အပိုင်း (၈၀၁)

169 34 0
                                    


#Unicode


နတ်ဘုရားသားရဲဌာန ရဲ့ ပါမောက္ခ.. ချက်ချင်း ရပ်လိုက်စမ်း။

စောနတုန်းက သာယာနာပျော်ဖွယ် အသံ နဲနတ်မိမယ်အမျိုးသမီးက ချက်ချင်းဆိုသလိုဘဲ နှင်းလိုဖြူဖွေး တဲ့ အရိုးခြောက်တွေ ဖြစ်ကုန်ကြတယ် သူတို့ အရိုးတွေက တောက်ပတဲ့ အလင်းတွေက အလင်းပြန်နေတယ်။ ဒီမြင်ကွင်းက မြင်ရသူကို အသဲယားစေပါတယ်။

"အရှေ့တိုင်းသားဘုန်းကြီးသာ ဒီမှာ ရှိမယ် ဆိုရင် ဒီမြင်ကွင်းကို မြင်လိုက်တာနဲ့ တပြိုင်နက် သူ့ရဲ့ ဗုဒ္ဓ္ဒဝါဒ နဲ့ ပတ်သက်တဲ့ နားလည်နိုင်မှုတွေ ပိုမိုတိုးတက်သွားနိုင်တယ်" ရူဟန်က တီးတိုးရေရွတ်လိုက်တယ်။

အမ်.. နေပါအုန်း။ နေပါအုန်း ဒီ အရှေ့တိုင်းသားဘုန်းကြီးက တာအိုဂိုဏ်းက မဟုတ်လား။ သူက ဗုဒ္ဓဝါဒ နဲ့ ပတ်သက်ပြီး ဘယ်လောက်ပဲ နားလည်နိုင်တယ် ဖြစ်ဖြစ် အသုံးမဝင်ဘူး။

အားရှီလျှူ မေးလိုက်တယ် "စီနီယာအဖြူ .. ဒါတွေက မွနး်စတားအရိုးခြောက်၊ ဒါမှမဟုတ် အဲ့လိုမျိုး အရာတွေလား။"

"ငါတောင်မှ ဒီလို အရိုးခြောက်မွန်းစတားကို အရင်က တစ်ခါမှ မမြင်ဖူးဘူး" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ်။

ရူဟန်က ပြောလိုက်တယ် "ဒါပဲ။ ဒီနေရာပဲ။ မှော်ပညာအစစ်အမှန် .. ပုံရိပ်ယောင် နဲ့ အစစ်အမ၄ှန် ကို ခွဲခြားဖို့ ခက်ခဲတဲ့ နေရာ တစ်ခုပဲ."

ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ် "ဒါအပြင် .. မှော်ပညာအစစ်အမှန် က တစ်ခုခု မှားယွင်းနေတယ်။ သာမာန်အဆင့်ခုနှစ် ကြီးမြတ်သူ တစ်ယောက်က ဒါကို ဖန်တီးနိုင်မှာ မဟုတ်ဘူး။ ငါကိုယ်တိုင် ဒီမှော်ပညာ အစစ်အမှန်ကို ဖန်တီးမယ် ဆိုရင်တောင်မှ အတွင်းမှာ ရှိတဲ့ စိတ်ဝိညာဉ်ချီတွေက ဒီလောက် သိပ်သည်း ပေါများနေမှာ မဟုတ်ဘူး။ ဒါက မှော်ပညာအစစ်အမှန် ဆိုတာထက် ကမ္ဘာငယ်လေး တစ်ခုနဲ့ ပိုပြီး ဆင်တူတယ်။ဓ

"ဒါပေမဲ့ ရူဟန် နှလုံးချက်ကရာ ထဲမှာ ရှိတဲ့ ကလာပ်စည်းလိုမျိုး တူညီတဲ့ စွမ်းရည်ရှိတာ မဟုတ်ဘူးလေ" အားရှှီလျူက မေးလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now