အပိုင်း (၇၂၉)

172 30 0
                                    


#Unicode



ဒီအပြုံးက ရုပ်ဆိုးလွန်းတယ်။ တခြားဟာ ပြောင်းလိုက်။

တကယ်တန်း ဒါကို ပြုလုပ်တဲ့သူရဲ့ ရည်ရွယ်ချက်က ဓားပျံလိုမျိုး ဖိနပ်ပျံဆိုပြီး ပြုလုပ်တာ ဖြစ်တယ်။. ဒါပေမဲ့ မအောင်မြင်ခဲ့တာမို့ အရမ်းကို အားနည်းလွန်းတဲ့ ဖိနပ်ပျံလို အရာမျိုး ဖြစ်ပေါ်ခဲ့ပြိး ပါးပိတ်ရိုက်တဲ့ ဖိနပ် ဖြစ်ခဲ့တယ်။

တကယ်တော့ အလားတူ စမ်းသပ် တီထွင်မှုမျိုးကို ကျင့်ကြံသူတွေက ပြုလုပ်ခဲ့ကြပါတယ်။ ကျင့်ကြံသူ တော်တော်များများက အဆင့်လေး မရောက်ခင်မှာ ဓားပျံ စီးနိုင်ဖို့ အိမ်မက်တွေ ရှိကြတယ်။ ဥပမာအားဖြင့် ဆရာတော်တုံဇန် က တစ်ဝက်တပျက်ပဲ အရာထင်တဲ့ ဓားထိန်းချုပ်မှုု နည်းစနစ် ကို ဖန်တီးခဲ့သလို ဆေးဆရာကလည်း လေဘောလုံးကြီးလို ဖြစ်စေတဲ့ လူလုပ်ပိုးမွှားကို င်္တီထွင်ထားပါတယ်။

ဒီရှင်းပြချက်ကို ကြားတော့ ရူဟန်က ပါးပိတ်ရိုက်တဲ့ ဖိနပ်ကို တော်တော်စိတ်ဝင်စားစရာ ကောင်းတဲ့ အရာလို့ ခံစားမိလိုက်တယ် "ဆိုင်ရှင် .. ဒါက ဘယ်လောက်လဲ"

"တာအိုရောင်းရင်း ဒါကို မင်းကြိုက်တယ် ဆိုရင် အရင်းစျေးနဲ့ပဲ ရောင်းပေးလိုက်မယ်။ အရင်းစျေးက တတိယအဆင့် စိတ်ဝိညာဉ် ကျောက်တုံး ငါးတုံးပဲ" ဆိုင်ရှင် က တောက်ပစွာ ပြုံးလိုက်တယ်။

စောနတုန်းက အားရှှိလျှူ ဝယ်ယူခဲ့တဲ့ ဖိနပ်တစ်ရံ ထက်တောင်မှ ပိုပြီး စျေးကြီးနေပါသေးတယ်။

ဒါပေမဲ့ ဒီစျေးနှုန်းက သူတတ်နိုင်တဲ့ ဘောင်အတွင်းမှာ ရှိနေပါတယ်။ "ကောင်းပြီ။ ငါဝယ်မယ်"

ဆိုင်ရှင်က မြန်မြန်ပဲ ညှပ်ဖိနပ်ကို ရူဟန် ဖို့ ထုတ်ပေးလိုက်တယ်။ထုတ်ထားတဲ့အိတ်ထဲမှာတော့ ညှပ်ဖိနပ်က တစ်ရံပါ။ ဘယ်ဖက် ညှပ်ဖိနပ် က သာမာန်ထက် ပိုအကြမ်းခံတဲ့ ရိုးရိုးညှပ်ဖိနပ် တစ်ဖက် ဖြစ်ပြီး ညာဖက်ကတော့ ပါးပိတ်ရိုက်တဲ့ ညှပ်ဖိနပ် ဖြစ်ပါတယ်။

ရူဟန် နဲ့ အားရှီလျှူ တို့က သဘောတကျ နဲ့ ဆိုင်ကနေ ပြန်ထွက်လာကြတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now