အပိုင်း (၈၃၁)

159 31 0
                                    


#Unicode


အင်တာနက် သူငယ်ချင်းနဲ့ လက်တွေ့ဘဝမှာ တွေ့ဆုံတဲ့ မွန်းစတား အမဲလိုက်သူ လူငယ်။

လူငယ်ရဲ့ မျက်နှာပေါ်မှာတော့ ကြေကွဲနေတဲ့ အမူအရာတွေ ပေါ်ပေါက်လာတယ်။

သူက လူအုပ်ကြီးကို ကြည့်လိုက်တယ်။

အဟွတ် ..

အွန်လိုင်းမှာ မှတ်ချက်လေး တစ်ခု ရေးလိုက်မိတာလေ။ ဘာကြောင့် ရေမီတာ လာစစ်တာပါလို့ ဆင်ခြေပေးပြီး အတင်းဝင်လာတဲ့ လူတွေက ငါ့ကို စာလုံးရေ တစ်သောင်းပါတဲ့ မှတ်ချက်ရေးခိုင်းရတာလဲ။ ငါက ငရဲပြည်ကို ကန်ချလိုက်သလိုပါပဲ။

ကမ္ဘာပျက်စစ်ပွဲ ကြေငြာ ထွက်လာချိန်မှာ လူငယ်က မိစ္ဆာဗိုလ်ချုပ်မင်ကြွီ အကြောင်းကို မှတ်ချက် ရေးမိတယ်။ ပြီးတော့ ညနေခင်းမှာပဲ သူ့အိမ်ကို လူတွေ ရောက်လာခဲ့တယ်။ ဒါ့အပြင် စာအိတ်နဲ့ ထည့်ထားတဲ့ ပိုက်ဆံကိုလည်း ပေးပါသေးတယ်။

ဒီလူတွေက ဦးနှောက်ပျက်နေပုံပေါ်တယ်။

မကြာမီမှာပဲ စိတ်တိုနေတဲ့ မျက်နှာ အသွင်အပြင် နဲ့ လူက သူ့ကို မိစ္ဆာဗိုလ်ချုပ် မင်ကြွီ အကြောင်း မှတ်ချက်ရေးခိုင်းပါတော့တယ်။ တာဝန်ပြီးမြောက်သွားခဲ့ရင် ဆုရမှာ ဖြစ်ပြီး မပြီးမြောက်ရင်တော့ ...

ဒါကြောင့် အဲ့ညနေခင်းကစပြီး လူငယ်က တစ်ညလုံးစာရေးပါတော့တယ်။

ဒါပေမဲ့ သေးငယ်တဲ ့အချက်အလက်လေးတွေကြောင့် သူက ဘယ်လို်မှရေးသားလို့မရပါဘူး။ ဒါကြောင့်ပဲ ရုပ်ရှင်တစ်ခုလုံးကြည့်ရဖို့ တောင်းဆိုခဲ့တယ်။

ဒါကြောင့်ပဲ စိတ်တိုနေတဲ့ မျက်နှာသွင်ပြင်ရှိတဲ့လူက လက်မှတ်နှစ်စောင်ကို နေရာကောင်းမှာ ရရှိအောင်ဝယ်ယူခဲ့ပြီး သူ့ကို ပြသခဲ့ပါတယ်။

ရုပ်ရှင်ပြီးသွားတဲ့နောက် ..

"အခု မင်းက စာလုံးရေ တစ်သောင်းရေးဖို့ ပြဿနာမရှိလောက်တော့ဘူး။ဟုတ်တယ်မလား" စိတ်တိုနေတဲ့မျက်နှာသွင်ပြ့င် ရှိတဲ့သူက မေးလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now