အပိုင်း (၇၈၀)

175 36 3
                                    


#Unicode


မေးခွန်း - သေတာထက် ကြောက်စရာကောင်းတာ ဘာလဲ။

နောက်တော့ အစစ်အမှန် နတ်ဘုရား ထာဝရမီး က အားသုံးပြီး ရူဟန်ကို တွန်းလွှတ်လိုက်တယ်။ သူက ရူဟန်ကို ရွှေကြာပန်းကမ္ဘာရဲ့အပြင်ဘက် ဆီကို တွန်းပို့ချင်တာပဲ ဖြစ်တယ်။

ဒါပေမဲ့ ဒီအချိန်မှာပဲ ကောင်းကင်ပေါ်ကနေ ဒေါသထွက်တဲ ့အသံတစ်ခုက ထပ်မံပေါ်ထွက်လာတယ် "ဒေါသထွက်တဲ့ အပြုံး.. ချီးကောင်တွေ .. ငါမင်းတို့ အားလုံးကို သတ်မယ်။"

အသံက မိုးကြိုးပစ်သံ လိုပါပဲ။ အစစ်အမှန် နတ်ဘုရား ထာဝရမီး နဲ့ ရွှေကြာပန်းကမ္ဘာကြီးက တစ်သားတည်း ဖြစ်နေပါပြိ။ ဒါကြောင့်သူ့ကို ပါ သက်ရောက်လာခဲ့တယ်။ သူ့ရဲ့ တွန်းထုတ်လိုက်တဲ့ လက်ဝါးက တည်နေရာ ပြောင်းလဲသွားပြီး ရူဟန်ရဲ့ ခြေကျင်းဝတ်ကို ရိုက်နှက်မိတယ်။

"ဖျောက်" ရူဟန်က မြေပေါ်လဲကျသွားတယ်။ သူက ဒီလို ဖြစ်လိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ပါဘူး။

တစ်ချိန်တည်းမှာပဲ သံလက်ချောင်းကြီးက မိစ္ဆာစွမ်းအင်တွေ ထုတ်လွှတ်လိုက်တယ်။ ဒါက ငရဲပြည်ရဲ့ ပင်တိုင်စွမ်းအင်တွေပါ။ တော်တော်ကြီးကို မြင့်မားတဲ့ စွမ်းအင်တွေ ဖြစ်တယ်။ ဒီလိုသန့်စင်တဲ့ မိစ္ဆာစွမ်းအင်တွေက ကျင့်ကြံသူတွေကို သေစေနိုင်တဲ့အဆိပ်လိုပါပဲ။ ဒါနဲ့ ထိတွေ့မိရင် သူတို့ရဲ့အကာအကွယ်တွေက အားနည်းသွားပြီး ခန္ဓာကိုယ်မှာ လာရောက် စုဝေးနိုင်ပါတ်ယ။

သံလက်ချောင်းကြီးရဲ့ တိုက်ခိုက်မှုက ပြီးဆုံးသွားခဲ့တယ်။ လက်ချောင်း ရဲ့ ထိန်းချုပ်မှုအောင်မှာတော့ ငရဲပြည်ရဲ့ မိစ္ဆာစွမ်းအင်တွေက မုန်တိုင်းတစ်ခုလိုပဲ ရွှေကြာပန်း ကမ္ဘာကြီးတစ်ခုလုံးကို တိုက်စားသွားတယ်း ဒီမုန်တိုင်းက အရာအားလုံးကို အစိတ်စိတ် ပိုင်းစေတဲ့ အားအင်မျိုးရှိပါတယ်။

တကယ်တော့ ဒါက သာမာန်လေအမျိုးအစား မှော်နည်းစနစ် တသ်ခုပါပဲ။ ဒါပေမဲ့သံလက်ချောင်းကြီးရဲ့ ထိိန်းချုပ်မှု အောက်မှာတော့ ဒီသာမာန်လေ အမျိုးအစား နည်းစနစ် တစ်ခုက အရာအားလုံးကို တိုက်စားသွားနိုင်တဲ့မုန်တိုင်း တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now