အပိုင်း (၇၈၇)

168 40 0
                                    


#Unicode


လာဘ်ကောင်လေး။

"အား...." သံရည်ဘောလုံးကြီး က ရှုံးနိမ့်သွားတာကြောင့် ဒေါသတကြိး အော်သံပဲ ထုတ်ဖော်နိုင်တော့တယ်။

ကမ္ဘာနှစ်ကြား ဆက်သွယ်မှု က ပျောက်ဆုံးခါနီးပါပြီ။ ဒါကြောင့် အော်ဟစ်ရုံပဲ တတ်နိုင်ပါတော့တယ်။

"ကလပ်" ကောင်းကင်ပေါ်မှာတော့ ရူဟန်က သူ့ရဲ့ ခေါက်ယပ်တောင်ကို ပိတ်လိုက်တယ်။ သူ့မျက်နှာပေါ်မှာတော့ အပြုံးပန်းတွေ ဝေနေတယ်။

သူ ယပ်တောင်ကို ပိတ်လိုက်ချင်းချင်းမှာဘဲ သံရည်ဘောလုံးကြီးရဲ့ သံလက်ချောင်းတွေက ရွှေကြာပန်း ကမ္ဘာကနေ ပျောက်ကွယ်သွားခဲ့တယ်။

သူတို့က ဒီမုန်တိုင်းကို ကျော်ဖြတ်နိုင်ခဲ့ကြ ပါပြီ။

ကြီးမားတဲ့ ကပ်ဘေးကြီးက နောက်ဆုံးမှာ ကုန်လွန်သွားခဲ့ပြီ။

ရွှေကြာပန်း ကမ္ဘာကြီး တစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်သွားတယ်။

အချိန်တော်တော် ကြာပြီးတဲ့နောက် ကျောင်းတော်သားနယ်မြေ က ကျင့်ကြံသူတွေက အောင်ပွဲအထိမ်းအမှန် နဲ့ ဟစ်ကြွေးလိုက်ကြတယ်။ သူတို့မျက်နှာပေါ်မှာ မျက်ရည်တွေက စီးကျနေတယ်။ သူတို့ သေရတော့မယ် ဆိုတာကို လက်ခံပြီးသားပါ။ ဒီလိုပုံစံမျိုး အဆုံးသတ်သွားလိမ့်မယ် လို့ ထင်တောင် မထင်မိပါဘူး။

အားလုံးကို ခေါင်းမော့ပြီး ရူဟန်ကို ကယ်တင်ရှင်အဖြစ် ကြည့်လိုက်ကြတယ်။

ဒီအချိန်မှာတော့ ရူဟန်ရဲ့မျက်မှာပေါ်မှာ အလင်းရောင်အလွှာတွေ ဖုံးကာနေတယ်။ တိတိကျကျ ပြောရရင် သူ့မျက်နှာကို ကြည့်လိုက်ရင် ဒီအလင်းရောင်တွေ ပဲမြင်ရမှာ ဖြစ်ပါတယ်။ ဒါက ကြည့်ရှုသူတွေကို ပိုမို နက်ရှိုင်းတဲ့ ခံစားချက် ဖြစ်ပေါ်စေတယ်။

ကောင်းကင်ပေါ်မှာတော့ ရူဟန်က သူ့ရဲ့ ခေါက်ယပ်တောင်ကြီးကို ပုတ်လိုက်ပြီး ခါးကြားမှာ ချိတ်ဆွဲလိုက်တယ်။ ပြီးနောက် သူ့အကျႋထဲက တစ်စုံတစ်ခုကို ထုတ်ယူလိုက်တယ် "ဝမ်းသာစရာပဲ။ ဝမ်းသာစရာကောင်းတယ်။ အောင်ပွဲခံတဲ့ အနေနဲ့ သောက်ကြစို့"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now