အပိုင်း (၈၈၃)

167 27 0
                                    


#Unicode


လျှပ်တပြက် တိုက်ခိုက်ချက်။

ကြက်သွန်လေး က တခြားဖုန်းနံပါတ် တစ်ခုခုကို သာ ဆက်လို့ ရနိုင်မယ်ဆိုရင် သူမ က သေအောင်ရိုက်သတ်မယ် ဆိုရင်တောင်မှ ရူဟန် ဖုန်းနံပါတ်ကို ခေါ်မှာ မဟုတ်ပါဘူး။

ပြီးတော့ ရူဟန်ကို ဖုန်းခေါ်တယ် ဆိုတာက သူမ ခက်ခက်ခဲခဲ ရရှိထားတဲ ့လွတ်လပ်မှုကို ပြန်ပေးလိုက်တာနဲ့ တူတူပါပဲ။

အခြားတစ်ဘက်က ပြောရမယ်ဆိုရင် ကြက်သွန်လေးက နှစ်ပေါင်းသုံးရာကြာအောင် အကျဉ်းချခံထားရပြီးမှ ထွက်ပေါ်လာတာပါ။ ပြီးတော့ သူမ က သေလမ်းရှာမိတာကြောင့် ရူဟန် ရဲ့ အရွယ်အစား လျော့ချခြင်း အိတ်ထဲမှာ နေထိုင်နေခဲ့ရတယ်။

ဒါကြောင့် ကြက်သွန်လေး ရဲ့ မျက်စိထဲမှာ ရွှေတောင်ကြီးတောင်မှ လွတ်လပ်ခွင့်လောက် အရေးမကြီးပါဘူး။

သူမ က နောက်ဆုံမှာ ရူဟန်ဆီက တန်ဖိုးဖြတ်မရတဲ ့လွတ်လပ်မှု ကို ရရှိခဲ့တာပါ။ ဒါပေမဲ ့အခု သူမ သေချာတောင်မှ မပျော်ရသေးဘူး ဒီအရာကို ပြန်ပေးရတော့မယ်။

သူမ ဘယ်လိုခံစားရမလဲ ဆိုတာကို မင်းတို့ နားလည်ရဲ့လား။

"ကြက်သွန်လေး . မင်းကိုး .. အခု ဘယ်မှာလဲ" ရူဟန်က ပြောလိုက်တယ်။

"ငါ့ကို ကယ်ပါ။ မြန်မြန် ငါ့ကိုလာကယ်ပါ။ ငါလက်ရှိမှာ ဌာနခွဲအောက် မြေအောက်ခန်းထဲမှာ ရှိနေတယ်။ နေရာတစ်ခုလုံးမှာ ငရဲပြည်ရဲ့ မိစ္ဆာစွမ်းအင်တွေ ပြည့်နှက်နေတယ်။ ဒီစွမ်းအင်တွေက အရမ်းကို သန့်စင်ပြီး အမဲရောင်ဆီတွေလိုဖြစ်နေတယ်။ ဒီအချိ်န်မှာ ပိရမစ်ကြီး တစ်ခုလုံး မှာ ဒါတွေ ပြည့်နေပြီ။ ငါတို့ အခန်းအပြင်ဘက်မှာ မိစ္ဆာစွမ်းအင်တွေ ပြည့်နေတယ်။ အတားအဆီးတွေကလည်း ကြာကြာခံမှာ မဟုတ်တော့ဘူး။ ဒါကြောင့် ငါ့ကို မြန်မြန်လာကယ်ပါ။ မင်းသာ ခြေတစ်လှမ်းနောက်ကျရင် ချစ်ဖို့ကောင်းတဲ ့ကြက်သွန်လေးကို မင်းမြင်ရတော့မှာ မဟုတ်ဘူး။" ကြက်သွန်လေး က အလောတကြီး ပြောလိုက်တယ်။ နောက်ဆုံးမှာတော့ သူမ က ရန်သူရှေ့မှာ အရှုံးပေးရပါပြီ။ ဒါက စိတ်ဓာတ်ကျစရာပဲ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now