အပိုင်း (၈၅၆)

180 24 0
                                    


#Unicode


ငါ့ကို ပိုက်ဆံတွေ အများကြီး ရှိတဲ့ အရူးတစ်ယောက်လို့ သုံးသပ်လို့ရတယ်။ ဟုတ်ပြီလား။

အကန့်အသတ်မဲ့ နတ်ဆိုးဂိုဏ်း .. ၆၉ခုမြောက် တောင်ဖြစ်တဲ့ မာဟိုရာဂတောင် ..

သခင်လေး ဟိုင် က မျက်မှောင်ကုတ်လိုက်တယ်။ သူက ချွေးစေးတွေ ပြန်နေပါတယ်။ သူရရှိထားတဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှုက တစ်စုံတစ်ယောက်က သူ့ခေါင်းကို တူနဲ့ ထုနေသလို ခံစားနေရတာပါ။ သူက တရားထိုင်နေစဉ်မှာ ဖြစ်တာကြောင့် အတွင်း စွမ်းအင်တွေကို ထိန်းချုပ်နိုင်ဖို့ မရှိတော့ဘဲ ထင်ယောင် ထင်မှား တွေ ဖြစ်လာခဲ့တယ်။

ကံကောင်းတာက သူမ သန်မာတဲ့ စိတ်စွမ်းအင် နဲ့ မွေးဖွားလာခဲ့တာပါပဲ။ သူ့အတွင်း စိတ်ရိုင်းတွေကို ထိန်းသိမ်းဖို့ စိတ်စွမ်းအင် အမျိုးအစား မှော်ရတနာ တစ်ခုလည်း သူ့မှာ ရှိနေပါတယ်။ နောက်ဆုံးမှာတော့ သူက ဒဏ်ရာ တော်တော်များများ ရရှိပြီမှသာ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ခုခံ နိုင်ခဲ့ ပါတယ်။

ဒါပေမဲ့ သူမထင်ထား ခဲ့တာက ဒီအဝေးရောက် စိတ်စွမ်းအင်တိုက်ခိုက်မှုက တစ်ခေါက်တည်း မဟုတ်ပါဘူး။ နှစ်ခေါက်ပါ...

ဒဏ်ရာရရှိခဲ့တဲ့ သူ့စိတ်စွမ်းအင်တွေကို ကုသဖို့ ဆေးလုံးတစ်ချို့ စားပြီးနောက်မှာ သခင်လေးဟိုင်က အံကြိတ်ပြီး သူ့ရဲ့ လေ့ကျင့်ခန်းကို ဆက်ဖို့ ဆုံးဖြတ်လိုက်တာယ်။ ဒါပေမဲ့ ဒီအချိန်မှာပဲ သူ့စိတ်တစ်ခုလုံး မဲမှောင်သွားခဲ့တယ်။ နောက်တော့ သူ့အသိစိတ်က အိမ်မက်ဆိုးနယ်မြေ တစ်ခုဆီ ဆွဲခေါ်ခံလိုက်ရပြီး ရက်စက်စွာ ဖိနှိပ် နှိပ်စက်ခြင်းကို ခံရပါတယ်။

အိမ်မက်ထဲမှာတော့ သူ့နားပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံး က ရန်သူ တွေ ဖြစ်ကုန်ကြတယ်။ ကျောက်တုံးတွေ၊ရေတွေ၊ သစ်ပင်တွေ၊ အဆောက်အဦတွေ၊ တရိစ္ဆာန်တွေ၊ မြူတွေ တောင်မှ ..... ရန်သူ ဖြစ်ကုန်တယ်။ ပြီးနောက် အရာအားလုံးက မိစ္ဆာလက်တွေ အဖြစ် ပြောင်းလဲပြီး သူ့ခန္ဓာကိုယ်ကို တစစီ ဆွဲဖြုတ်ဖို့ ကြိုးစားကြပါတော့တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now