အပိုင်း (၇၉၄)

176 38 1
                                    



                                         စီနီယာအဖြူ ရဲ့ ရတနာ အိမ်အမှတ် ၃၄၅၃

ကြီးမြတ်တဲ့ အဖြူ ရဲ့ မျက်နှာက မေ့ဖျောက်ဖို့ ခက်ခဲတဲ့ မျက်နှာမျိုးပါ။ ဒါကြောင့် မေမေစွန်း က တစ်ချက်ကြည့်ရုံ နဲ့ အဓိက သရုပ်ဆောင်က အိမ်ကို လာလည်ဖူးတဲ့ စွန်းဘိုင် ဖြစ်နေကြောင်း သိပါတယ်။

"ရူဟန်က သူငယ်ချင်းတွေနဲ့ ရုပ်ရှင် အပျော်ရိုက်မယ်လို့ ပြောခဲ့တာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ဒါရိုက်တာ ဂျာကော့ဘ် ရိုက်တဲ့ ရုပ်ရှင်ထဲမှာ ပါလာရတာလဲ။ ပြီးတော့ ဒါက ငွေကြေး တော်တော်များများ ကုန်ကျခံထားတဲ့ ရုပ်ရှင်လေ" ဖေဖေစွန်းက တီဗွီကို ကြည့်ပြီး အိမ်မက်မက်နေသလို ခံစားနေရတယ်။

ရုပ်ရှင် အစမ်းပြသမှု ကြော်ငြာ အတိုလေးမှာတော့ စီနီယာ အစ်ကိုကြီး ဂေါင်ရှန် အဖြစ် သရုပ်ဆောင်ထားတဲ့ ရူဟန်က အဓိက သရုပ်ဆောင် လင်းရီကို ရိုက်နှက်နေပါတယ်။

အင်း.. ရူဟန်က ဘယ်လိုကြောင့် ဒီလောက် ရက်စက်ယုတ်မာ ရတာလဲ။

ရုပ်ရှင် ကြော်ငြာ ပြီးသွားတဲ့နောက် ..

မေမေစွန်း က ခပ်တည်တည် နဲ့ ပြောလိုက်တယ် "ယောကျ်ား .. ငါတို့ နဲ့ ငါတို့သားရဲ့ ဆက်ဆံရေးကို အဆုံးသတ်လိုက်ကြမလား။

"သေချာတာပေါ့။ ငါဖုန်းခေါ်လိုက်မယ်" ဖေဖေစွန်းကလည်း ပြောလိုက်တယ်။ ရူဟန်က ဒီလိုမျိုး လူယုတ်မာခန်းကနေ ပါဝင်သရုပ်ဆောင် လိမ်မယ်လို့ သူမထင်မိခဲ့ပါဘူး။

"မလိုဘူး။ ငါ စာပို့လိုက်မယ်" မေမေစွန်းက ဖုန်းကို ထုတ်ပြီး မြန်မြန်ပဲ သူ့သားဆီ စာပို့လိုက်တယ်။

❄️❄️❄️

တောင်ဝါကြီး ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္မဏီ ...

ရူဟန်က ထပြီး မျက်နှာ သစ် ၊ သွားတိုက်လိုက်တယ်။ ဒီအချိန်မှာတော့ သူက မှန်ရှေ့ရပ်ပြီး သူ့ရဲ့ ခန္ဓာကို်ယ် ကို ကြည့်လိုက်တယ်။ ဗုဒ္ဓရဲ့ ဖျက်ဆီးလို့ မရနိုင်တဲ့ကျောင်းတော်သား ခန္ဓာကိုယ် အစွမ်းကြောင့် သူ့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးက အရွယ်အစား လျော့ပါးသွားတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now