အပိုင်း (၆၉၇)

182 42 1
                                    


#Unicode

ကြီးမြတ်တဲ့ အဖြူ အစစ် ဟုတ်၊မဟုတ် စမ်းကြည့်ရမယ်။

"သူငယ်ချင်းလေး ရူဟန် က အရက်မူးနေရင် တကယ်ပဲ လုပ်ချင်တာ လုပ်တတ်တာပဲ" လှိုင်းသုံးခု က သူ့နှဖူးပေါ်က ချွေးတွေကို သုတ်လိုက်တယ်။ မူးရင် မြေပေါ်လှဲအိပ်နေတာ ကံကောင်းလို့ပါပဲ။ မဟုတ်ရင် သူ့ကို မီးသဂြိုလ် ဖြစ်မှာ သေချာပါတယ်။

သူက သူငယ်ချင်းလေး ရူဟန်ကို နည်းနည်းလေး စလိုက်တာပါ။ ရလာဒ်က မီးသဂြိုလ်ခံရမလို ဖြစ်သွားခဲ့တယ်။

လှိုင်းသုံးခု က အတွေးနက်နေတုန်းမှာပဲ ဖောအောက်က သူ့ဘေးနားကို ရောက်လာပြီး ဆောင့်ကြောင့်ထိုင် လိုက်တယ် "တာအိုရောင်းရင်း လှိုင်းသုံးခု.. ဘယ်လိုနေလဲ"

လှိုင်းသုံးခု က ခံစားချက် အပြည့်နဲ့ သက်ပြင်းချပြီး ပြောလိုက်တယ် "ငါသေတော့မလို့"

"သေလို့မဖြစ်ဘူး။ ဒါဆိုရင် ဒီစာရင်းကို ငါဘယ်သူ့သွားပေးရမှာလဲ" ဖောအောက်က ရယ်လိုက်တယ်။ ပြီးနောက်ရှည်လျားလှတဲ့ ငွေစာရင်းစာရွက်ကြီးကို ထုတ်ယူပြီး လှိုင်းသုံးခု ဆီကို လက်ဆင့်ကမ်းလိုက်တယ်။

"ဒါဘာလဲ" လှိုင်းသုံးခု မေးလိုက်တယ်။

ဖောအောက် က ပြန်ပြောလိုက်တယ် "ဒါက အစ်ကိုတော် ဆေးဆရာ မင်းဖို ပြင်ဆင်ပေးထားတဲ့ ဆေးကုသစားရိတ်လေ"

လှိုင်းသုံးခု က ကြောင်သွားတယ် "ဘာ"

သူ့ကို တစ်ချိန််လုံး နှိပ်စက် ပြီးတာတောင်မှ ဆေးကုသစားရိတ်ပြန်တောင်းရဲသေးတယ်ပေါ့။လှိုင်းသုံးခု ကို ဒီလို အနိုင်ကျင့်လို့ ရမယ်လို့ ထင်နေတာလား။

ဖောအောက်က ပြောလိုက်တယ် "အစ်ကိုတော် လှိုင်းသုံးခု .. အဆုံးထိ အရင်ဖတ်အုန်း"

လှိုင်းသုံးခု က ဇဝေဇဝါ ဖြစ်သွားတယ်။ နောက်တော့ သူက စာရင်းစာရွက်ကို ကြည့်လိုက်တယ်။ စာရင်းပေါ်မှာတော ့တန်ဖိုးကြီးမားလှတဲ့ ဆေးပစ္စည်းတွေ ပါဝင်နေတယ်။ တစ်ခုချင်းစီတိုင်းက ခန္ဓာကိုယ်ကို အသစ် ပြန်လည် ပုံသွင်းပေးနိုင်တဲ့ စွမ်းရည်တွေ ရှိပါတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now