အပိုင်း (၈၂၁)

152 32 0
                                    


#Unicode


ငါ့နှလုံးသား က စမ်းရေတွေ ပလုံစီနေသလိုပဲ။

သူ့နှလုံးချက်ကရာ ထဲက ကလာပ်စည်းက သန္ဓေပြောင်းလာတာကို ရူဟန်က သတိပြုမိလိုက်တယ်။

ငရဲပြည်က မိစ္ဆာစွမ်းအင်တွေကို စုပ်ယူပြီးတဲ့နောက် သန္ဓေပြောင်းလဲလာတဲ့ ကျောင်းတော်သားနယ်မြေ က ရွှေကြာပန်းကြီးလို မျိုးဖြစ်နေတာပါ။ သူက သန္ဓေပြောင်း ရင့်မှည့်သွားပြီဆိုရင် အပိုစွမ်းရည် ကို ရရှိစေပြီး အသက်ကို ရှည်စေနိုင်တဲ့ ကြာပန်းစေ့ကို ထုတ်လုပ်နိုင်ပါတယ်။

လက်ရှိမှာတော့ သူက တူညီစွာနဲ့ ဖြစ်တည်နေတယ်။ သူ့ခန္ဓာကိုယ်က ကြာပန်းမဟုတ်ဘူး ဆိုပေမဲ့ သူ့နှလုံးချက်ကရာထဲက ကလာပ်စည်း က ရွှေကြာပန်းထဲက ကလာပ်စည်းလို ဖြစ်လာပါတယ်။ အကျိုးသက်ရောက်မှု က တူတူပဲ ဖြစ်တယ်။ အခု သူက ငရဲဲပြည်က စွမ်းအင်တွေကို လုံလောက်အောင် စုပ်ယူပြီးပြီ ဖြစ်တာကြောင့် သူ့ခန္ဓာကိုယ်ထဲက ကလာပ်စည်းက တစ်ခုခုကို ထုတ်ပေးချင်နေပါပြီ။

ဆိုးလိုက်တဲ့ကံ။

ကျောင်းတော်သားနယ်မြေ က ရွှေကြာပန်းကြီးက ကြာပန်းတစ်ခုဖြစ်ပြီး ကြာပန်းစေ့တွေကို ထုတ်ပေး ပါတယ်.

ဒါပေမဲ့ သူကတော့ လူသားတစ်ယောက်လေ။

ဒါတင်မကသေးဘူး။ လူယောက်ျား တစ်ယောက်လည်း ဖြစ်နေပြန်ပါသေးတယ်။ သူကကြာပန်းကြီးလို ကြာပန်းစေ့ကို မွေးထုတ်ပေးလို့ မရနိုင်သလို ၊ မိန်းမတွေ လိုမျိုး ကလေးမွေးလို့ မရပြန်ပါဘူး။

ဒါဆိုရင် ကြာပန်းစေ့လို အရာကို သူ့ခန္ဓာကိုယ်က ဘယ်လို ထုတ်ပေးမှာလဲ။

ရူဟန်က ကြောက်လန့်သွားတယ်။

❄️❄️❄️

ဒီအချိန်မှာတော့ မိစ္ဆာစွမ်းအင်တွေ နဲ့ ပြုလုပ်ထားတဲ့ ကြမ်းတမ်းတဲ့သားရဲကြီး က လက်ဖက်ရည်အိုး စိတ်ဝိညာဉ်နဲ့ တိုက်ခိုက်နေပါပြီ။ မိစ္ဆာကြီးမြတ်သူ လုချန်လမ်း က မြန်မြန်ပွဲသိမ်းနိုင်ဖို့ မှော်နည်းစနစ် တော်တော်များများကို ထုတ်သုံးပြီး သားရဲကြီးကို ရူဟန် တို့နဲ့ဝေးရာဆီ ပို့လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now