#Unicode
ရီစင့် နဲ့ လိုင်ချီး။"???" ကြီးမြတ်တဲ့ အဖြူ က ဇဝေဇဝါ ဖြစ်သွားတယ်။
ယုကျောင်းကျောင်း က ပြောလိုက်တယ် "ရူဟန်.. မင်းဘာကို ပြောချင်တာလဲ"
ရီစင့်ကလည်း ရူဟန်ကို သေချာ ကြည့်လိုက်တယ်။
ရူဟန်က ပြန်ပြောလိုက်တယ် "အမ်.. ဘာဖြစ်တာလည်း၊ ငါပြောချင်တဲ့ စကားကို ငါပြောလို့ မရဘူး ဖြစ်နေတယ်။"
ခဏလောက် စဉ်းစားပြီးတဲ့နောက် သူက လျှို့ဝှက် အသံပို့နည်းစနစ် နဲ ပြောဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်မက်ထဲမှာ တွေ့ခဲ့တဲ့ (ကြိးမြတ်တဲ့ အဖြူ) က မလိုအပ်တာတွေ လျှောက်ပြောမှာကို ထိန်းချုပ်တဲ့ အနေနဲ့ နည်းစနစ် တစ်ချို့ကို အသုံးပြုခဲ့ပုံပေါ်တယ်။
ဒါပေမဲ့ ဒီနည်းစနစ်က သူ့ပါးစပ် နဲ့ လျှာကို ထိန်းချုပ်နိုင်တယ် ဆိုရင်တောင်မှ သူက လျှို့ဝှက် အသံပို့နည်းစနစ်ကို အသုံးပြုလို့တော့ ရနိုင်သေးတယ် မဟုတ်လား။ ဒါကိုတော တားလို့ မရနိုင်လောက်ဘူး။
ဒါကြောင့် ရူဟန် လျှို့ဝှက်အသံပို့ နည်းစနစ် နဲ့ ပြောလိုက်တယ်။ဒါပေမဲ့ ဒါကလည်း အလုပ်မဖြစ်ပါဘူး။
ကြီးမြတ်တဲ့ အဖြူ က ဇဝေဖဝါ ပိုဖြစ်လာတယ်။ ဒီတစ်ကြိမ်မှာတော့ ရူဟန် ပြောချင်တဲ့ စကားတစ်ခုလုံးက ဆင်ဆာ အဖြတ်ခံရပြီး ကြီးမြတ်တဲ့ အဖြူ က Beep beep beep ဆိုတာကိုပဲ ကြားရပါတယ်။
"လျှို့ဝှက် အသံပို့ နည်းစနစ် ကလည်း အလုပ်မဖြစ်ဘူးလား။" ရူဟန်က စိတ်မလျှော့သေးပါဘူး။ သူ့ရဲ့ မှတ်စု စာအုပ်အသေးလေးကို ထုတ်ပြီး ဘောပင်နဲ့ ရေးလိုက်တယ် "စီနီယာ အဖြူ.. ငါမနေ့ညက အိမ်မက်ထဲမှာ XXXXXXX တွေ့ခဲ့တယ်။"
သူက ရေးသားချိန်မှာတော့ သူ့လက်က XXXX စာတန်းတွေပဲ ရေးမိနေပါတယ်။
ရူဟန် ဆွံ့အသွားတယ်။
ဒီနည်းစနစ်က အရမ်း အားကောင်း လွန်းတာကြောင့် စာနဲ့ တောင်မှ ရေးပြလို့ မရဘူးလား။
ကြီးမြတ်တဲ့ အဖြူ က မျက်မှောင်ကုတ်လိုက်တယ်။ "မင်းက ကျိန်စာ တစ်မျိုးမျိုး သက်ရောက်ခံနေရတာလား"