အပိုင်း (၈၆၈)

160 30 3
                                    


#Unicode


ငါ ဘာကိုတွေ့တာလဲ ခန့်မှန်းကြည့်စမ်း။ ပိုးအိမ်ကြီးကွ။

"ချီးတဲ့မှ ... ငါက ဒီအခြေအနေ နဲ့ ငရဲပြည်ကို သွားလို့မဖြစ်တော့ဘူး" အမျိုးသမီး ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကျင့်ကြံသူ က စိုးရိမ်သွားတယ်။

ဒါကြောင့် သူက သူ့ရဲဲ့ ရွှေရောင်ကပ်ကြေးကြိးကို စီးနင်းပြီး လေထဲမှာ ရပ်တန့်လိုက်တယ်။ ပြီးနောက် သူက ငရဲပြည်ကို သွားတဲ့လမ်းမှာပဲ ရှိသေးတာကို အခွင့်အရေးယူပြီး သူ့ရဲ့ မှော်ရတနာကိုု အရူးအမူး အသက်သွင်းကာ အဓိကကမ္ဘာဆီကို ပြန်လိုက်တယ်။

ဒါပေမဲ့ သူမေ့နေတာ အဓိက ကမ္ဘာမှာ ပိုပြီးကြောက်ဖို့ကောင်းတဲ့ တစ်စုံတစ်ခု က သူကို စောင့်နေတယ် ဆိုတာပါပဲ။

ပြိးနောက် အဆင့်ငါး ကောင်းကင်ဘုံကပ်ဘေးကလည်း အချိန်မရွေး ကျဆင်းလာနိုင်တယ်လေ။

သူ့ကို အဓိက ကမ္ဘာမှာ စောင့်နေတာက အဆင့်ငါး ကောင်းကင်ဘုံကပ်ဘေးပဲ ဖြစ်ပါတယ်။

ဒီအတောအတွင်း .. လေထဲမှာတော့ ... ရူဟန် ရဲ့ ရင်ဘတ်ထဲက ထွက်လာတဲ့ ရွှေကြာပန်း ပုံရိပ်ယောင်က ပျောက်ကွယ်သွားပါပြီ။

ဂေါင်ဂေါင်၊ ရှစ် နဲ့ ကျုး တို့က သူ့ရင်ဘတ်ကို ချီးကျုးမှု အပြည့်နဲ့ ကြည့်နေကြတယ်။ စီနီယာအစ်ကို ရူဟန် ရဲ့ ရင်ဘတ်ကနေ ရွှေကြာပန်း ကြီး ထွက်ပေါ်လာလိမ့်မယ်လို့ သူတို့ မထင်ထားမိပါဘူး။ ဒီအရာက ငရဲဲပြည်သွားတဲ့ လမ်းဆီ လိုက်သွားပြီး အမျိုးသမီး ဝတ်စုံ ဝတ်ထားတဲ့ ကျင့်ကြံသူ ကို သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။.

ပြီးနောက် ဂေါင်ဂေါင် က ဘယ်လို မှော်နည်းစနစ် မျိုးလဲ အသုံးပြူလဲ ဆိုတာကို မေးမြန်းဖို့ ပြင်လိုက်ချိန်မှာပဲ ရူဟန်က ရုတ်တရက် မြေပေါ် လဲကျသွားတယ်။

"စီနီယာအစ်ကို ရူဟန် .." ရှစ် နဲ့ ကျုး တို့က အလန့်တကြား အော်ဟစ် လိုက်တယ်။

ရီစင့်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး အေးခဲသွားတယ်။ ဒါပေမဲ့ ခဏလောက်ကြာတော့ သူမ ပြုံးလိုက်တယ်။ ပြီးနောက် လက်ကို ဆန့်တန်းပြီး ရူဟန် ခန္ဓာကိုယ်ကို လှန်လိုက်ပြိး မြေပေါ် လဲလှောင်းစေတယ်။ "မပူနဲ့ .. ရူဟန် ဘာမှမဖြစ်ဘူး။ သူ အစားများသွားလို့ပဲ။ ခဏနေရင် ကောင်းသွားလိမ့်မယ်"

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now