အပိုင်း (၈၁၂)

146 30 0
                                    


#Unicode


ရီစင့် .. မင်းသူမ ဆီကနေ ပိုက်ဆံ ဒါမှမဟုတ် တစ်ခုခု ချေးထားသေးလား။

ကျောက်စိမ်းရေကန် လို့ ခေါ်တဲ ့ကောင်းကင်ဘုံမြို့ရဲ့ အစိတ်အပိုင်းထဲမှာ နန်းတော် တော်တော်များများ ရှိနေတယ်။

ကြီးမြတ်တဲ့အဖြူ နဲ့ အားရှီလျှူ တို့က အစောပိုင်း လျှောက်ရှာဖွေ ခဲ့ချိန်မှာ ဒီနန်းတော် တော်တေ်ာများမျာကို တွေ့ခဲ့ကြတယ်။ သူတို့ထဲက မကျွတ်လွတ်သေးတဲ ့ဝိညာဉ်တစ်ချို့နဲ့တောင် အားရှီလျှူ က တိုက်ခိုက်ခဲ့ပါသေးတယ်။

ပြီးနောက် သူတို့က မြေဆိုးမြေရိုင်း ကြီးတစ်ခု ရှေ့ကို ရောက်ရှိချိန်မှာတော့ လုချန်လမ်းက ရပ်တန့်ပြီး မြေနေရာ တစ်ခုဆီကို လက်ညိုးထိုးပြလိုက်တယ် "နောက်ထပ် ငါတို့ ဒီမြေနေရာကနေ ပဲ ဖြတ်သွားနိုင်မယ်"

"မင်းဆက်ပြီး လမ်းပြပါ။ ငါက တခြားလူတွေကို ခေါ်ပြီး မင်းနောက် လိုက်ခဲ့မယ်" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ်။

မြေကို ဖြတ်သွားရမယ် ဆိုတာကို ကြားကြားချင်း ရူဟန် ဗိုက်ပြည့်သလို ခံစားလိုက်ရတယ်။ ကံကောင်းတာ က ကြီးမြတ်တဲ ့အဖြူ က မြေဖြတ်သန်းခြင်း နည်းစနစ်က အရမ်းကောင်းမွန်တာပါပဲ။ လမ်းတစ်ဝက်မှာ ဝက်အူရစ် ပုံစံ ဘာညာနဲ့ သွားစရာမလိုပါဘူး။

မြေကြီးကို ဖြတ်သန်းသွားပြီး အနက် ၂၀၀ မီတာကို ရောက်တော့ ရူဟန် တို့က မြေအောက် နန်းတော် တစ်ခုကို ရောက်ရှိခဲ့ပါပြီ။

ဒီနေရာက အရင်အချိန်တွေတုန်း က အရမ်းကို ကြီးကျယ်ခမ်းနား ခဲ့တဲ ့နေရာတစ်ခု ဖြစ်ကြောင်း သိနိုင်ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မျာတော့ နေရာတစ်ခုလုံးက ပျက်ဆီးနေပြီး အမဲရောင်မြူတွေ နဲ့ ဖုံးလွှမ်းနေတယ်။

မိစ္ဆာကြီးမြတ်သူ လုချန်လမ်း က အားလုံးကို ခေါ်ဆောင်သွားတယ်. သူ့မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးတဲ ့အရိပ်အယောင်တွေ ပေါ်ပေါက်နေပြီး သူက စိတ်ထဲကနေ ငြင်းဆန်ချင်နေတုန်းပါပဲ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now