အပိုင်း (၆၉၉)

178 34 0
                                    


#Unicode


စီနီယာ အဖြူ မနေ့ညက အိမ်မက်ထဲမှာ ငါက "beep.. beep.. beep.." နဲ့ တွေ့ခဲ့တယ်. အမ်.."

ရူဟန် က အားတင်းပြုံးလိုက်ပြီး သူ့ဦးနှောက်ကို အမြန်ဆုုံး အလုပ်ပေးလိုက်တယ်။ စီ်နီယာ အစ်မရီရဲ့ မေးခွန်းကို အကောင်းဆုံးဖြေနိုင်မယ့် နည်းလမ်း ကို စဉ်းစားနေတာပါ။

သူမ ကို အမှန်တိုင်းပြောပြ လိုက်ရမှာလား။

ဒီဖြစ်ရပ်က မထင်မှတ်ထားလောက်အောင် ဖြစ်ပေါ်ခဲ့တာပါ။ ကြိးမြတ်တဲ ့အဖြူ ရဲ ့အပန်းဖြေ အိမ်ရာက ကြည်လင်သလင်းခန်းမဆောင် အဟောင်းဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အခုတော့ စီနီယာ အစ်မရီ က သူမရဲ့ မှတ်ဉာဏ်တွေကို ပြန်ရနေပါပြီ။

ခန်းမသခင်ချူ တစ်ချိန်လုံးဖုံးကွယ်ခဲ့တဲ့ အရာက ဒီလိုပဲ ပေါ်ပေါက် သွားတာလား။

"ငါဘာလဲ.. ရူဟန် .. ငါက မကျွတ်လွတ်သေးတဲ့ ဝိညာဉ်လား။" ရူဟန်က သူမ မေးခွန်းကို ချက်ချင်း ပြန်မဖြေတာကြောင့် စီနီယာ အစ်မရီရဲ့ နှလုုံးခုန်သံတွေက မြင့်တက်လာတယ်။

သူမရဲ့ မှတ်ဉာဏ်တွေ အရဆိုရင် သူမ က ဆိုးရွားတဲ ့ကိစ္စနဲ့ သေဆုံးခဲ့ပါတယ်။ ကြည်လင်သလင်း ခန်းမဆောင် တစ်ခုလုံး က မထင်မှတ်ထားတဲ့ ကပ်ဘေးတစ်ခုမှာ ပါဝင်ခဲ့ရပြီး တစ်စစီ ဖြိုဖျက်ခံလိုက်ရပါတယ်။ သူမ ရဲ့ သေဆုံးခြင်းကို သူမ ဘယ်လောက် ဒေါသထွက်ပြီး မုန်းတီးနေမလဲ ဆိုတာကို လွယ်လွယ်ကူကူ နဲပ ခန့်မှန်း နိုင်ပါတယ်။ ဒါကြောင့် သူမ က အမုန်းတရားကြီး မားမှု ကြောင့် မကျွတ်လွတ်တဲ့ ဝိညာဉ်ဖြစ်လာနိုင်တယ်လေ။

"မင်းက မကျွတ်လပ်တဲ့ ဝိညာဉ်လည်း မဟုတ်ဘူး" ရူဟန်က အသံကို အနူးညံ့ဆုံး ထားပြီး သူမ ကို နှစ်သိမ့်ဖို့ ကြိုးစားလိုက်တယ်။ ကြည့်ရတာ စီနီယာ အစ်မရီ ထပ်မံ စိုးရွံမှု တွေ ဖြစ်ပေါ်မလာအောင် အမှန်ကို ပြောပြတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ခန်းမ သခင်ချူ.. အခြေအနေ အရ ငါ့ကို အပြစ်မတင်ပါနဲ့တော့..

ဒါကြောင့် ရူဟန်က ပြန်ပြောလိုက်တယ် "ရီစင့်.. မင်းက စိတ်ဝိညာဉ်ကောင်ပဲ"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now