အပိုင်း (၇၆၆)

157 36 0
                                    


#Unicode


ဒင် ... မင်းက နတ်ဘုရားလက်နက် တစ်ခုကို ရရှိပါပြီ။

"......" ရူဟန်။

ဒီလိုမျိုး တိုက်ဆိုင်တာမျိုး ရှိလား။ အခုတင် သူက စီနီယာအဖြူ နှစ်ရဲ့နာမည်ကို အော်ခေါ်လိုက်တယ်။ ကြီးမြတ်တဲ ့အဖြူ က ရုတ်တရက် ရောက်လာပြီး ခေါ်သံကိုကြားသွားတယ်။

အမ်..နေအုန်း။ ကြည့်ရတာ ဒီတိုက်ပွဲပြိုင်ကွင်းထဲမှာ ဆိုရင် စီနီယာအဖြူ နှစ်ရဲ့ နာမည်ကို ပြောလို့ရပုံပေါ်တယ်။ ဒါဆိုရင် ဒီမှာ ရှိတုန်း စီနီယာအဖြူကို စီနီယာအဖြူနှစ် အကြောင်းပြောပြလို့ ရတယ်လို့ ဆိုလိုတာ မဟုတ်လား။

ရူဟန်က ခြေချိတ်ထိုင်ပြီး ကြယ်ပျံဓားကို ပြောလိုက်တယ် "စီနီယာအဖြူ .. ငါခုန တုန်းက ပြောတဲ့သူက မင်းမဟုတ်ဘူး။"

"အမ်" ကြီးမြတ်တဲ့အဖြူ က စိတ်ရှုပ်သွားတယ်။

"စီနီယာအဖြူ .. ငါလက်ရှိရောက်နေတဲ ့နေရာက တိုက်ပွဲပြိုင်ကွင်း ဒိုင်မေးရှင်းတစ်ခုပဲ။ ဒီနေရာ ကအထူးစွမ်းရည်သတ္တိတွေ ရှိနေတယ်။ ဒီမှာ ဆိုရင် အရင်တုန်းက စကားပြောလို ့ဆင်ဆာဖြတ်ခံရတဲ ့အကြောင်းကို ပြောလို့ရနိုင်တယ်" ရူဟန်က အချိန်ကို အကောင်းဆုံး အသုံးချဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီတိုက်ပွဲပြိုင်ကွင်း ဒိုင်မေးရှင်းက ဘယ်လောက် ကြာကြာ ရှိနေအုန်းမှာလဲ ဆိုတာကို သူမသိပါဘူး။ ဒါကြောင့် စီနီယာအဖြူ နှစ် နဲ ့ပတ်သက်တဲ ့ကိစ္စတွေကို မြန်မြန်ပြောမှ ဖြစ်ပါလိမ့်မယ်။

"အိုး.. မင်းက စကားပြောရင် beep beep beep ဆိုပြီး ထွက်လာတဲ့ နေရာအကြောင်းလား။" ကြီးမြတ်တဲ့ အဖြူ ရဲ ့စိတ်ဝင်တစား အသံက တစ်ဖက်မှ ပေါ်လာတယ်။ သူငယ်ချင်းလေး ရူဟန် ရဲ ့လေသံကို ကြည့်ရတာ ဒီဆင်ဆာဖြတ်ခံရတဲ့အပိုင်း က သူနဲ့ ပတ်သက်နေပုံပေါ်တယ်။

ရူဟန်က မြန်မြန်ပဲ ပြောလိုက်တယ် "ဟုတ်တယ်။ တိတိကျကျ ပြောရရင် မင်းအံသြမသွားနဲ့နော်။ ငါက ရှေးမဟူရာဂိုဏ်းရဲ ့ကျိန်စာ အိမ်မက်ထဲကို ရောက်သွားတုန်းက ငါ့ကို အဲ့ကနေ ကယ်ထုတ်ပေးတဲ ့စီနီယာ တစ်ယောက်နဲ့ ဆုံခဲ့တယ်။ ဒါပေမဲ ့ဒီစီနီယာ က မင်းနဲ့ တပုံစံတည်းပဲ။ စူးရှတဲ့ အော်ရာတွေ၊ ချောမောတာတွေ ကလည်း မင်းနဲ့ တူတူပဲ။ ဒီစီနီယာပြောတာတော့ သူက ငရဲပြည်ကတဲ့။ ပြီးတော ့ဒီစီနီယာရဲ ့နာမည်ကလည်း တစ်လုံးတည်း.. အဖြူ တဲ့။"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now