အပိုင်း (၇၇၀)

164 36 0
                                    


#Unicode


ပါးစပ်ထဲက ဓားမော့ချီတွေ ထုတ်လွှတ်တဲ့ ရှီလျှူ။

ရူဟန် ရဲ့ အသိစိတ်က နောက်ဆုံးမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ပြန်ရောက်လာခဲ့တယ်။ သူမျက်စိ ဖွင့်လိုက်ချိန်မှာတော့ ယုကျောင်းကျောင်းက သူမရဲ့ လက်သည်းတွေနဲ့ သူ့မျက်နှာကို ပုတ်နေကြောင်း သတိပြုမိလိုက်တယ်။ ကြည့်ရတာ ယုကျောင်းကျောင်းက သူမ လက်သည်းတွေကို ပြန်သိမ်းဖို့ သတိမေ့နေပုံပေါ်တယ်။ ပြီးတော့ သူမ လက်သည်းတွေ တော်တော်ကြီးကို ချွန်ထက်နေပါတယ်။

ရူဟန်က ဗုဒ္ဓ ရဲ့ မဖျက်ဆီးနိုင်တဲ ့ခန္ဓာကိုယ် ကျင့်စဉ်ကို လေ့ကျင့်ထားတယ် ဆိုပေမဲ့ စဦးအဆင့်ပဲ ရှိသေးတာကြောင့် သူ့ရဲ ့မျက်နှာအရေပြားက လုံလောက်တဲ့အထိ မထူထဲ သေးပါဘူး။ ဒါကြောင့် ယုကျောင်းကျောင်းက မျက်နှာကို လက်သည်းနဲ ့ပုတ်နေချိန်မှာ နာကျင်မှုကို ခံစားနေရပါတယ်။

"ကျောင်းကျောင်း .. မင်းလက်သည်းကြီး နဲ ့မကုတ်နဲ့တော့.. အရမ်းနာတယ်" ရူဟန်က မြန်မြန်ပြောလိုက်တယ်။

"ဟားဟား.. နောက်ဆုံးမှာ မင်းသတိပြန်ရလာပြီပဲ" ယုကျောင်းကျောင်းက ပြုံးကာ ပြောလိုက်တယ်။

ဘေးတစ်ဖက်မှာတော့ အားရှီလျှူ က နံရံကို မှီပြီး ကြီးမြတ်တဲ့အဖြူ ရဲ့ ကြယ်ပျံဓားကို လက်ထဲမှာ ကိုင်ကာ တစ်စုံတစ်ခုကို လေ့လာနေတယ်။

ရူဟန်က နိုးလာတာကိုမြင်တော့ သူမရဲ ့နှုတ်ခမ်းထောင့်တွေ က ကော့တက်သွားတယ်။ သူမ က ပြံုးကာ ပြောလိုက်တယ် "မင်း စာမေးပွဲဖြေတဲ့ ထူးဆန်းတဲ့နေရာ ကို ဆွဲခေါ်ခံလိုက်ရပြန်ပြီလား။"

လွန်ခဲ့တဲ ့ရက်အတွင်း ရူဟန်က စာမေးပွဲဖြေတဲ့နေရာဆီကို အကြိမ်တော်တော်များများ ဆွဲခေါ်ခံခဲ့ရပါတယ်။ ဒါကြောင့် အားရှီလျှူ က အသားကျနေပါပြီ။

ရူဟန်က ခေါင်းခါပြီး ပြောလိုက်တယ် "ဒီတစ်ကြိမ် ငါက စာမေးပွဲဖြေတဲ့နေရာဆီကို ရောက်သွားတာ မဟုတ်ဘူး။ ပိုပြီး ကြောက်ဖို့ ကောင်းတဲ့နေရာ ဆီကို ရောက်သွားခဲ့တာ"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now