အပိုင်း (၆၉၆)

209 39 0
                                    


#Unicode


စီနီယာ လှိုင်းသုံးခု က မီးသဂြိုလ်ခံချင်တာလား။


"ခရက်..ခရက်..ခရက်" ကွဲအက်သံတွေက ဆက်တိုက်ပဲထွက်ပေါ်လာတယ်။

လှိုင်းသုံးခုရဲ့ မျက်နှာပေါ်မှာ မျက်ရည်တွေက အဆက်မပြတ် စီးကျလာတယ်။ ဒီမျက်ရည်တွေက နောင်တ ရလို့ မဟုတ်ပါဘူး။ ပြီးတော့ လှိုင်းသုံးခု ဆိုတာက သေလမ်းရှာတာ နဲ ပတ်သက်ပြီး ဘယ်သော အခါမှ နောင်တ ရမှာ မဟုတ်ပါဘူး။

မျက်ရည်တွေ ကျဆင်းလာရတဲ့ အကြောင်းရင်းက သူခံစားနေရတဲ့ မခံရပ်နိုင်လောက်တဲ့ နာကျင်မှု ကြောင့် ဖြစ်ပါတယ်။

ဒါက အဆင့်ငါး စိတ်ဝိညာဉ် အင်ပါယာ တစ်ယောက် ကြံကြံံခံနိုင်တဲ့ နာကျင်မှုမျိုး မဟုတ်ပါဘူး။

သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပေါက်ထွက်လာတော့ မယ်လို့ လှိုင်းသုံးခု က ခံစားနေမိတယ်။ နောက်တော့ ဘန်း ဆိုတဲ့ ကျယ်လောင်တဲ့ အသံနဲ့ အတူ ဘောလုံးကြီး က ပေါက်ထွက်သွားပါတယ်။

ငါသေတာ့မှာလား။ အစ်ကိုတော် ဆေးဆရာ က တကယ်ပဲ အသဲနှလုံးမဲ့လိုက်တာ။ ရက်စက်လွန်းတယ်။

တွေးနေတုန်းမှာပဲ သူ့ခန္ဓာကိုယ်က ပေါက်ထွက်သွားတယ်။ ဒါပေမဲ့ အပြင်ဘက် အရေပြား အလွှာက ကွာကျသွားပြီး မြေလိုပဲ အရေခွံပြောင်းကာ ဖြူဖွေးနေတဲ့ အသားအရည် နဲ့ လှိုင်းသုံးခု က ပေါ်လာပါတယ်။

နောက်တော့ အသစ်ဖြစ်ပေါ်လာတဲ့ လှိုင်းသုံးခု က ထပ်မံပေါက်ကွဲသွားပြီး အရေပြား အသစ်နဲ့ လှိုင်းသုံးခု ထပ်မံထွက်ပေါ်လာပြန်တယ်။

ဒီလိုနဲ့ပဲ ပေါက်ကွဲလိုက်၊ အသစ်ဖြစ်လိုက်နဲ့ လုံးချာလည် လိုက်နေပါတော့တယ်။

လှိုင်းသုံးခု ပေါက်ကွဲလိုက် အသစ်ဖြစ်တည်လိုက် အချိန်အတွင်းမှာ မီးရှုးမီးပန်း အသံတွေ ထွက်ပေါ်နေပါတယ်။

ဆိုလိုတာက ဒီမီးရှုးမီးပန်း အသံက လှိုင်းသုံးခု ပေါက်ကွဲတဲ ့အသံဖြစ်ပြီး သူက တစ်စက္ကန့်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက် ပေါက်ကွဲနေပါတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now