အပိုင်း (၇၇၆)

170 42 1
                                    


#Unicode


ငါက ပင်ပန်းနေတာကြောင့် အနားယူချင်နေပြီ။

"ရူဟန် .. စာမေးပွဲဖြေတဲ့ တည်နေရာကနေ ပြီ မင်း သတင်းတစ်ချို့ရခဲ့လို့လား" အားရှီလျှူ က မေးလိုက်တယ်။

ရူဟန်က ခေါင်းညိတ်လိုက်တယ်။ ပြီးနောက် လျှို့ဝှက်အသံပို့နည်းစနစ် ကို အသုံးပြုပြိး စီနီယာအဖြူနှစ် ပြောခဲ့တဲ့ ကိစ္စအားလုံးကို အားရှီလျှူ နဲ့ ယုကျောင်းကျောင်းတို့ကို ပြောပြလိုက်တယ်။

အားရှီလျှူက လျှို့ဝှက် အသံပို့နည်းစနစ် နဲ့ ပြောလိုက်တယ် "ဒါဆိုဘယ်လိုလုပ်မလဲ။ ဒါပေမဲ့ ငါတို့ ဘာလုပ်နိုင်မှာလဲ။ ပြီးတော့ ငါတို့က ရွှေကြာပန်း ကမ္ဘာထဲကို ဝင်လို့ မရနိုင်ဘူးလေ။"

"ဒါဆိုရင် ဒီတိုင်းပဲ ခိုးဝင် ရမလား" ယုကျောင်းကျောင်းက ဝင်ပြောလိုက်တယ်။

အားရှီလျှူ က ခေါင်းခါပြီး ပြောလိုက်တယ် "ဒါက ငါတို့ လုပ်နိုင်စွမး်ထက် ပိုနေတယ်။ ကျောင်းတော်သားနယ်မြေ က လက်ရှိမှာ စွမ်းအားမြင့် ကျွမ်းကျင်သူတွေ ရှိနေပြိး သူတို့အားလုံးက ရွှေကြာပန်းနားမှာ ရှိနေလိမ့်မယ်။ ငါတို့ သုံးယောက် က အဲ့နေရာကို ခိုးဝင်နိုင်လောက်တဲ့ စွမ်းရည်မျိုးမရှိ ကြဘူး။ ပြီးတော့ ခိုးဝင်လို့ ဖမ်းမိသွားခဲ့ရင် အငြင်းပွားစရာတွေ ဖြစ်လာနိုင်တယ်။"

ယုကျောင်းကျောင်း က ပြောလိုက်တယ် "ဒါဆိုရင် မင်းဘာကြောင့် ကိုးစီရင်စု က စီနီယာတွေကို အကူအညီ မတောင်းတာလဲ။ ငါတို့က လူများလေ ကောင်းလေပဲ မဟုတ်လား။ ထပ်ပြောရရင် စီနီယာတွေက နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်လာခဲ့တာ။ တော်တော်ကြီး များပြားတဲ့ အတွေ့အကြုံတွေ ရှိနေတယ်။ သူတို့ဆီမှာ အကြံကောင်းတွေ ရှိနေနိုင်တယ် မဟုတ်လား။"

ရူဟန်က ပြန်ပြောလိုက်တယ် "ကြည့်ရတာ ဒီတစ်လမ်းပဲ ရှိတော့တယ်။"

"ငါ ဂရုထဲကို စာပို့လိုက်မယ်" အားရှီလျှူ က မြန်မြန်ပဲ ရူဟန် ပြောတဲ့ အကြောင်းအရာတွေကို စာရေးပို့လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now