အပိုင်း ၈၄၇

174 32 2
                                    

#Unicode

တာအိုဘုန်းကြီး တိမ်မြူရဲ့ ခြင်သီအိုရီ။

တောင်ဝါကြီး ဘယ်မှာလဲ ဆိုတာကို ရူဟန် က မသိဘူး ဆိုပေမဲ့ ဘေဂျင်းလမ်းမှာ ရှိတာတော့ သေချာပါတယ်။သူတို့ကိုတောင်မှ ချောင်းရင် ချောင်းကြည့်နေနိုင်တယ်။

ဒီလို အချိန်မှာ ဒီစကားကို ပြောတယ်ဆိုတာ အကြီးကြီး သေလမ်းရှာတာပါပဲ။

အနားမှာ ရှိတဲ့ မွန်းစတား အမဲလိုက်သူ လူငယ် က ဇဝေဇဝါ ဖြစ်သွားတယ်။

နေပါအုန်း.. အရုူးတောင်ဝါကြီး အိမ်ကို အပြောင်ရှင်းမှာ ဟုတ်လား။ ဒီအရူးတောင်ဝါကြီး ဆိုတာက အစစ်အမှန် နတ်ဘုရား တောင်ဝါကြီးကို ပြောတာလား။

မွန်းစတား အမဲလိုက်သူ လူငယ် က အတွေးနက်နေတုန်းမှာပဲ တာအိုဘုန်းကြီး တိမ်မြူ က လက်ကို ဆန့်တန်းပြီး စာတစ်စောင်ကို ထုတ်ယူပြီး ရူဟန်ကို ပေးလိုက်တယ် “သူငယ်ချင်းလေး ဒီစာက မင်းမိသားစု နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာတွေကို ချရေးထားတာပဲ။ ဒါက ငါမင်းဘေးနားမှာ လေ့ကျင့်ဖို့ ထိုက်တန်တဲ့ အရာတစ်ခုလို့ မင်းစဉ်းစားလို့ရတယ်။”

စာထဲမှာတော့ ရူဟန် ရဲ ့အိမ်ထဲကို ဝင်လာတဲ့ ပင့်ကူရုပ်သေး ကိစ္စကို သေချာရေးထားပါတယ်။ တိမ်မြူ က ခြေရှစ်ချောင်းကို ချိုးလိုက်တာကြောင့် ခြေထောက်မဲ့နေတဲ့ ပင့်ကူ ရုပ်သေးက အပေါ်မျက်နှာကျက် မီးချောင်း ပေါ်မှာ ရှိနေပါသေးတယ်။

ရူဟန်က ဒီသတင်းကို စိတ်ဝင်စားမယ် လို့ သူယုံကြည်နေတယ်။

“ငါနဲ့ ငါမိသားစု ကိစ္စလား” ရူဟန် က လက်ကို ဆန့်ပြီး စာရွက်ကို ယူကာ ဖွင့်ကြည့်လိုက်တယ်။ ချက်ချင်းပဲ ခေါင်းမော့ပြီး ပင့်ကူကို ကြည့်လိုက်တယ်။

အပေါ်မှာတော့ ကြယ်သီးအရွယ်လောက်ရှိတဲ့ သေးငယ်တဲ့ ပင့်ကူလေး ရှိနေပါတယ်။ ပင့်ကူက ခြေထောက်တွေ မရှိတော့တာကြောင့် နေရာမှာပဲ ရှိနေတယ်။ မလှုပ်နိုင်တော့ပါဘူး။

ရူဟန်က ခုန်ပြီး ပင့်ကူ ရုပ်သေးကို လှမ်းဆွဲလိုက်တယ်။

ဒီအချိန်မှာတော့ ရုပ်သေးက အသက်မဝင်တော့ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now