အပိုင်း (၇၇၇)

163 37 0
                                    


#Unicode


အစစ်အမှန် နတ်ဘုရား ထာဝရမီး ရဲ့ အလိုလို သိမြင်ခြင်း။

အစစ်အမှန် နတ်ဘုရား ထာဝရမီးရဲ ့စကားကို ကြားပြီးတဲ့နောက် ရူဟန်က သူ့ခြေထောက်တစ်ခုလုံး အားပြတ်သလို ခံစားလိုက်ရတယ်။ စီနီယာ ထာဝမီးက ကြီးမြတ်တဲ့ အဖြူကို အမြန်ဆုံးနှုန်း နဲ့ ပျံသန်းခိုင်းနေတာလား။

စီနီယာ လှိုင်းသုံးခု တောင်မှ ဒီလိုမျိုး သေလမ်းမရှာပါဘူး။

ဒါကြောင့်ရူဟန် က မြန်မြန်ပြောလိုက်တယ် "စီနီယာ ထာဝရမီး .. စိတ်မလောနဲ့။ စီနီယာ beep beep beep သင်ပေးလိုက်တဲ့ နည်းလမ်းက သင်ယူရ မခက်ခဲဘူး။ မင်းကို ငါတစ်ကြိမ်တည်း ပြသလို့ ရတယ်။ မင်းချက်ချင်း တတ်သွားလိမ့်မယ်။ မင်းဒီနည်းလမ်းကို တတ်သွားပြီဆိုရင် ငါ့ကို ခေါ်သွားဖို့ မလိုအပ်တော့ဘူး။"

ပြောနေုတုန်းမှာပဲ သူက ကြီးမြတ်တဲ့ အဖြူ ကို ကြည့်လိုက်တယ်။

သူဘာမြင်ခဲ့တာလဲ။ ကြီးမြတ်တဲ့ အဖြူ က လေထဲက ဓားပျံပေါ်မှာ စိတ်သဘောကျမှု အပြည့်နဲ့ ပြုံးရွှင်စွာ ရှိနေတာပါ။

သူက အမြန်ဆုံးနှုန်း နဲ့ ပျံသန်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကြီးမြတ်တဲ့အဖြူ နဲ့ သူ စဆုံတွေ့ကတည်းက ခုချိန်ထိ ဒီလို စိတ်လွတ်ကိုယ်လွတ် မောင်းမယ် ဆိုတဲ့ အမူအရာမျိုး မမြင်ဖူးပါဘူး။ ပြောရမယ် ဆိုရင် ဒီတစ်ကြိမ်မှာ စံချိန်တင် အမြန်နှုန်း နဲ့ မောင်းမှာ သေချာပါတယ်။ ဒါက ရူဟန် ခံနိုင်ရည် ရှိလောက်မယ့် အရာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် စီနီယာ အဖြူ ရဲ့ မျက်နှာပေါ်က အပြံုးကို မြင်တော့ သူရဲ့ အမြင့်ကြောက် ရောဂါက ပြန်ထ လာခဲ့တယ်။

"အချိ်န်မရှိဘူး၊ ဓားပျံပေါ်ကို မြန်မြန်တက်" ထာဝရမီး က ရူဟန်ကို အိမ်ထဲကနေ အတင်းဆွဲခေါ်လိုက်တယ်။ ရူဟန်က တတိယအဆင့် ကျင့်ကြံသူလေး တစ်ယောက်ပါ။ သူ့မှာ ဘယ်လိုလုပ် အစစ်အမှန် နတ်ဘုရာုး တစ်ယောက်ကို ရုန်းဖို့ အားအင်ရှိမှာလဲ။ ဒါကြောင့် နောက်ဆုံးမှာတော့ ကြီးမြတ်တဲ့ အဖြူရဲ့ ဓားပျံပေါ်ကို ရောက်ရှိသွားတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now