အပိုင်း (၇၁၉)

165 36 0
                                    


#Unicode


 
ရူဟန်.. ဒီအစ်မကြီးက ဘယ်သူလဲ..အမ်...။

ဒီတစ်ကြိမ်မှာတော ့စီနီယာအဖြူ ဆက်မအိပ်နေလောက်ဘူး မဟုတ်လား။

ဒါကြောင့် ရူဟန် က မြန်မြန်ပဲ လျှို့ဝှက် အသံပို့နည်းစနစ် နဲ့ လှမ်းပြောလိုက်တယ် "စီနီယာ အဖြူ. မြန်မြန်ထတော့။ ရိုက်ကွင်း က စတော့မယ်။ ဒါကြောင့် မင်းက ထသင့်ပြီ

"ဟမ်..မြန်လိုက်တာ" ကြီးမြတ်တဲ ့အဖြူ ရဲ ့အသံက ပိုးအိမ်ထဲကနေ ထွက်ပေါ်လာတယ်။ နောက်တော့ အထဲကနေ ဆူညံသံတွေ ထွက်ပေါ်လာတယ်။

ရူဟန်က ပိုးအိမ်ကို ပုတ်ပြီး အော်လိုက်တယ် "မြန်တယ်ဟုတ်လား။ ငါက ဆယ်စုနှစ် တစ်ခုစာလောက်ကို ထင်နေတာ။ ကျေးဇူးပြုပြီး မြန်မြန်ထတော့။ ထပ်ပြောရရင် ဒီပိုးအိမ်ကြီကို ဖယ်ပေးပါအုန်း။ ဒါဖိထားတာ ကြာတော့ အသက်ရှုကြပ်လာပြီ။ မိစ္ဆာနဂါးဆေးကို သာ မသောက်ထားရင် နံရိုးတွေ ကျိုးတာကြာပြီ"

" သူငယ်ချင်းလေး ရူဟန်က တကယ်ပဲ စိတ်မရှည်ဘူးကိုး" ကြီးမြတ်တဲ ့အဖြူက ပြောလိုက်တယ် "နေအုန်း။ ငါချက်ချင်း ထွက်လာမယ်"

ကြီးမြတ်တဲ ့အဖြူ ရဲ ့အသံကို အနားမှာ ရှိတဲ ့လူအားလုံးက ကြားလိုက်တယ်။ကြိုးကြာဖြူ နဲ ့ဘာမှန်းသေချာ မသိတဲ ့ရီစင့်တို့က နောက်ကို ဆုတ်လိုက်ကြတယ်။ အစောကြီးထဲ က သတိအပြည့်ရှိပြီးသားဖြစ်တဲ ့မြောက်ပိုင်းမြစ်က ငါးမီတာ အကွာမှာ ရှိနေပါတယ်။ သူက လာကတည်းက အဲ့ထက် ပိုမတိုးထားပါဘူး။

စီနီယာ အဖြူက စည်းခတ်ထားတဲ ့ပစ္စည်းထဲက ထွက်လာပြီဆိုရင် အရှိန်အဟုန် နဲ့ ထွက်လာမှာပါ။ ဒါကြောင့် လိုအပ်မယ်ထင်ရင် ၁၀ မီတာလောက်အကွာ မှာ နေသင့်ပြီး အကာအကွယ် စည်းတွေဘာတွေ ကိုယ်မှာ ချထားသင့်ပါတယ်။

"......." ရူဟန်။

ငါတို့က ပျော်ရွှင်မှု တွေ၊ ဝမ်းနည်းမှုတွေကို မျှဝေသင့်တယ် မဟုတ်ဘူးလား။

ပြောရရင် ကြီးမြတ်တဲ ့အဖြူကလည်း အဲ့ဒီလိုမျိုး ထွက်မလာလောက်ဘူး မဟုတ်လား။ ပြီးတော့ ပိုးအိမ်ဆိုတာ ကျောက်တုံးနဲ့ မတူပါဘူး။ ဒါကြောင့် အကျိုးဆက် က မတူလောက်ဘူးလေ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now