အပိုင်း (၇၃၀)

184 37 0
                                    


#Unicode



ဂေါင်မူမူ ရဲ့မင်္ဂလာမရှိတဲ့ ဇာတ်ညွှန်း.. တောက်..။

ကျောင်းတော်သား နယ်မြေ နဲ့ ငရဲပြည် ဆိုတာက တကယ့်ကို ရန်သူစစ်စစ် ကြီးတွေ ဖြစ်ပါတယ်။ အရင်တုန်းက သူတော်စင် ကျောင်းတော်သားက ကောင်းကင်ဆန္ဒ တိုက်ပွဲမှာ ရှုံးနိမ့်ပြီးတဲ့နောက် ငရဲဲပြည် က သတ္တဝါ တွေက အခွင့်အရေးကို အသုံးချပြိး ကျောင်းတော်သားနယ်မြေ တစ်ခုလုံးပျောက်ကွယ် သွားစေဖို့ စွမ်းအားမြင့် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တယ်။ ဒါကြောင့် ထိပ်ဆုံးအခြေအနေကို ရောက်လုနီးပါး ဖြစ်နေတဲ့ ကျောင်းတော်သားတွေက အောက်ပြန်လျော့ကျ ခဲ့ကြတယ်။

ပြီးနောက် ရှည်လျားလှတဲ့ အမှောင်ခေတ်ကြီးမှာ ကျောင်းတော်သား တွေက ပြန်လည် တိုးတက်ဖို့ ဖြညး်ဖြည်းချင်း ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ကျောင်းတော်သား တွေ တိုးတက် အခြေကျမယ့် လက္ခဏာ ဖြစ်ပေါ်လာပြိဆိုရင် ငရဲပြည်က မိစ္ဆာတွေက ရောက်လာပြီး ချောင်းမြောင်း တိုက်ခိုက်တတ်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်သုံးရာ ကျော်အတွင်းမှာတော့ ကျောင်းတော်သားတွေက ထင်ထင်ပေါ်ပေါ် မနေဘဲ လူရှေ့့သူရှေ့ကို ထွက်လာခဲပါတယ်။ နှစ်ရာပေါင်းများစွာ ကုန်လွန်ပြီးတဲ့နောက် သူတို့ရဲ့ အားအင်တွေ ပြန်လည် ပြည့်ဝနေကြပြီလား။

အဲ့လို အားအင် ပြည့်ဝ တိုးတက်နေတာကို ငရဲပြည်က မိစ္ဆာတွေက သတိပြုမိတာကြောင့် သုံးနှစ်တစ်ကြိမ် ကျင်းပမယ့် ပွဲတော်မှာ လာရောက် တိုက်ခိုက် ဖျက်ဆီးကြမှာ ဖြစ်ပါတယ်။

"ငရဲပြည်က မိစ္ဆာတွေက တိမ်ဖြူကျောင်း ကို တိုက်ခိုက်မှာ ဟုတ်လားး" ရူဟန် က ခဏလောက် စဉ်းစားပြီး မေးလိုက်တယ် "လာတိုက်ခိုက်မယ့် မိစ္ဆာတွေက အရမ်းအားကောင်းကြတာလား"

ငရဲပြည်က မိစ္ဆာဆိုတာကို ပြောလိုက်တာနဲ့ ကြီးမြတ်တဲ့အဖြူရဲ့ အပန်းဖြေ အိမ်ရာ နားမှာ လာရောက်တိုက်ခိုက်တဲ့ မိစ္ဆာတွေကို သူချက်ချင်းပဲ စဉ်းစားလိုက်မိတယ်။

တကယ်တော့ ဒီမိစ္ဆာအဖွဲ့ရဲ့ အင်အားက မသေးကွေးပါဘူး။ ပြီးတော့ သူတို့ထဲမှာ အဆင့်ခြောက် အစစ်အမှန် နတ်ဘုရးအဆင့် မိစ္ဆာတွေ တော်တော်များများ ပါဝင်လာကြတယ်လေ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now