အပိုင်း (၈၃၆)

151 31 0
                                    


#Unicode


ဒါက သောက်ကျိုးနည်း ရှက်ရွံ့စရာ ကောင်းတယ်။

မဖြစ်နိုင်ဘူး။ ဒါက ပိုက်ဆံပေးပြီး အဆင့်တက်လို့ရတဲ့ ဗီဒီယိုဂိမ်းလည်း မဟုတ်ဘူးလေ။ ဒါက ကျင့်ကြံခြင်းလောကပဲ။ ဒီလို လွယ်လွယ်ကူကူ အဆင့်တက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။

".. အခု .. ငါနဲ့သာ မတွေ့ဘူးဆိုရင် မင်းတို့ ဘယ်ကို သွားမှာလဲ" ရူဟန် က မေးလိုက်တယ်။

ဂေါင်ဂေါင်က ချောင်းဟန့်ပြီး ပြောလိုက်တယ် "စီနီယာအစ်ကိုရူဟန်.. ငါတို့ ဒီမေးခွန်းကို မဖြေလို့ရမလား"

"ဟီးဟီး .. ချီးထွက်အောင် အရိုက်ခံချင်တယ် ဆိုရင်တော့ ရတာပေါ့" ရူဟန် က မေးဆတ်ပြီး ပြောလိုက်တယ် "ဂေါင်ဂေါင် ငါမင်းကို တစ်ခု သတိပေးချင်တယ်။ ငါက အခု တတိယအဆင့် တိမ်ဖုံးလမရီဒန် အဆင့် ကို ရောက်နေပြီ။ ဒါကြောင့် ထွက်ပြေးဖို့ ကိစ္စကို မေ့ထားတာ ကောင်းမယ်"

ကိုရင်လေးက မျက်လုံးပြုးသွားတယ်။ စီနီယာအစ်ကို ရူဟန် က တကယ်ပဲ တတိယအဆင့်ကို ရောက်နေပါပြီ။ ဒါက ဂိမ်းခိုးဆော့ တာ ပဲ။

ဒါပေမဲ့ ဒီအချိန်မှာပဲ အကြီးမလေး က ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ် "စီနီယာအစ်ကိုရူဟန် .. ငါတို့က ဂျင်နန်ကို သွားဖို့ စီစဉ်ထားတာ"

သူတို့သုံးယောက်ရဲ့ စွမ်းအင်အဆင့်နဲ့ မိစ္ဆာတွေကို ခြေမှုန်းဖို့ဆိုတာ ခက်ခဲလိမ့်မယ် လို့ သူမ ယုံကြည်တယ်။ ဒါကြောင့် တတိယအဆင့်ကို ရောက်ပြီးသား စီနီယာအစ်ကို ရူဟန် နဲ့ သာ သွားမယ်ဆိုရင ်အောင်မြင်မှုနှုန်း ပိုမိုများလာမှာပါ။

ဒါပေမဲ့ ပြဿနာတစ်ခု ရှိနေပါတယ်။ မိစ္ဆာတွေကို တိုက်ခိုက်ဖို့ သူတို့ဘယ်လိုမျိုး စီနီယာအစ်ကို ရူဟန် ကို သွေးဆောင်ရမလဲ။

မဟုတ်ဘူး။ နေအုန်း အဓိကပြဿနာရှိသေးတယ်။ စီနီယာအစ်ကိုရူဟန် က စီနီယာအစ်ကို သုံးရက်ဘုန်းကြီးလေး ဆီက တာဝန်ကို လက်ခံယူထားတာ မဟုတ်လား။ တာဝန်က သူတို့ကို ပြန်ပို့ပေးဖို့လေ။

"အမ်.. မင်းတို့လည်း ဂျင်နန်ကို သွားမှာလား" ရူဟန် က သူ့သေတ္တာကို ဆွဲပြီး မျက်မှန်ကို ပင့်တင်လိုက်တယ်။ ခဏလောက်စဉ်းစားပြီးတဲ့နောက် သူက ပြောလိုက်တယ် "ဒါဆိုရင် စီနီယာအစ်ကို သုံးရက် ဘုန်းကြီးလေး မလာခင် ငါ့နဲ့ ဝန်ကျန်းကို လိုက်ခဲ့ကြ။ မနက်ဖြန်ထိ ဝန်ကျန်းကို မလာဘူးဆိုရင် ငါမင်းတို့ကို ဂျင်နန်ဆီ ခေါ်ခဲ့မယ်။ ငါ အဲ့မှာ ကျောင်းအပ်ရအုန်းမှာ"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now