အပိုင်း (၈၇၀)

169 29 1
                                    


#Unicode


ခင်မင်မှုက တန်ဖိုးမဖြတ်နိုင်ဘူးလို့ ဘယ်သူပြောခဲ့တာလဲ။

သူ ကြုံတွေနေတဲ့ အရာအားလုံးကို တကယ်လိုပါပဲ။ သူ့တကယ့် ခန္ဓာကိုယ် က အဖိခံနေရသလို ဖြစ်နေတယ်။ တစ်ချိန်တည်းမှာပဲ ရူဟန်က ဝန်တွေ အများကြီးတင်ထားတဲ့ ထရပ်ကား တစ်စီး က သူ့ကို ထပ်ခါထပ်ခါ ကြိတ်နေတယ်လို့ ခံစားနေရတယ်။

"နာလိုက်တာ.. နာလိုက်တာ။ စီနီယာအဖြူ .. ခုန က မေးခွန်းကို မေ့လိုက်ပါတော့။ ငါသေတော့မယ်။ ငါတကယ်ပဲ သေတော့မယ်။ ပိုးအိမ်ကြီးကို ဖယ်ပေးပါ။ ငါ မခံနိုင်တော့ဘူး။ သေတော့မယ်" ရူဟန်က အော်လိုက်တယ်။

ပိုးအိမ်ကြီးထဲမှာတော့ ဟောက်သံ က ဆက်လက်ထွက်ပေါ်နေတယ်။ စီနီယာအဖြူနှစ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျနေတယ်။ ရူဟန် ကိုယ်ပေါ်ကျဆင်းနေတဲ့ အလေးချိန် က ပိုပိုပြီး လေးလံလာတယ်။

"ခရက်..." သူ့ရင်ဘတ် တစ်ခုလုံး ကြေမွသွားတယ်လို့ ရူဟန် က ခံစားလိုက်မိတယ်။

နောက်တော့ သူ့ရဲ့ အသိစိတ်တစ်ခုလုံး မဲမှောင်သွားပါတယ်။

၂၀၁၉ ခုနှစ် .. ရူဟန် သေဆုံးသွားခဲ့ပါပြီ။

[သေရသည့် အကြောင်းရင်း - စပ်စုချင်စိတ် မတရားကြီးမားပြီး စီနီယာအဖြူနှစ်ရဲ့ ကိုယ်ရေး ကိုယ်တာ တွေကို သွားမေးခဲ့သည်။ ရလဒ် အနေဖြင့် စီနီယာအဖြူနှစ် မှာ ရှက်ဒေါသကြီးမားပြီး ကြီးမားသော ပိုးအိမ်ကြီးနှင့် သေအောင် ကောက်ပေါက်ခဲ့လေတော့သည်။]

ဂျင်နန် ဧရိယာ .. ဆေးဆရာ ဝယ်ယူထားတဲ့ အဆောက်အဦ ထဲမှာတော့ ..

ရူဟန်က အိ်ပ်ရာပေါ်မှာ လဲလျောင်းနေပြီး ရီစင့်နဲ့ ကလေး သုံးယောက်တို့က သူ့ဘေးနားမှာ ထိုင်ပြီး နိုးထလာမှာကို စောင့်နေကြတယ်။

ရီစင့်မြင်သဘောက် ဆိုရင် ရူဟန် ရဲ့ ခန္ဓာကိုယ် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်နြေ့ပီ ဖြစ်ပြီး အသိစိတ်ပြန်ဝင်ဖို့ ဘယ်လောက်မှ ကြာမှာ မဟုတ်တော့ပါဘူး။

ဒါပေမဲ့ တော်တော်ကြာတဲ့ အထိ ရူဟန်က သတိမေ့နေတုန်းပါပဲ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now