အပိုင်း (၈၂၅)

154 30 0
                                    


#Unicode


ဒါဆိုရင် ဝေစု ကို စိတ်ဝိညာဉ်ကျောက်တုံးနဲ့ လဲလိုက်။ မင်းက အကြွေး ပြန်ဆပ်သလို ဖြစ်သွားမယ်။

"သိတာပေါ့" စီနီယာအစ်မရီ က ရူဟန် ကိုယ်ထဲက ထွက်လာပြီး ပြောလိုက်တယ်။

ပြီးနောက် သူမ က ထရပ်ကားအရွယ် ကရိယာကြီးဘေးကို ရောက်ရှိသွားတယ် "ပထမဆုံး ဒီနေရာထဲကို စိတ်ဝိညာဉ် ကျောက်တုံးတွေ ထည့်ရမယ်"

သူမ ပြောနေတုန်းမှာပဲ သူမ က လက်ကို ဆန့်တန်းပြီး ကိရိယာကြီးရဲ ့ထိပ်ကို ပုတ်လိုက်တယ်။ နောက်တော့ ကိရိယာကြီးရဲ့ အဖုံးက ပွင့်လာပါတယ်။ ဒါက ယာဉ်တစ်စီးစီးရဲ့ တံခါးအရွယ်ရှိပြီး အလိုလို ပွင့်လာတာပါ။

ဒီကိရိယာက တော်တော်ကြီး ကောင်းမွန်ပါတယ်။ နှစ်ပေါင်းများစွာ ကြာတာတောင်မှ အဖုံက ကြပ်နေတာမျိုးတွေ မဖြစ်ပေါ်ပါဘူး။ အရည်အသွေးက အံ့ဖွယ်ဖြစ်ပြီး သော့တွေဘာတွေ လည်း မလိုဘူးလေ။

"ဒီထဲကို ငါတို့ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်များများ ထည့်ရမှာလဲ" ကြီးမြတ်တဲ့အဖြူ က မေးလိုက်တယ်။

"မင်းထည့်ချင်သလောက် ထည့်လိုက်။ ပုံမှန်အားဖြင့် ဆိုရင် အဆင့်ငါး စိတ်ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုတယ်။ ဒီအရာရဲ့ နှုတ်ခမ်းနားလောက်ထိ ပြည့်သွားပြီ ဆိုရင် ဒီကရိယာက နှစ်ငါးရာ လောက်အလုပ်လုပ်နိုင်တယ်။ တကယ်တန်တဲ့ အရာတစ်ခုပဲ" စီနီယာအစ်မရီ က ပြောလိုက်တယ်။

ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ် "ပြဿနာ မရှိဘူး။ ငါက စိတ်ဝိညာဉ်ကျောက်တုံးတွေ ထောက်ပံ့နိုင်တယ်"

ဒီလိုနဲ့ပဲ ကြီးမြတ်တဲ့အဖြူ က သူ့ရဲ ့သိုလှောင်အိတ်ကို ဖွင့်ပြီး အဆင့်ငါး နဲ ့အဆင့်ခြောက် စိတ်ဝိညာဉ်ကျောက်တုံးတွေကို လောင်းထည့်လိုက်တယ်။ ကရိယာရဲ့ တစ်ဝက်လောက်က စိတ်ဝိညာဉ်ကျောက်တုံးတွေ နဲ့ ပြည့်နှက်သွားတယ်။

"အင်း.. ဒီအချိန်မှာ အဆင့်ငါး နဲ ့အဆင့်ခြောက် စိတ်ဝိညာဉ်ကျောက်တုံးတွေ ငါနဲ့ အတူ များများစားစား မပါခဲ့ဘူး။ ဒါကို အရင်သုံးလိုက်ရအောင်။ နောက်မှ ထပ်ဖြည့်လိုက်မယ်" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now