အပိုင်း (၇၃၈)

171 35 0
                                    


#Unicode



ဒါက တကယ့်ကို စာအုပ်တစ်အုပ်ပဲ။

ကြီးမြတ်တဲ့အဖြူ ရဲ့ လက်ဝါးလေးချက် ဆက်တိုက် ရိုက်နှက်မှုက အသချေင်္စာအုပ်တောင် ပေါ်ကို ကျဆင်းလာတယ်။ အခု သူတို့က ကြောက်စရာ ငလျှင်ကြီး တစ်ခု ဖြစ်ပေါ်မသွားအောင် အသချေင်္စာအုပ်တောင်ကြီးကို မြေပေါ်ကို ဖြည်းဖြည်းချင်း ချလိုက်တယ်။

ကိုးစီရင်စု က စီနီယာတွေ အစွမ်းအောက်မှာတော့ အသချေင်္စာအုပ်တောင်ကြီး က ဇောက်ထိုးအနေအထား နဲ ့ ဆက်သက်လာပါတယ်။

အသချေင်္စာအုပ်တောင်ကြီးက ဆွံ့အသွားတယ်။ ဒီလူတွေ တကယ် ကြောက်စရာ ကောင်းတာပဲ။ မေမေ.. သားအိမ်ပြန်ချင်တယ်။

ဒါပေမဲ့ အခြေအနေက ဆိုးနေပါပြီ။ ဒီအတိုင်း ဆင်းသက်ပြီး မြေပြင်နဲ့ ရိုက်မိမယ် ဆိုရင် တောင်ထိပ်တောင်မှ ကျိုးသွားနိုင်ပါတယ်။

ဒီအချိန်မှာတော့ အသချေင်္စာအုပ်တောင်ကြီးက တကယ့်ကို စိတ်ဓာတ်ကျနေပါတယ်။

❄️❄️❄️

ရူဟန်က ရှက်ရွံစွာနဲ့ ခေါင်းကုတ်လိုက်တယ်။ သူက အသချေင်္စာအုပ်တောင်ကြီးကို အားနာသလို ခံစားနေရတယ်။ သူ့ရဲ့ စကားလုံးတွေက မမျှော်လင့်ပဲ ကိုးစီရင်စုက စီနီယာတွေကို ဆွဲဆောင်သလို ဖြစ်ကာ အသချေင်္စာအုပ်တောင်ကြီးက တော်တော်ဒုက္ခများနေပါတယ်။

အသချေင်္စာအုပ်တောင်ကြီးက မျက်နှာ မရှိဘူး ဆိုရင်တောင်မှ ဒီအချိန်မှာ သူဘယ်လောက်ထိ ဆွံ့အနေမလဲ ဆိုတာကို ရူဟန်က ကိုယ်ချင်းစာမိပါတယ်။

စာအုပ်တောင်ကြီးက မြေပြင် နဲ့ထိမိခါနီးမှာပဲ ရူဟန်က ခပ်ကုန်းကုန်း အနေအထား နဲ့ ဖြစ်ပေါ်လာမယ့် လှိုင်းတွေကို ရင်ဆိုင်ဖို့ အသင်ပြင့်လိုက်တယ်။

"ငါကျတော့မယ်။ မဟုတ်ဘူး။ လက်တွေ .. မြန်မြန် ပြန်ပေါက်ပါဟ" အသချေင်္စာအုပ်တောင်ကြီးက အားရပါးရ အော်လိုက်တယ်။ လက်တွေက အချိန်တိုအတွင်းမှာ ပြန်ပေါက်လာမယ့် အချိန်အတွင်းမှာ မရှိပါဘူး။ တစ်စုံတစ်ယောက်က ပြန်ပြင်ပေးမှ ရမယ့်ပုံပါ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now