အပိုင်း (၇၃၄)

171 38 0
                                    

#Unicode



တကယ်အသုံးပြုလို့ ရတဲ ့အရာလား။ စားလို့ရတဲ ့အရာလား။

ရူဟန် ရဲ့ မျက်လုံးတွေက လင်းလက်သွားပြီး ပြောလိုက်တယ် "ဒါက မယုံနိုင်စရာ စွမ်းရည် ရှိတာမျိုးလား"

ကြာပန်းဖူးပွင့်ခြင်းလျှာ ... နာမည်ကို ကြည့်ရတာ တော်တော်ကြီး ဟုတ်နေပြီ။ ဟုတ်တယ်မလား။

"အင်း.. သေချာကြည့်ရမယ် ဆိုရင် ဒါက တကယ့်ကို.. မယုံနိုင်စရာပဲ" အစစ်အမှန် နတ်ဘုရာ ထာဝရမီး က ဆက်ပြောလိုက်တယ် "ဥပမာအားဖြင့်.. စားရင် အရမ်းအရသာ ရှိတာပေါ့"

"......" ရူဟန်။


စားရင် အရမ်းအရသာရှိတယ် ဆိုတာက ဘာကို ဆိုလိုတာလဲ။

ထုတ်လွှတ်လိုက်တဲ့ အနံ့က တကယ့်ကို ကောင်းမွန်တယ်။ အရမ်းကို စားချင်စိတ်ဖြစ်ပေါ်တယ်။

ဒါပေမဲ့ တစ်စုံတစ်ယောက်က အစာ စားချင်စိတ်ဖြစ်ပေါ်နေတယ် ဆိုရင် သူတို့ အင်မော်တယ်ဘိုင်ဇူးလို အင်မော်တယ် စားဖိုမှုး တစ်ယောက်ယောက်ကို ရှာလိုက်မှာပါ။ ဗိုက်ဆာပြီး အစာစားချင်စိတ်ပေါ်လာပြီဆိုရင် အင်မော်တယ် စားဖိုမှုးကို အရသာရှိတာတွေ ပြင်ခိုင်းပြီး စားလိုက်ရုံပါပဲ။

ထပ်ပြောရရင် ဒီကြာပန်းက လေထဲမှာ ရုတ်တရက် ဖြစ်တည်လာတာလေ။ ဒါက ပါးစပ် ချက်ကရာနဲ့ ဆက်စပ်နေတယ် မဟုတ်လား ဒါကို သူဘယ်လိုစားရမှာလဲ။

ရူဟန်က သူ့လက်ကို ဆန့်တန်းပြီး လေထဲက အဖြူရောင်ကြာပန်းကို ပုတ်လိုက်တယ။်။ အေးစက်စက် ဖြစ်နေပါတယ်။

သူပုတ်လိုက်တော့ အနံ့က နေရာအနှံ့ကို ပြန့်နှံ့သွားခဲ့တယ်။ ထမင်းစားပွဲ တစ်ခု ရဲ့ အနံ့အသက်တွေ ရောနှောပါဝင်နေတဲ့ အနံ့ပါပဲ။

"ဂွီ" အားရှီလျှူ ရဲ ့ဗိုက်ထဲက အသံတွေ ထွက်ပေါ်လာတယ်။

နောက်တော့ လိုင်ချီးရဲ ့အလှည့်ပါ။

ကောင်းပြီ။ ဒါက တော်တော် ရှက်စရာ ကိစ္စပဲ။

ရူဟန်က ကြာပန်းဖြူကို မြန်မြန်ပဲ မှုတ်ထုတ်လိုက်တောာ့ ဒီအရာက နေရာအနှံ့ကို ပြန့်ကျဲပြီး ပျောက်ကွယ်သွားတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now