အပိုင်း (၈၆၆)

144 27 0
                                    


#Unicode


ကြီးကျယ်တဲ ့မိစ္ဆာ နည်းစနစ် လေးခု။

တောင်ဝါကြီးက နောက်ဆုံးမှာတော့ တိမ်မြူ့ကို လက်ရ ဖမ်းဆီးမိလိုက်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ တိမ်မြူ က အကြာ့ အကြာကြီး စည်းခတ်ခံရတော့မှာ သေချာပါတယ်။

အခြားတစ်ဘက် က ကြည့်ရင်တော့ စီနီယာအဖြူ နှစ် ခမျာမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး ဘယ်အချိန်မှ နိုးမလဲ ဆိုတာ မသိပါဘူး။

ဒီအချိန် ဂျင်နန် ဧရိယာမှာတော့ ...

ရီစင့်က ကြည်လင်သလင်း ခန်းမဆောင်ရဲ့ ထိပ်တန်း မှတ်ဉာဏ်ဖျောက် နည်းစနစ် ကို အသုံးပြုပြီး လူလိမ် ရဲ့ မှတ်ဉာဏ်တွေကို ဖျက်လိုက်တယ်။ ပြီးနောက် အစားထိုး အချက်အလက် တွေကို ပြန်လည် ထည့်သွင်းလိုက်တယ်။

တစ်စုံတစ်ယောက်က မှတ်ဉာဏ်တွေကို ဖျောက်ဖျက်ခံလိုက်ရမယ် ဆိုရင် မှတ်ဉာဏ်နေရာလွတ်ကြီး တစ်ခု ကျန်ရစ်ခဲ့မှာပါ။ ဒီမှတ်ဉာဏ်နေရာလွတ်ကြီးကို စဉ်းစားရင်း စဉ်းစားရင်းနဲ့ မှတ်ဉာဏ်ဖျောက်ဖျက်ခြင်း နည်းစနစ်ကို အတိုင်းအတာ တစ်ခုထိ ပျက်ဆီးလာနိုင်ပါတယ်။

ဒါကြောင့် ရီစင့်က ပုံရိပ်ယောင် နည်းစနစ် တစ်ခု ကို အသုံးပြုပြီး လူလိမ်ရဲ ့မှတ်ဉာဏ်ထဲကို အသစ် မှတ်ဉာဏ်တစ်ခုခု ထည့်သွင်းလိုက်ခြင်း ဖြစ်တယ်။ မှတ်ဉာဏ်ထဲမှာတော့ လူလိမ်က ဆောက်လုပ်ရေး လုပ်ငန်း တစ်ခုဆီကို သွားပြီး အုတ်ခဲတွေ တစ်ခုပြီးတစ်ခု သယ်ယူခဲ့တယ်။ နောက်တော့ ထိခိုက်မှု တစ်ခု ဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာအများအပြား ရရှိခဲ့တယ်။

ဒီမှတ်ဉာဏ်တွေ ဝင်ရောက်လာတော့ လူလိမ် က မျက်မှောင်ကုတ်ပြီး ဆက်တိုက်ပဲ အော်ဟစ်နေတယ် "ပင်ပန်းလိုက်တာ.. ပင်ပန်းလိုက်တာ.. ငါဘယ်လောက်များတဲ့ အုတ်ခဲတွေကို သယ်ရအုန်းမှာလဲ။ အား.. ငါ့ကို ဘာနဲ့ရိုက်မိတာလဲ။ ငါသေတော့မယ်။ သေတော့မယ်"

ကြည့်ရတာ .. ခက်ခဲမှုတွေ ၊ ကံဆိုးမှုတွေ နဲ့ ပြည့်နှက်နေတဲ့ အိမ်မက်ဆိုး တစ်ခုပါပဲ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now