အပိုင်း (၇၅၉)

193 35 0
                                    


#Unicode


ငါတို့ရဲ့ ဓားမော့နည်းစနစ် က အရမ်း ကောင်းတယ်လေ။ အထက်အဆင့်ကို တက်ကြမလား။

သားရဲမိစ္ဆာက နောက်ထပ်တိုက်ခိုက်မှုမှာ ဒီသေးငယ်တဲ့ ကျင့်ကြံသူလေးက တကိုယ်လုံး စုတ်ပြတ် သတ် သွားမယ်လို့ ယုံကြည်နေပါတယ်။

ဒီချွန်ထက်တဲ့ လက်သည်းတွေက သွေးနံ့တွေကို ငတ်ပြတ်နေတယ်။

နောက်တော့ သားရဲမိစ္ဆာရဲ့ စိတ်ထဲကို အတွေးတစ်ခုက ဝင်ရောက်လာတယ်။ ဒီကျင့်ကြံသူလေးက မြေပေါ်မှာ လှဲနေပြီး ဗိုက်က ပွင့်ထွက်နေပြီး အတွင်းမှ ကလီစာတွေက ထွက်ကျနေတာပါ။

ဒီအတွေးနဲ့တင် သွေးတွေ ပွက်ပွက်ဆူလာတယ်။

"ကလန်"

သားရဲမိစ္ဆာရဲ့ လက်သည်းတွေ က ရူဟန်ရဲ လက်တွေနဲ့ ထိတွေ့ချိန်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးကို သတ္တုသံတွေ ထွက်ပေါ်လာစေတယ်။

တစ်ချိန်တည်းမှာပဲ ကြမ်းတမ်းတဲ့အားအင်တစ်ခုက လက်သည်းကို နောက်ပြန်ကန်ထွက်စေပြီး လက်သည်းတစ်ခုလုံး ထုံကျင်သွားစေတယ်။

သတိတောင်မထားမိဘဲ ရူဟန်ရဲ့ လက်မောင်းအရောင်က သတ္တုအရောင်ကို ပြောင်းလဲ သွားတယ်။ သားရဲမိစ္ဆာရဲ့ စွမ်းအားပြင်းတိုက်ခိုက်မှုက သတ္တုလက်ကို ခြစ်ရာတောင် မထင်စေပါဘူး။

"ဟီးဟီး .. ငါ့ရဲ့ သံမဏိလက်ကို ပန်းပဲထုဖို့ပဲ သုံးလို့ရတယ်လို့ မင်းထင်နေတာလား" ရူဟန် က ရယ်လိုက်တယ်။ ပြီးနောက် သူ့ရဲ့သတ္တုလက်ကို ဆန့်တန်းပြီး မိစ္ဆာရဲ့ လက်သည်းကို လှမ်းဆွဲလိုက်တယ်။

နောက်တော့ သူက ကိုယ်ကာယအားသက်သက်ကို အသုံးပြုပြီး မိစ္ဆာကို ဝေ့ယမ်းလိုက်တယ်။

ဒါက မေမေလိုင်ချီးသူ့ကို လွှဲပြောင်းပေးအပ် ထားတဲ့ ပြိုင်ဘက်ကင်းစွမ်းရည်တစ်ခုဖြစ်တဲ့ လေမီးဘီး ပါ။ ဒါက မူးဝေ၊ အော့အန် စေရုံတင်မကဘဲ ခြေထောက်တွေ ပျော့ခွေတာ စတဲ့ ဆိုးကျိုးတွေကို ပေးစွမ်းတယ်။

ဒီပြိုင်ဘက်ကင်း နည်းစနစ်က တကယ့်ကို ကြောက်စရာပါပဲ။ ဟုတ်တယ်မလား။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now