အပိုင်း (၇၈၅)

169 34 0
                                    


#Unicode


အချိ်န်က တကယ်ပဲ တန်ဖိုးကြီးတယ်။

ပျော်ရွှင်မှုက ရုတ်တရက် ရောက်ရှိလာခဲ့တယ်။

ရွှေကြာပန်း အဖြစ်ကို ရောက်ရှိပြီး ကတည်းက သေလိုက်ရှင်လိုက် သံသရာ စက်ဝိုင်းကနေ လွတ်မြောက်နိုင်ဖို့ နည်းလမ်းကို ရူဟန်က အကောင်းဆုံးကြိုးစားပြီး ရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ သူမထင်မှတ်ထားဘဲဲ သူ့ရှေ့မှာ ထိုနည်းလမ်းက ပေါ်လာခဲ့ပါပြီ။

ထပ်ပြောရရင် နည်းလမ်းကလည်း အရမ်းရိုးရှင်းပါတယ်။

သူက သီချင်းဆိုပြီး ကလိုက်ရုံနဲ့ ရွှေကြာပန်းကမ္ဘာနဲ့ အမဲရောင်ကြာပန်းကမ္ဘာတို့ ကြားက ဆက်သွယ်မှုက ပျောက်ကွယ်သွားမှာပါ။

နောက်ဆုံးမှာတော့ အဆုံးမဲ့ သံသရာထဲက ချိုးဖောက်နိုင်မယ့် နည်းလမ်း သော့ချက်ကို ငါ ရှာတွေ့ပြီ။ အခု အိမ်မက်ထဲကနေ ထွက်ခွာနိုင်ဖို့ ပဲ စောင့်ဖို့ လိုတော့တယ်။ ရူဟန် က တွေးလိုက်တယ်။

အိမ်မက်ထဲက ထွက်ပြီးတဲ့နောက် သူက ဒီနှစ်ခုကြားက ဆက်သွယ်မှုကို ဖျက်နိုင်ဖို့ ချက်ချင်းက ရပါမယ်။ ဒါဆိုရင် သံလက်ချောင်း ပိုင်ရှင် က ရွှေကြာပန်း ကမ္ဘာကို ဆက်လက် တိုက်ခိုက်နိုင်မှာ မဟုတ်တော့ ပါဘူး။

ဒါဆိုရင် သူနဲ့ အတူတူ ပိတ်မိနေကြတဲ့ ကျောင်းတော်သားတွေ အားလုံးက အန္တရာယ်ကင်းပါပြီ။

ဒါပေမဲ့ ဖြေရှင်းရမယ့် တခြားနည်းလမ်းရှိနေပါသေးတယ်။ ကောင်းကင်ဆန္ဒအုပ်စိုးသူ နဂါးကျားကြီး သီဆိုကခုန်တာက နည်းနည်းကြာပါတယ်။

ဒါကြောင့် သူ့အနေနဲ့ အဲ့လောက် အချိန်ရဖို့ မလွယ်ပါဘူး။ သူက ဒီသီချင်းဆို ၊ ကခုန်တာကို လုပ်နေချိန်အတွင်းမှာ သံလက်ချောင်းကြီးက သူ့ကို ဆယ်ခါလောက် သတ်ပြီး ဖြစ်နေပါလိမ့်မယ်။

သူအသည်းနာနေပါတယ်။ ဒီနေ့တစ်နေ့တည်းမှာ သူဘယ်နှစ်ခါသေပြီးသွားပြီလဲ။

ရူဟန်က သူ့ဦးနှောက်ကို အလုပ်ပေးလိုက်တယ်။ အချိန်တိုအတွင်းမှာ သူက သီချင်းဆို ၊ကခုန်တာကို ဘယ်လိုလုပ်ရမလဲ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now