အပိုင်း (၈၇၉)

138 35 0
                                    


#Unicode


ကြက်သွန်လေး မကြားချင်ဆုံး အသံ။

ငါမင်းကို ချစ်တယ်ဆိုတာကို တကယ်ပဲ ပြောပြချင်တယ်။

အရောင်ပါတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းကလေး က ခြေလှမ်းကို အမြန်ဆုံးလှမ်းပြီး သူမ ချစ်ရသူ ဆီ အပြေးတပိုင်း သွားလိုက်တယ်။ သူမ က သူမ ရဲ့ လူသားပုံစံ ကို အများဆုံး မိနစ် သုံးဆယ်ပဲ ထိန်းသိမ်းထားနိုင်မှာပါ။ ဒါကြောင့် ဖြစ်နိုင်ရင် တစက္ကန့်လောက်တောင်မှ မဖြုန်းတီးချင်ပါဘူး။

သူမ က နီးကပ်လာလေ နှလုံးခုန်သံတွေ မြန်လာလေပါပဲ။ ဒီတစ်ကြိမ်မှာ သူမ က အသက်ကို ပြင်းပြင်းရှုပြီး လမ်းလျှောက်ရတဲ့ ဒုက္ခကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်တယ်။ သူမ က ခြေချော်ပြီး မြေပေါ်လဲကျမလို ဖြစ်သွားခဲ့တယ်။ သတိလက်လွတ်နဲ့ သူမ လက်တွေကိုတောင်မှ ယမ်းခါလိုက်မိတယ်။ ဒါပေမဲ့ ချက်ချင်းပဲ သူမ က လက်ရှိမှာ လူသားပုံစံ ဖြစ်နေတယ် ဆိုတာကို သတိပြုမိသွားတယ်။ သူမ က အတောင်ပံ ခတ်ဖို့ အတောင်ပံ မရှိပါဘူး။

မကြာမီမှာပဲ သူမ က သူမရဲ့ ခံစားချက်တွေကို ချစ်ရသူဆီ ပြောပြနိုင်တောမှာ ဖြစ်တယ်။

အရောင်ပါတဲ့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းကလေး က ချောမောလှတဲ့ သက်လတ်ပိုင်းလူကို အဝေးကနေ စိုက်ကြည့်လိုက်တယ်။

ဒီအချိန်မှာပဲ သူမ မျက်စိထဲမှာ တကမ္ဘာလုံး သူပဲ တည်ရှိနေတယ်။

ဒီအတောအတွင်း ..

မွန်းစတား အမဲလိုက်သူတွေ စုပြီး စကားပြောနေတာဖြစ်တာကြောင့် သူတို့ ပြောစကား တွေက ကျင့်ကြံခြင်းလောက ရဲ့ ကျော်ကြားတဲ့ အမျိုးသမီး ကျင့်ကြံသူတွေရဲ့အကြောင်းကို ရောက်ရှိသွားကြတယ်။ သူတို့က တာအိုလက်တွဲဖော်နဲ့ တူနှစ်ကိုယ် ကျင့်ကြံခြင်း အကြောင်းကို ပြောကြားနေတာ ဖြစ်တယ်။

"ငါက တူနှစ်ကို်ယ် ကျင့်ကြံခြင်း ပြုလုပ်နု်ိင်တဲ့ ကောင်တွေကို တကယ်ပဲ မနာလိုဘူး။ သတင်းတွေအရဆိုရင် တူနှစ်ကိုယ် ကျင့်ကြံခြင်းကို ပြုလုပ်နိုင်မယ်ဆိုရင် ကျင့်ကြံခြင်း အမြန်နှုန်းက အဆပေါင်းများစွာ တိုးမြင့်သွားမှာ ဖြစ်တယ်ဆို.. အမှန်ပဲလား" မွန်းစတးာ အမဲလိုက်သူ လူငယ်က မေးလိုက်တယ်။ ဒီမွန်းစတား အမဲလိုက်သူ က အသက် ၁၅၊ ၁၆နှစ်လောက် ရှိနေပါပြီ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now