစ်ယောက်ပါ။ ဒီလောက်တောင် လုပ်စရာမရှိဘဲ ပျင်းနေလား။
ရူဟန်က ခေါင်းက ဂုံနီအိတ်ကို ချွတ်လိုက်တော့ သူ့ကို အလစ်ဖမ်းပြီး အိတ်စွပ်သွားတဲ့ သူက ပျောက်ကွယ်သွားပါပြီ။ ဘယ်ရောက်သွားမှန်း မသိလိုက်ပါဘူး။
အစကနေ အဆုံးထိ တစ်ဖက်လူရဲ့ အသွင်အပြင်ကို ကြည့်ဖို့ အခွင့်အရေး မရလိုက်ပါဘူ။ ဂုံနီအိတ်ထဲကနေ တဆင့် ဝေဝေဝါးဝါး သွင်ပြင်ကိုပဲ မြင်လိုက်ရတယ်။
ရူဟန် ရဲ့ နှုတ်ခမ်းထောင့်တွေက တုန်ရီသွားတယ်။ သူက တကိုယ်လုံး တုန်ရီစွာနဲဲ့ ဂုံနီအိတ်ကို ချွတ်လိုက်တယ်။ တုန်ရီနေတာက ဒေါသထွက်လို့ မဟုတ်ပါဘူး။ သေးပေါက်ချင်လို့ပဲ ဖြစ်ပါတယ်။
ရူဟန်က အံကြိတ်ပြီး ပြောလိုက်တယ် "နောက်တစ်ကြိမ် ငါနဲ့ မတွေ့စေနဲ့။ ငါမင်းရဲ့ အော်ရာကို မှတ်ထားတယ်"
ပြီးနောက် သူက ဂုံနီအိတ်ကိစ္စကို မေ့ထားပြီး သေးပေါက်ချင်တဲ့ အဓိက ကိစ္စကို အရင်ရှင်းလိုက်ရပါတယ်။
အားရပါးရ သေးပေါက်ပြီး တဲ့နောက် ရူဟန် က သက်ပြင်းချ လိုက်တယ်။
ပြီးနောက် သူက လက်ဆေးပြီး ဖုန်းကို ဖွင့်ကြည့်လိုက်တယ်။
သူက သူ့ရဲ့ အင်တာနက် သူငယ်ချင်း (စိတ်ကျန်းမာရေးဆေးရုံ ရဲ့ဒါရိုက်တာ) ကို ဆက်သွယ်မလို့ပါ။
တွေ့့ဆုံဖို့ အချ်ိန်၊ နေရာတွေကို သတ်မှတ်ထားလိုက်ချင်လို့ပဲ ဖြစ်တယ်။
အခြားတစ်ဘက်မှာတော့ မွန်းစတား အမဲလိုက်သူ လူငယ် က ပျော်ရွှင်စွာနဲ့ သူဌားရမ်းထားတဲ့ ဟိုတယ်ရဲ့ တတိယအထပ်ရှိ အိမ်သာ ဆီကို ပျော်ရွှင်စွာ ပြေးလာလိုက်တယ်။
သူက အိမ်သာထဲမှာ ဆောင့်ကြောင့် ထိုင်ပြီး ဖုန်းဖွင့်ကာ သူရိုက်ယူထားခဲ့တဲ့ ဗီဒီယို မှတ်တမ်းကို ပြန်ကြည့်လိုက်တယ်။
ပုံရိပ်တွေက တုန်နေတယ် ဆိုပေမဲ့ ကြည့်လို့တော့ ကောင်းမွန်ပါတယ်။
ဗီဒီယို က သူ့အနေနဲ့ စီနီယာအစ်ကိုကြီး ဂေါင်ရှန်ကို စမြင်ချိန်က စတင်ပါတယ်။ ပြီးနောက် သူက စိနီယာအစ်ကိုကြီးဂေါင်ရှန် သေသင့်တယ် ဆိုပြီး တီးတိုးအော်လိုက်တယ်။ ပြီးတော့ ဂုံနီအိတ်ကို ထုတ်လိုက်ပြီး စီနီယာအစ်ကိုကြီး ဂေါင်ရှန့် ခေါင်းကို စွပ်ကာ အမြန်ဆုံး ထွက်ပြေးလာတာပဲ ဖြစ်ပါတယ်။
မွန်းစတား သတ်ဖြတ်သူ လူငယ် က ကင်မရာကို အကောင်းဆုံးရှုထောင့်မှာ ထားထားတာပါ။ ဗီဒီယို ထဲမှာ သူ့နောက်ကျောကိုသာ မြင်နိုင်ပြီး သူ့မျက်နှာရဲ့ လေးပုံ တစ်ပုံလောက်သာ ပေါ်ပါတယ်။
"ဒီဗီဒီယိုကို လိုင်းပေါ်တင်လိုက်ရင် ဝက်ဝက်ကွဲအောင်မြင်မှာပဲ" မွန်းစတား အမဲလိုက်သူ လူငယ်က ကြိတ်ပြီး သဘောကျနေတယ်။
ကမ္ဘာပျက်စစ်ပွဲ ရုပ်ရှင် ရုံတင်ပြီးတဲ့နောက် လူတော်တော်များများက စီနီယာအစ်ကိုကြီး ဂေါင်ရှန်ရဲ့ ခေါင်းကို ဂုံနီအိတ်စွပ်ပြီး ရိုက်နှက်ချင်နေကြပါတယ်။
အခု .. ရေတွက်လို့မရတဲ့ သူတွေရဲ့ ဆန္ဒတွေ အမှန်ဖြစ်ပေါ်လာပါတော့မယ်။
ငါအရင်ဆုံး Wechat မှာ အရင်တင်လိုက်မယ်။ နောက်ဆို အွန်လိုင်းလည်း တင်ရမယ်။ ဒါဆို ကျိန်းသေပေါက် ဒီဗီဒီယို ပေါက်သွားလိမ့်မယ်။ မွန်းစတား အမဲလိုက်သူ လူငယ် က တွေးလိုက်မိတယ်။
သူက ဗီဒီယိုကို wechat မှာ တင်ဖို့ ပြင်လိုက်တယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ သူက တစ်စုံတစ်ခုကို တွေးမိသွားတယ်။
မွန်းစတား အမဲလိုက်သူက ရယ်ပြီး ပြောလိုက်တယ် "မဟုတ်ဘူး။ လုပ်လို့ မဖြစ်ဘူး။ စာအုပ်တောင်မှဖိအား က စီနီယာအစ်ကိုကြီး ဂေါင်ရှန် ရဲ့ ပရိသတ်ပဲ။ ဒါကို မြင်သွားရင် ငါ့ကို သူငယ်ချင်းအဖြစ် ရပ်စဲ သွားနိုင်တယ်။wechat မှာ နောက်မှ တင်ပြီး အွန်လိုင်းမှာ အရင်တင်လိုက်မယ်"
သူက ဗီဒီယို မျှဝေတဲ့ ဝက်ဆိုဒ် တစ်ခုကို ဖွင့်ပြီး ဗီဒီယို ကို တင်လိုက်တယ်။
ဗီဒီယို က တနှိင်ငံလုံး အနှံ့ အောင်မြင်မှာပါ။
"စီနီယာအစ်ကိုကြီး ဂေါင်ရှန်က ပရိသတ်ရှိတယ် ဆိုတာ ငါမယုံနိုင်သလို ဖြစ်နေသေးတယ်။ စာအုပ်တောင်မှ ဖိအားက တော်တော် ထူးဆနး်တဲ့ကောင် ဖြစ်မယ်။" မွနး်စတား အမဲလိုက်သူက ရူဟန် အကြောင်း သုံးသပ်လိုက်တယ်။
ဒီအချိ်န်မှာပဲ သူ့သူငယ်ချင်း စာအုပ်တောင်မှဖိအား က စာပို့လာတယ် "ဒါရိုက်တာ.. မင်းလိုင်းပေါ်မှာ ရှိလား။ အခု ဘယ်မှာလဲ"
မွန်းစတား အမဲလိုက်သူ က ပြန်ပြောလိုက်တယ် "ငါ ဝန်ကျန်းမြို့က ဘေဂျင်းလမ်းနားမှာပဲ။ မင်းကို စောင့်နေတာ"
စာအုပ်တောင်မှ ဖိအား "မြန်လိုက်တာ .. ဟားဟား .. ငါလည်းမနေ့့ကမှ ဝန်ကျန်းကို ပြန်ရောက်တာ။ ဒါဆိုရင် ငါ ပစ္စည်းအနည်းငယ် ဝယ်ပြီး ခဏနေရင် တွေ့ကြတာပေါ့"
မွန်းစတားအမဲလိုက်သူ လူငယ် "ကောင်းပြီ. ငါတို့ ဘယ်အချိန်လောက် ဆုံကြမလဲ"
စာအုပ်တောင်မှ ဖိအား .." နေအုန်း .. ငါမင်းကို စျေးဝယ်ပြီး ရင် ဆက်သွယ်လိုက်မယ်"
မွန်းစတားအမဲလိုက်သူ လူငယ် "ကောင်းပြီ။ ပြဿနာ မရှိဘူး။ ဒီလိုဆိုရင် ငါလျှောက်သွားကြည့်နေလိုက်မယ်"
စာအုပ်တောင်မှ ဖိအား "အရမ်းကောင်းတယ်။ ခဏနေရင် တွေ့မယ်"
နောက်တော့ ရူဟန် က မျက်နှာကို ပွတ်သပ်ပြီး ဖုန်းကို သိမ်းကာ ရီစင့်ကို သွားရှာဖို့ ပြင်လိုက်တယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက် သူ့ကို ဆက်သွယ်လာပါတယ်။
ဒါက ဟိုးအရင်တုန်းကတည်းက ကိုးစီရင်စုမှာ ရှိခဲ့တဲ့ စီနီယာကြီး တစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒီစီနီယာက ဂရုထဲမှာ စာတွေရေးလေ့ရေးထ မရှိပါဘူး။ သူမကတော့ တာလော ဂိုဏ်း က အစစ်အမှန် နတ်ဘုရား မိုးလပဲ ဖြစ်ပါတယ်။ သူမ က ကိုးစီရင်စုရဲ့ အက်မင် တစ်ယောက်လည်း ဖြစ်နေပြန်တယ်။
ရူဟန် က သူမနဲ့ တစ်ခါမှ စကားမပြောဖူးပါဘူး။ သူ့စိုက်ပျိုးရေးဂိမ်းထဲက အသီးအနှံတွေကို လာလာခိုးယူနေတယ် ဆိုတာတော့ သိပါတယ်။
ရူဟန်က ဘာပြောထားတာလဲ ဆိုတာကို ကြည့်ဖို့ နှိပ်လိုက်တယ်။
တာလောဂိုဏ်း ရဲ့က အစစ်အမှန် နတ်ဘုရား မိုးလ "သူငယ်ချင်းလေး ဗိုလ်ကျသူဓားမော့ .. ငါမင်းကို ပြစရာ ဗီဒီယို တစ်ခု ရှိတယ်။"
အောက်မှာတော့ ဗီဒီယို link ကို တွဲပို့လိုက်တယ်။
".........." ရူဟန်။
ဗီဒီယိုမှာ ရေးထားတဲ့ ခေါင်းစဉ်ကို ကြည့်လိုက်တော့ ရူဟန် က အဆင်မပြေသလို ခံစားလိုက်ရတယ်။
ခေါင်းစဉ် (ဒီနေ့ ငါ အကြီးမားဆုံး ဗီလိန်ကြီးနဲ့ တွေ့ဆုံခဲ့တာဖို့ သူ့ကို စနောက်ခဲ့တယ်)
အစစ်အမှန် နတ်ဘုရား မိုးလ ပို့ခဲ့တာ သာ မဟုတ်ရင် သူဒီအရာကို ဖွင့်ကြည့်ဖြစ်မှာ မဟုတ်ပါဘူး။
ပြီးနောက်မှာတော့ ဗီဒီယိုက စလာဖို့ အဝိုင်းလည်နေပါတယ်။
နေပါအုန်း.. ဒီဗီဒီယို ထဲက အိမ်သာ အဝင်ဝကို ရင်းနှီးနေသလိုပဲ။ ချီးတဲ့မှ .. ငါသုံးခဲ့တဲ့ ဟိုတယ်က အိမ်သာ မဟုတ်လား။
ရူဟန်က သွားကို တင်းတင်းစေ့ပြီး Play ဆိုတဲ့ ခလုပ်ကို နှိပ်လိုက်တယ်။
ထင်ထားတဲ့အတိုင်းပဲ ...
ဟုတ်ပါတယ်။ အရာအားလုံးက ထင်ထားတဲ့ အတိုင်းပဲ ဖြစ်လာတာပါ။
"......" ရူဟန်။
ချီးတဲ့မှ ... ဒီကောင်ကတော့ ...။
ဗီဒီယိုကို လိုင်းပေါ်တင်ရလား။
ပြီးတော့ ဗီဒီယို အောက်မှာ ရေးသားထားသေးတယ် [စီနီယာအစ်ကိုကြီး ဂေါင်ရှန် သေသင့်တယ်။ ငါက စီနီယာအစ်ကိုကြီးဂေါင်ရှန်ရဲ့ ခေါင်းကို ဂုံနီအိတ်နဲ့ စွပ်ခဲ့တယ်။]
အပိုင္း (၈၄၁)သူငယ္ခ်င္းေလး ရူဟန္ .. ငါမင္းကို စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဗီဒီယို တစ္ခု ျပစရာရွိတယ္။
ရူဟန္က အားရွီလွ်ဴ ဆီက ေအာ္ရာဖံုးကြယ္ျခင္း နည္းစနစ္ ကို သင္ယူထားခဲ့တာေၾကာင့္ သူ႔ရဲ့ ေန႔စဥ္ ဘဝမွာ အဆင္ေျပေခ်ာ့ေမြ႔ေနပါတယ္။
တတိယအဆင့္ကို ေရာက္ခ်ိန္မွာ အေျခအေနက မဆိုးေသးပါဘူး။ ဒါေပမဲ့ အဆင့္ေလးကို ေရာက္မယ္ ဆိုရင္ေတာ့ ကိုယ္ထဲက အစစ္အမွန္ သေႏၶယန္ေတြက သာမာန္လူေတြကို ဖိအားျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဒီနည္းစနစ္ကို ျမန္ျမန္တိုးတက္ေအာင္ မလုပ္နိုင္ရင္ အဆင့္ေလး ေရာက္ခ်ိန္မွာ သာမာန္လူေတြ ၾကား လမ္းေလွ်ာက္ထြက္ဖို႔ ျပႆနာ အနည္းငယ္ ရွိလာနိုင္တယ္။
ဒီေန႔မွာေတာ့ ရူဟန္က သူ႔ေအာ္ရာေတြကို ဖံုးကြယ္ထားခဲ့တယ္။ ၿပိးေတာ့ သူအခုသြားေနတာက အိမ္သာေလ။
ဘာပဲျဖစ္ျဖစ္ ေအာ္ရာဖံုးကြယ္ျခင္း နည္းလမ္းက မတူညီတဲ့ နည္းလမ္း ႏွစ္ခု နဲ႔ အသံုးျပဳလို႔ရတယ္။
ပထမ အသံုးျပဳ ပံု က - က်င့္ႀကံသူတစ္ေယာက္ရဲ့ စြမ္းအင္ကို ေဖ်ာက္ဖ်က္ၿပီး သာမာန္လူတစ္ေယာက္လို ထင္မွတ္ေစတယ္။ ဒီနည္းလမး္က လူတစ္ေယာက္ အသက္ရႈေအာင့္ထားတာ နဲ႔ ဆင္တူၿပီး အခ်ိန္အၾကာႀကီး အသံုးျပဳလို႔ မရပါဘူး။ ဒါေပမဲ့ ဒီနည္းလမ္းက ရန္သူကို အလစ္ဝင္ေရာက္ တိုက္ခိုက္တဲ့ ေနရာမွာ အသံုးဝင္ပါတယ္။
ဒုတိယအသံုးျပဳပံု က - က်င့္ႀကံသူ တစ္ေယာက္က သူ႕ရဲ့ တကယ့္ အားအင္ကုိ ဖံုးလႊမ္းထားတာမ်ိဳးပါ။ ဒီနည္းလမ္းက လူတစ္ေယာက္ လမ္းကို ေျဖးေျဖးေလွ်ာက္ေနတာ နဲ႔ ဆင္တူပါတယ္။ နည္းစနစ္ကို ေကာင္းေကာင္း အသံုးမျပဳႏိုင္ဘူး ဆိုရင္ အဆင့္တစ္ခု ႏွစ္ခုေလာက္ အားနည္းၿပီးသာ ေပၚႏိုင္တယ္။
ေအာ္ရာဖံုးကြယ္ျခင္း နည္းလမ္း ႏွစ္မ်ိဳးလံုးက အက်ိဳးရွိတာနဲ႔ အက်ိဳးမရွိတာပါ ေရာေထြးေနတယ္။
ဒီအခ်ိန္မွာေတာ့ ရူဟန္က ေအာ္ရာဖံုးကြယ္ျခင္း ပထမနည္းလမ္းကို အသံုးျပဳရင္း အလုပ္အရမ္းမ်ားေနတာေၾကာင့္ တစ္စံုတစ္ေယာက္က သူ႔ေနာက္ လိုက္လာတာကို သတိမျပဳမိပါဘူး။
မြန္းစတား အမဲလိုက္သူ လူငယ္ က သူ႔ဖုန္းကို ခ်ိန္ၿပိး ခါးၾကားက ဂံုနီအိတ္ကို ထုတ္လိုက္တယ္။
ဒီဂံုနီအိတ္က မြန္းစတားေတြကို သတ္ျဖတ္တဲ့ ေမွာ္ရတနာ တစ္ခု မဟုတ္ပါဘူး။ သာမာန္ဂံုနီအိတ္တစ္လံုးပါ။ သူက အရြယ္အစား ေလ်ာ့ခ်ျခင္း အိတ္တို႔၊ သိုေလွာင္အိတ္တို႔ မရွိတာေၾကာင့္ ရတဲ့ ပစၥည္းေတြကို သိမ္းဆည္းဖို႔ ဂံုနီအိတ္ကို အသံုးျပဳရပါတယ္။
လက္ရွိမွာ သူထင္ထားတဲ့အတိုင္းပဲ ဂံုနီအိတ္က အသံုးဝင္လာပါၿပီ။
သူ႔ပစ္မွတ္ကို ၾကည့္လိုက္ေတာ့ သာမာန္လူတစ္ေယာက္ ျဖစ္ေနပါတယ္။
ၿပီးေနာက္ အနားမွာ ဘယ္သူေတြ ရွိလဲ ဆိုတာကို သူ ေသခ်ာ ၾကည့္လိုက္တယ္။
တကယ့္အခြင့္အေရးေကာင္းပါပဲ။ ေနာင္ကို ဒီလို အခြင့္အေရး ရဖို႔ မလြယ္ပါဘူး။
"စီနီယာအစ္ကိုႀကီး ေဂါင္ရွန္ ေသသင့္တယ္" မြန္းစတား အမဲလိုက္သူ လူငယ္ က ဖုန္းဘက္လွည့္ၿပီး ေအာ္လိုက္တယ္။
ၿပီးေနာက္ သူက စီီနီယာအစ္ကိုႀကီး ေဂါင္ရွန္ ဆီကို ေျပးဝင္သြားတယ္။
ေသးေပါက္ခ်င္တာေၾကာင့္ အေလာတႀကီး သြားေနတဲ့ ရူဟန္ က သူေနာက္ဘက္မွာ တစ္စံုတစ္ခု ထူးဆန္းတာ ျဖစ္ေပၚလာေၾကာင္း သတိျပဳမိလိုက္တယ္။ ၿပီးေနာက္ သူက စီနီယာအစ္ကိုႀကီး ေဂါင္ရွန္ ေသသင့္တယ္ ဆိုတဲ့ ေဆာင္ပုဒ္ ကိုပါ ၾကားလိုက္ရတယ္။
ခ်ီးတဲ့မွ .. ငါမွန္း သိသြားၾကၿပီလား။
ေနာက္ေတာ့ ႀကီးမားတဲ့ ဂံုနီအိတ္ႀကီးက သူ႔ဆီ ဦးတည္လာတာကို ျမင္လိုက္ရတယ္။ တစ္စံုတစ္ေယာက္က သူ႔ေခါင္းကို ဂံုနီအိတ္ န႔ဲ စြပ္ခ်င္ ေနတာပါ။.
ဒါတင္မကေသးပါဘူး။ တစ္ဖက္လူရဲ့ အျမန္ႏွဳန္းက အရမ္းကို ျမန္ဆန္တယ္။ သာမာန္လူတစ္ေယာက္ ရဲ့ အျမန္ႏွဳန္း မ်ိဳး မဟုတ္ပါဘူး။
တစ္ဖက္လူက က်င့္ႀကံသူ တစ္ေယာက္ပါ။
ဒါေပမဲ့ တစ္ဖက္လူဆီကေန သတ္ျဖတ္လိုျခင္း အေငြ႔အသက္ေတြကို သူမခံစားမိပါဘူး။ ထပ္ေျပာရရင္ ဂံုနီအိတ္ကလည္း သာမာန္ ဂံုနီအိတ္တစ္ခုပါ။ ဒီလူက ငါ့ကို စိနီယာအစ္ကိုႀကီး ေဂါင္ရွန္ မွန္း မွတ္မိလို႔ ေခါင္းကို ဂံုနီအိတ္စြပ္ၿပီး ရိုက္မလို႔ဆံုးျဖတ္လိုက္တာ ျဖစ္မယ္။
ဒီလူက က်င့္ႀကံသူ တစ္ေယာက္ေလ။ ဒီလို အရာမ်ိဳးကို လုပ္ဖုိ႔ အရမ္းပ်င္းေနတာလား။
ဘာပဲျဖစ္ျဖစ္ ရူဟန္က ဒီလို ေခါင္းကို ဂံုနီအိတ္စြပ္ၿပီး အရိုက္ခံမယ့္ သူထဲမွာ မပါပါဘူး။ ၿပီးေတာ့ တစ္ဖက္က က်င့္ႀကံသူ တစ္ေယာက္ ျဖစ္ေနေတာ့ အားနာစရာ မလိုေတာ့ပါဘူး။
တစ္ဖက္က ေခါင္းကို ဂံုနီအိတ္ေတာင္ စြပ္မွေတာ့ ျပန္လည္တိုက္ခိုက္ရင္ အျပစ္မဟုတ္ေတာ့ဘူး မလား။
ရူဟန္က ဒီအခ်ိန္မွာ သူ႔ေအာ္ရာေတြကို ဖံုးကြယ္ထားတာေၾကာင့္ တစ္ဖက္လူရဲ့ မ်က္စိထဲမွာ သာမာန္လူတစ္ေယာက္ အျဖစ္ပဲ ရွိေနပါတယ္။
လာစမ္း.. သိမ္းဌက္လက္သီးကို ေပးျမည္းလိုက္မယ္။ ရူဟန္က လက္သီးကို ဆုပ္ၿပီး ေစာင့္ေနလိုက္ တယ္။
တစ္ဖက္လူ နီးကပ္လာရင္ အေျခခံဗုဒၶလက္သီး နည္းစနစ္ -၂ ကို ထုတ္သံုးၿပီး တစ္စကၠန္႔ကို လက္သီးခ်က္ ၃၀၀ ထုတ္ၿပိး သင္ခန္းစာ ေကာင္းေကာင္း ေပးလိုက္မယ္ လို႔ သူ ေတြးထားတယ္။
ဒါေၾကာင့္ သူက ရန္သူေရွ႕မွာ သာမာန္လူ တစ္ေယာက္ အျဖစ္ အားနည္းခ်င္ေယာင္ ေဆာင္ ထား လိုက္ တယ္။
ဒါေပမဲ့ ရူဟန္ ထင္ထားသလိုမ်ိဳး မဟုတ္ဘဲ တစ္ဖက္လူက သူ႔ကို ရို္က္ႏွက္ဖုိ႔ ရည္ရြယ္ခ်က္ ရွိပံုမေပၚပါဘူး။ ဂံုနီအိတ္ကို ေခါင္းစြပ္ၿပီးတဲ့ေနာက္ အက်ယ္ႀကီး ေအာ္ရယ္ကာ ထြက္ေျပးသြားပါတယ္။
ရူဟန္ က ေနရာမွာပဲ ရပ္ၿပီး ေတာင့္ေတာင့္ႀကီး က်န္ရစ္ခဲ့တယ္။
ဒီေခြးေကာင္က ငါ့ကို ဂံုနီအိတ္စြပ္ဖို႔ သက္သက္ လာသြားတာလား။
ဒါတင္မကေသးဘူး ။ ဒီလူက က်င့္ႀကံသူ တစ္ေယာက္ပါ။ ဒီေလာက္ေတာင္ လုပ္စရာမရွိဘဲ ပ်င္းေနလား။
ရူဟန္က ေခါင္းက ဂံုနီအိတ္ကို ခၽြတ္လိုက္ေတာ့ သူ႔ကို အလစ္ဖမ္းၿပီး အိတ္စြပ္သြားတဲ့ သူက ေပ်ာက္ကြယ္သြားပါၿပီ။ ဘယ္ေရာက္သြားမွန္း မသိလိုက္ပါဘူး။
အစကေန အဆံုးထိ တစ္ဖက္လူရဲ့ အသြင္အျပင္ကုိ ၾကည့္ဖုိ႔ အခြင့္အေရး မရလိုက္ပါဘူ။ ဂံုနီအိတ္ထဲကေန တဆင့္ ေဝေဝဝါးဝါး သြင္ျပင္ကိုပဲ ျမင္လိုက္ရတယ္။
ရူဟန္ ရဲ့ ႏွဳတ္ခမ္းေထာင့္ေတြက တုန္ရီသြားတယ္။ သူက တကိုယ္လံုး တုန္ရီစြာနဲဲ႔ ဂံုနီအိတ္ကို ခၽြတ္လိုက္တယ္။ တုန္ရီေနတာက ေဒါသထြက္လို႔ မဟုတ္ပါဘူး။ ေသးေပါက္ခ်င္လို႔ပဲ ျဖစ္ပါတယ္။
ရူဟန္က အံႀကိတ္ၿပီး ေျပာလိုက္တယ္ "ေနာက္တစ္ႀကိမ္ ငါနဲ႔ မေတြ႔ေစနဲ႔။ ငါမင္းရဲ့ ေအာ္ရာကို မွတ္ထားတယ္"
ၿပီးေနာက္ သူက ဂံုနီအိတ္ကိစၥကို ေမ့ထားၿပီး ေသးေပါက္ခ်င္တဲ့ အဓိက ကိစၥကို အရင္ရွင္းလိုက္ရပါတယ္။
အားရပါးရ ေသးေပါက္ၿပီး တဲ့ေနာက္ ရူဟန္ က သက္ျပင္းခ် လိုက္တယ္။
ၿပီးေနာက္ သူက လက္ေဆးၿပီး ဖုန္းကို ဖြင့္ၾကည့္လိုက္တယ္။
သူက သူ႔ရဲ့ အင္တာနက္ သူငယ္ခ်င္း (စိတ္က်န္းမာေရးေဆးရံု ရဲ့ဒါရိုက္တာ) ကို ဆက္သြယ္မလို႔ပါ။
ေတြ႕႔ဆံုဖို႔ အခ်္ိန္၊ ေနရာေတြကို သတ္မွတ္ထားလိုက္ခ်င္လို႔ပဲ ျဖစ္တယ္။
အျခားတစ္ဘက္မွာေတာ့ မြန္းစတား အမဲလိုက္သူ လူငယ္ က ေပ်ာ္ရႊင္စြာနဲ႔ သူဌားရမ္းထားတဲ့ ဟိုတယ္ရဲ့ တတိယအထပ္ရွိ အိမ္သာ ဆီကို ေပ်ာ္ရႊင္စြာ ေျပးလာလိုက္တယ္။
သူက အိမ္သာထဲမွာ ေဆာင့္ေၾကာင့္ ထိုင္ၿပီး ဖုန္းဖြင့္ကာ သူရိုက္ယူထားခဲ့တဲ့ ဗီဒီယို မွတ္တမ္းကို ျပန္ၾကည့္လိုက္တယ္။
ပုံရိပ္ေတြက တုန္ေနတယ္ ဆိုေပမဲ့ ၾကည့္လို႔ေတာ့ ေကာင္းမြန္ပါတယ္။
ဗီဒီယို က သူ႔အေနနဲ႔ စီနီယာအစ္ကိုႀကီး ေဂါင္ရွန္ကို စျမင္ခ်ိန္က စတင္ပါတယ္။ ၿပီးေနာက္ သူက စိနီယာအစ္ကိုႀကီးေဂါင္ရွန္ ေသသင့္တယ္ ဆိုၿပီး တီးတိုးေအာ္လိုက္တယ္။ ၿပီးေတာ့ ဂံုနီအိတ္ကို ထုတ္လိုက္ၿပီး စီနီယာအစ္ကိုႀကီး ေဂါင္ရွန္႔ ေခါင္းကို စြပ္ကာ အျမန္ဆုံး ထြက္ေျပးလာတာပဲ ျဖစ္ပါတယ္။
မြန္းစတား သတ္ျဖတ္သူ လူငယ္ က ကင္မရာကို အေကာင္းဆံုးရႈေထာင့္မွာ ထားထားတာပါ။ ဗီဒီယို ထဲမွာ သူ႔ေနာက္ေက်ာကိုသာ ျမင္ႏိုင္ၿပီး သူ႔မ်က္ႏွာရဲ့ ေလးပံု တစ္ပံုေလာက္သာ ေပၚပါတယ္။
"ဒီဗီဒီယိုကို လိုင္းေပၚတင္လိုက္ရင္ ဝက္ဝက္ကြဲေအာင္ျမင္မွာပဲ" မြန္းစတား အမဲလိုက္သူ လူငယ္က ႀကိတ္ၿပီး သေဘာက်ေနတယ္။
ကမၻာပ်က္စစ္ပြဲ ရုပ္ရွင္ ရံုတင္ၿပီးတဲ့ေနာက္ လူေတာ္ေတာ္မ်ားမ်ားက စီနီယာအစ္ကိုႀကီး ေဂါင္ရွန္ရဲ့ ေခါင္းကို ဂံုနီအိတ္စြပ္ၿပီး ရိုက္ႏွက္ခ်င္ေနၾကပါတယ္။
အခု .. ေရတြက္လို႔မရတဲ့ သူေတြရဲ့ ဆႏၵေတြ အမွန္ျဖစ္ေပၚလာပါေတာ့မယ္။
ငါအရင္ဆံုး Wechat မွာ အရင္တင္လိုက္မယ္။ ေနာက္ဆို အြန္လိုင္းလည္း တင္ရမယ္။ ဒါဆို က်ိန္းေသေပါက္ ဒီဗီဒီယို ေပါက္သြားလိမ့္မယ္။ မြန္းစတား အမဲလိုက္သူ လူငယ္ က ေတြးလိုက္မိတယ္။
သူက ဗီဒီယိုကို wechat မွာ တင္ဖို႔ ျပင္လိုက္တယ္။
ဒါေပမဲ့ ဒီအခ်ိန္မွာပဲ သူက တစ္စံုတစ္ခုကို ေတြးမိသြားတယ္။
မြန္းစတား အမဲလိုက္သူက ရယ္ၿပီး ေျပာလိုက္တယ္ "မဟုတ္ဘူး။ လုပ္လုိ႔ မျဖစ္ဘူး။ စာအုပ္ေတာင္မွဖိအား က စီနီယာအစ္ကိုႀကီး ေဂါင္ရွန္ ရဲ့ ပရိသတ္ပဲ။ ဒါကို ျမင္သြားရင္ ငါ့ကို သူငယ္ခ်င္းအျဖစ္ ရပ္စဲ သြားႏုိင္တယ္။wechat မွာ ေနာက္မွ တင္ၿပီး အြန္လိုင္းမွာ အရင္တင္လိုက္မယ္"
သူက ဗီဒီယို မွ်ေဝတဲ့ ဝက္ဆိုဒ္ တစ္ခုကို ဖြင့္ၿပီး ဗီဒီယို ကို တင္လိုက္တယ္။
ဗီဒီယို က တႏွိင္ငံလံုး အႏွံ႔ ေအာင္ျမင္မွာပါ။
"စီနီယာအစ္ကိုႀကီး ေဂါင္ရွန္က ပရိသတ္ရွိတယ္ ဆိုတာ ငါမယံုနိုင္သလို ျဖစ္ေနေသးတယ္။ စာအုပ္ေတာင္မွ ဖိအားက ေတာ္ေတာ္ ထူးဆနး္တဲ့ေကာင္ ျဖစ္မယ္။" မြနး္စတား အမဲလိုက္သူက ရူဟန္ အေၾကာင္း သံုးသပ္လိုက္တယ္။
ဒီအခ်ိ္န္မွာပဲ သူ႔သူငယ္ခ်င္း စာအုပ္ေတာင္မွဖိအား က စာပို႔လာတယ္ "ဒါရိုက္တာ.. မင္းလိုင္းေပၚမွာ ရွိလား။ အခု ဘယ္မွာလဲ"
မြန္းစတား အမဲလိုက္သူ က ျပန္ေျပာလုိက္တယ္ "ငါ ဝန္က်န္းၿမိဳ႕က ေဘဂ်င္းလမ္းနားမွာပဲ။ မင္းကို ေစာင့္ေနတာ"
စာအုပ္ေတာင္မွ ဖိအား "ျမန္လိုက္တာ .. ဟားဟား .. ငါလည္းမေန႕႔ကမွ ဝန္က်န္းကို ျပန္ေရာက္တာ။ ဒါဆိုရင္ ငါ ပစၥည္းအနည္းငယ္ ဝယ္ၿပီး ခဏေနရင္ ေတြ႔ၾကတာေပါ့"
မြန္းစတားအမဲလိုက္သူ လူငယ္ "ေကာင္းၿပီ. ငါတို႔ ဘယ္အခ်ိန္ေလာက္ ဆံုၾကမလဲ"
စာအုပ္ေတာင္မွ ဖိအား .." ေနအုန္း .. ငါမင္းကို ေစ်းဝယ္ၿပီး ရင္ ဆက္သြယ္လိုက္မယ္"
မြန္းစတားအမဲလိုက္သူ လူငယ္ "ေကာင္းၿပီ။ ျပႆနာ မရွိဘူး။ ဒီလိုဆိုရင္ ငါေလွ်ာက္သြားၾကည့္ေနလိုက္မယ္"
စာအုပ္ေတာင္မွ ဖိအား "အရမ္းေကာင္းတယ္။ ခဏေနရင္ ေတြ႔မယ္"
ေနာက္ေတာ့ ရူဟန္ က မ်က္ႏွာကို ပြတ္သပ္ၿပီး ဖုန္းကို သိမ္းကာ ရီစင့္ကို သြားရွာဖို႔ ျပင္လိုက္တယ္။
ဒါေပမဲ့ ဒီအခ်ိန္မွာပဲ သူငယ္ခ်င္းတစ္ေယာက္ သူ႔ကို ဆက္သြယ္လာပါတယ္။
ဒါက ဟိုးအရင္တုန္းကတည္းက ကိုးစီရင္စုမွာ ရွိခဲ့တဲ့ စီနီယာႀကီး တစ္ေယာက္ပဲ ျဖစ္ပါတယ္။
ဒီစီနီယာက ဂရုထဲမွာ စာေတြေရးေလ့ေရးထ မရွိပါဘူး။ သူမကေတာ့ တာေလာ ဂိုဏ္း က အစစ္အမွန္ နတ္ဘုရား မိုးလပဲ ျဖစ္ပါတယ္။ သူမ က ကိုးစီရင္စုရဲ့ အက္မင္ တစ္ေယာက္လည္း ျဖစ္ေနျပန္တယ္။
ရူဟန္ က သူမနဲ႔ တစ္ခါမွ စကားမေျပာဖူးပါဘူး။ သူ႔စိုက္ပ်ိဳးေရးဂိမ္းထဲက အသီးအႏွံေတြကို လာလာခိုးယူေနတယ္ ဆိုတာေတာ့ သိပါတယ္။
ရူဟန္က ဘာေျပာထားတာလဲ ဆိုတာကို ၾကည့္ဖို႔ ႏွိပ္လိုက္တယ္။
တာေလာဂိုဏ္း ရဲ့က အစစ္အမွန္ နတ္ဘုရား မိုးလ "သူငယ္ခ်င္းေလး ဗိုလ္က်သူဓားေမာ့ .. ငါမင္းကို ျပစရာ ဗီဒီယို တစ္ခု ရွိတယ္။"
ေအာက္မွာေတာ့ ဗီဒီယို link ကို တြဲပို႔လိုက္တယ္။
".........." ရူဟန္။
ဗီဒီယိုမွာ ေရးထားတဲ့ ေခါင္းစဥ္ကို ၾကည့္လိုက္ေတာ့ ရူဟန္ က အဆင္မေျပသလို ခံစားလိုက္ရတယ္။
ေခါင္းစဥ္ (ဒီေန႔ ငါ အႀကီးမားဆံုး ဗီလိန္ႀကီးနဲ႔ ေတြ႔ဆံုခဲ့တာဖို႔ သူ႔ကို စေနာက္ခဲ့တယ္)
အစစ္အမွန္ နတ္ဘုရား မိုးလ ပို႔ခဲ့တာ သာ မဟုတ္ရင္ သူဒီအရာကို ဖြင့္ၾကည့္ျဖစ္မွာ မဟုတ္ပါဘူး။
ၿပီးေနာက္မွာေတာ့ ဗီဒီယိုက စလာဖို႔ အဝိုင္းလည္ေနပါတယ္။
ေနပါအုန္း.. ဒီဗီဒီယို ထဲက အိမ္သာ အဝင္ဝကို ရင္းႏွီးေနသလိုပဲ။ ခ်ီးတဲ့မွ .. ငါသံုးခဲ့တဲ့ ဟိုတယ္က အိမ္သာ မဟုတ္လား။
ရူဟန္က သြားကို တင္းတင္းေစ့ၿပီး Play ဆိုတဲ့ ခလုပ္ကို ႏွိပ္လိုက္တယ္။
ထင္ထားတဲ့အတိုင္းပဲ ...
ဟုတ္ပါတယ္။ အရာအားလုံးက ထင္ထားတဲ့ အတိုင္းပဲ ျဖစ္လာတာပါ။
"......" ရူဟန္။
ခ်ီးတဲ့မွ ... ဒီေကာင္ကေတာ့ ...။
ဗီဒီယိုကို လိုင္းေပၚတင္ရလား။
ၿပီးေတာ့ ဗီဒီယို ေအာက္မွာ ေရးသားထားေသးတယ္ [စီနီယာအစ္ကိုႀကီး ေဂါင္ရွန္ ေသသင့္တယ္။ ငါက စီနီယာအစ္ကိုႀကီးေဂါင္ရွန္ရဲ့ ေခါင္းကို ဂံုနီအိတ္နဲ႔ စြပ္ခဲ့တယ္။]

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now