အပိုင်း (၈၅၄)

156 24 0
                                    


#Unicode


ထူးဆန်းတဲ့ မြူတွေ ပေါ်လာခြင်း။

ဒီအိမ်မက်ဆိုး ကျိန်စာက ရူဟန်ကို ထူးဆန်းတဲ့ အိမ်မက်နယ်မြေ ထဲကို အကြိမ်အနည်းငယ် ခေါ်သွားတဲ့ ကျိန်စာ နဲ့ တူတူပါပဲ။ စီနီယာ အဖြူ နှစ်ကသာ သူ့ကို မကာကွယ်ပေးဘူး ဆိုရင် သူ့စိတ်တစ်ခုလုံးက အိမ်မက်ဆိုးကျိန်စာ ထဲမှာ သေဆုံးသွားမှာပါ။

ဒါပေမဲ ့လက်ရှိမှာ ကျောင်းတော်သား နယ်မြေဆီက လက်ဆောင်ရထားတဲ့ သူတော်စင်ရဲ့ လက်ရေးမူ စာအုပ်က အလိုလို အသက်ဝင်ပြိး ကျိန်စာကို သူ့လက်မောင်းထက်မှာ စည်းခတ် ခဲ့ပါတယ်။

အခု အစစ်အမှန် နတ်ဘုရား ထာဝရမီးက ပင့်ကူရုပ်သေး ဘေးမှာ နေပြီး တန်ပြန် တိုက်ခိုက်မှု အစီအရင်ကို ပြုလုပ်နေတယ်။ ပြိးနောက် ရူဟန်ကို လက်ဆန့်ဖို့ ပြောပြီး ဘယ်လို စိတ်စွမ်းအင် တိုက်ခိုက်မှုမျိုး ပြုလုပ်မှာလဲ ဆိုတာကို မေးလိုက်တယ်။ ဥပမာ အားဖြင့် တစ်ဖက်လူရဲ့ စိတ်ထဲမှာ ကြောက်စရာ ပုံရိပ်တွေ ပေါ်လာပြီး ခြောက်လှန့်တာမျိုးပါ။

ရူဟန် က သခင်လေးဟိုင်ကို စကားအနည်းငယ် မှာဖို့ ပြင်ဆင်လိုက်တယ်။ ဒါပေမဲ့ သူက လက်ကို အစီအရင်မှာ တင်လိုက်တာနဲ့ တပြိုင်နက် ဘာတစ်ခွန်မှတောင် မပြောရသေးပါဘူး။ လက်ထဲမှာ ရှိတဲ့ အိမ်မက်ဆိုးကျန်စာက ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်၊

အိမ်မက်ဆိုးကျိန်စာ က သခင်လေးဟိုင် ဆီကို ရောက်သွားတာလား။ ရူဟန် တွေးလိုက်တယ် ။

တစ်ချို့သော အချက်အလက်တွေ ရရှိဖို့ သူက လက်ပေါ်မှာ စည်းခတ်ထားတဲ့ ကျိန်စာကို လေ့လာဖို့ စီစဉ်ထားတာပါ။ သူက လေ့လာလို့မအောင်မြင် ဘူးဆိုရင်တောင်မှ အကဲဖြတ်နည်းစနစ် ရှိသေးတယ်လေ။ ဒါဆိုရင် သတင်းအချက်အလက် တွေ ရနိုင်ပါတယ်။ ဒါပေမဲ့ သူ နည်းနည်းလေးမှ မထင်ထားဘဲ ဒီကျိန်စာ က ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။

ပြောရမယ် ဆိုရင် သူက ပင့်ကူ ရုပ်သေးကို လည်း အကဲဖြတ် နည်းစနစ် နဲ့ အသုံးပြုပြီး လေ့လာလို့ ရပါတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now