အပိုင်း (၈၀၈)

144 31 0
                                    


#Unicode


ပထမပိုင်း ခန့်မှန်းတာတော ့မှန်တယ်။ နောက်ပိုင်းကတော့ ... ။

"စွမ်းအားမြင့် တိုက်ခိုက်မှု အောက်မှာတော့ တဖက်လူက ပြာအဖြစ် ပြောင်းလဲရင် ပြောင်းလဲ သွားနိုင်ပါတယ်။ ဒါပေမဲ့ နားမလည်နိုင်စရာ တစ်ခု ရှိနေပါသေးတယ်။ တစ်ဖက် လူက ဘာကြောင့် ပြန်လည် မတိုက်ခိုက် တာလဲ။" ရူဟန် ပြောလိုက်တယ်။

ပြောနေတုန်းမှာပဲ ရူဟန်က ပတ်ဝန်းကျင်ကို သတိမပြတ်စေဘဲ သေချာအကဲခတ်နေတယ်။

လက်ရှိအချိန်မှာ သူ့ကံက တော်တော်ကြီး ဆိုးနေပါတယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် အမြဲတန်း အဆိုးဆုံး အတွက် ပြင်ဆင်ထားဖို့ လိုနေပါတယ်။

ဒီတစ်ကြိမ်မှာတော့ ကြီးမြတ်တဲ့အဖြူ ရဲ့ တိုက်ခိုက်မှုကို ခံယူလိုက်ခြင်းက အကန့်အသတ်မဲ့ နတ်ဆိုး ဂိုဏ်း ရဲ့ ကြီးမြတ်သူ ဆီမှာ ဘယ်လိုလှည့်ကွက် တွေ ရှိနေမလဲ ဆိုတာကို သူ စဉ်းစားနေတယ်။

ဒီလူက အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လိုမျိုး အမှောင်ထဲမှာ ပုန်းနေပြီး ရုတ်တရက် တိုက်ခိုက်မှုကို ပြုလုပ်ဖို့ အခွင့်အရေးကို စောင့်နေတာလား။

တကယ်တော့ ရူဟန် ခန့်မှန်းတဲ ပထမပိုင်းက မှန်ပါတယ်။ နောက်ပိုင်းကတော မမှန်ပါဘူး။

အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်း ရဲ့ ကြီးမြတ်သူ တစ်ယောက်ဖြစ်တဲ့ မိစ္ဆာကြီးမြတ်သူ လုချန်လမ်း က ကြီးမြတ်တဲ့အဖြူ ရဲ့ကြောက်စရာ တိုက်ခိုက်မှု အောက်မှာ အသက်ရှင် နှိင်မယ့် နည်းလမ်းတွေ ရှိနေခဲ့ပါတယ်။.

ပြီးတော့ လုချန်လမ်း က ကြီးမြတ်သူ အဆင့်မှာ ဂျိုးကပ်နေတဲ့ ဝါရင့် ကျင့်ကြံသူကြီး တစ်ယောက် ပဲ ဖြစ်ပါတယ်။ ကြိးမြတ်သူ အဆင့်မှာ အသက်အကြီးဆုံးတွေထဲက တစ်ယောက် အဖြစ် ပါဝင်နေပါတယ်။ သူ့ဆီမှာ လျှို့ဝှက် နည်းစနစ်၊ လျှို့ဝှက်ရတနာ၊လျှို့ဝှက်ဆေး တွေ တော်တော်များများ ရှိနေပါတယ်။ ဒါကြောင့် ကြီးမြတ်တဲ့အဖြူ ရဲ့ တိုက်ခိုက်မှု မှာ အသက်ရှင် ကျန်ခဲ့တာ အံသြစရာတော့ မဟုတ်ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now