အပိုင်း (၇၄၅)

176 35 0
                                    

#Unicode

သူငယ်ချင်းလေး ရူဟန် .. နေပါအုန်း။
အားရှီလျှုရဲ့ သေးငယ်တဲ့ ခြေထောက်လေးတွေက မြေပြင်ကနေ ခုန်တက်ပြီး အလင်းကန်ကြီးထဲ ခုန်ဝင်သွားတယ်။
နောက်တော့ သူမ က ရေကန်ထဲကို ကျဆင်းသွားတယ်။
သူမ က ရေကန်ထဲကို ခုန်ဝင်ဖို့ ကြိုးစားတဲ့ နောက်ဆုံးလူပါ။ ဒီအချိန်မှာတော့ ကိုးစီရင်စု က တာအိုရောင်းရင်းတွေ ထဲ တစ်ဦးတစ်လေ ကမှ သူမအနေနဲ့ တစ်ဖက်ခြမ်းဆီကို ရောက်ရှိသွားမယ်လို့ ယုံကြည်သူ မရှိပါဘူး။ ပြီးတော့ တာအိုရောင်းရင်တွေ အားလုံးက သူမထက် အရင်ကြိုးစားခဲ့ပြီးပြီလေ။
ဒါပေမဲ့ ဒီအချိန်မှာပဲ အလင်းကန် အောက်ခြေမှာရှိတဲ ့တဖက်ခြမ်း ဒိုင်မေးရှင်းကို ဖုံးကွယ်ထားတဲ့ ဝင်ပေါက်က ရုတ်တရက် ပွင့်သွားတယ်။
"အမ်" မြောက်ပိုင်းမြစ်က တုန်လှုပ်စွာနဲ့ မျက်လုံးပြုးသွားတယ်။
အားရှီလျှူ တကယ်ပဲ အောင်မြင်ခဲ့တာလား။
ဒီအချိန်မှာတော့ သူမရဲ ့သေးငယ်တဲ ့ခြေထောက်လေးတွေက တဖက်ခြမ်းက တည်နေရာထဲကို နစ်ဝင်သွားတယ်။
သခင်ေးလ ဖီးနစ် သတ်ဖြတ်သူ၊ လိုင်ချီး၊ အားကွီတို့ အားလုံးက မတ်တပ်ရပ်ပြီး တပြိုင်တည်း အော်လိုက်ကြတယ် "အားရှီလျှူ အောင်မြင်သွားတာလား"
"ငါထင်ထားတဲ့အတိုင်း ဖြစ်နေတာကိုး" အားရှီလျှူက တီးတိုးရေရွတ်လိုက်တယ်။
တိမ်ဖြူမြ်ို့မှာ တုန်းက ရူဟန် က သူမကို စာမေးပွဲမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြခဲ့ပါတယ်။
စီနီယာ အဖြူ နှစ် ကလွဲရင် ကျန်တဲ ့သူကြုံတွေ့သမျှ အရာအားလုံးကို ရူဟန်က အားရှီလျှူကို ပြောပြခဲ့တာပါ။ ဒီထဲမှာ ကျောင်းတော်သားတပည့်ရဲ့ အဆန်းထွင်ထားတဲ့ ရေးသားနည်း ကြောင့် ခဏခဏ စာမေးပွဲ ပြန်ဖြေရတဲ့ အကြောင်းလည်း ပါဝင်နေပါတယ်။
ကျောင်းတော်သားတွေရဲ ့လက်ရေးမူ က လှပပြီး ပြိုင်ဘက်ကင်းပါတယ်။ စာရွက်ပေါ်မှာ ရေးချ ရင် သူတို့က မျဉ်းဖြောင့်တွေကိုအတွန့်လေး တွေ လုပ်ရေးတတ်ပါတယ်။ ဒီလို အတွန့်လှိုင်းလေးတွေက စာရေးသားရင် နေရာတိုင်းမှာ ပါတတ်ပါတယ်။
ရှေးဟောင်းစာကို မသိတဲ ့လူတွေက ဒီအတိုင်းကူးရေးမယ်ဆိုရင် အတွန့်လေး တွေက ပြဿနာ တစ်ခု ဖြစ်နေမှာပါ။
❄️❄️❄️
အရင်တုန်းက ရူဟန်က သူ့ကို စာရေးပြသွားတဲ ့ကျောင်းတော်သား က ဘယ်သူလဲ ဆိုတာကို မပြောပြခဲ့ပါဘူး။
ဒါပေမဲ့ သူတော်စင်ရဲ့ ကိုယ်တိုင်လေ့ကျင့်ခြင်း စကားပြေ ကဗျာ နဲ့ သူတော်စင်ရဲ့ စိတ်နှလုံး ငြိမ်းချမ်းခြင်း စကားပြေ ကဗျာ တို့မှာပါတဲ့ အတွန့်လှိုင်းလေးတွေကို မြင်တော့ အားရှိလျှူက တစ်ခုခု မှားနေပြီဖြစ်ကြောင်း သတိပြုမိလိုက်တယ်။
ပြီးတော ့ကိုးစီရင်စု က စီနီယာတွေ ရေကန်အောက်ခြေမှာ ရှိတဲ ့ဒိုင်မေးရှင်းကို တစ်ယောက်ပြီး တစ်ယောက် ဝင်ဖို့ ကြိုးစားတာကို ကြည့်ရင်း သူမ ရဲ ့ခန့်မှန်းချက် ပိုမှန်ကြောင်း သေချာသွားခဲ့တယ်။
ဒါကြောင့် သူမ က သူတော်စင်ရဲ့ ကိုယ်တိုင်လေ့ကျင့်ခြင်း စကားပြေ ကဗျာ နဲ့ သူတော်စင်ရဲ့ စိတ်နှလုံး ငြိမ်းချမ်းခြင်း စကားပြေ ကဗျာ တို့ကို သုံးသပ်ပြီး မျဉ်းဖြောင့်တွေ အဖြစ် ပြောင်းလဲ ရေးဆွဲလိုက်တယ်။
နောက်ဆုံးမှာတော့ သူမ ရဲ ့ခန့်မှန်းချက် မှန်ကန်သွားပြီး တစ်ဖက် ဒိုင်မေးရှင်းဆီကို ရောက်ရှိသွားခဲ့တယ်။
❄️❄️❄️
"အားရှီလျှူ .. ဒီနေရာရဲ့ လျှို့ဝှက်ချက်က ဘာလဲ။" ပိန်သွယ်သွယ် အမျိုးသမီး ပုံစံ ဖြစ်နေတဲ ့ကြိုးကြာဖြူက မေးလိုက်တယ်။ သူက အပြင်မှာ တားဆီးခံနေတုန်း ကြီးမြတ်တဲ ့အဖြူ က တစ်ဖက်ခြမ်းဆီကို ရောက်ရှိသွားပြီလေ။
အစစ်အမှန် နတ်ဘုရား ကြိုးကြာဖြူ က တော်တော်ကြီး စိတ်လောနေပါတယ်။
အားရှီလျှူက သူမ လက်ကို ဆန့်တန်းပြီး ဓားမော ့သယ်ဆောင်သူ စုဝမ်ကျူကို ညွှန်ပြလိုက်တယ် "တိုတိုပြောရမယ်ဆိုရင် ငါတို့ရဲ့ ကျောင်းတော်သား သူငယ်ချင်းက လက်ရေးကို သော့ပြီး အဆန်းထွင်ရေးတာကြောင့် မျဉ်းဖြောင်ဖြစ်တဲ့ တည့်မျဉ်း နဲ့ ဒေါင်လိုက်မျဉ်းတွေက လှိုင်းတွေ ဖြစ်နေတာ။"
"ဒါက ငါပြောနိုင်တာ အကုန်ပဲ။ ကံကောင်းပါစေ.. စီနီယာတို့" ပြောပြီးတဲ့နောက် အားရှီလျှူက အားလုံးကို လက်ဝေ့ယမ်းပြလိုက်တယ်။
သူမ က တော်တော်ကြီး သေးသွယ်ပါတယ်။ ဒါကြောင့် တစ်ဖက်ခြမ်းဆီကို မြန်မြန်ပဲ ရောက်ရှိသွားခဲ့တယ်။
❄️❄️❄️
အားရှီလျှူ ပြောပြီးပြီး ချင်းမှာပဲ ဓားမော့သယ်ဆောင်သူ စုဝမ်ကျူ က အမှတ်မထင် လက်ထဲက စုတ်တံကို တင်းတင်း ဆုပ်ကိုင်လိုက်တယ်။ သူက သတ်ဖြတ်ခြင်း အငွေ့အသက်ကို ခံစားနေ့ရတယ်။
ဒါက ကြောက်စရာ သတ်ဖြတ်လိုခြင်း ဆန္ဒ တွေ ဖြစ်ပြီး နေရာအနှံ့ကနေ ရောက်ရှိလာတာပါ။
အနားမှာရှိတဲ ့စီနီယာတွေအားလုံးက သူ့ကိုစူးရှစွာ ကြည့်နေကြတယ်။
"ကျောင်းတော်သားမောင်လေး" လိုင်ချီးက မျက်လုံးကို မှေးလိုက်ပြီး စုဝမ်ကျု ရှေ့ကို ရောက်ရှိသွားတယ်။
လိုင်ချီး က အမြဲတန်းလှပနေတာ ဖြစ်ပြီး သူမရဲ ့ချိုသာတဲ ့ရယ်သံ က ကြားရသူက အသဲထဲက အေးခဲပြီး အရိုးတွေ တောင် ပျော့ခွေသွားသလို ခံစားရတယ်။
သူမ ရဲ့ ရယ်သံကို ကြားကြားချင်းမှာပဲ ဓားမော့သယ်ဆောင်သူ စုဝမ်ကျူ က ကြက်သီးတွေ ထပြီး နဖူးမှာ ချွေးစေးတွေ ပြန်လာတယ်။
"ဒီကဗျာနှစ်ခု စံသတ်မှတ်ပုံစံ နဲ့ ရေးပေးဖို့ ငါမင်းကို ဒုက္ခပေးတောင်းဆို လို ့ရမလား" လိုင်ချီးရဲ ့မျက်နှာ က မဲမှောင်နေပါတယ်။
သူတို့အားလုံး က ဒီရေကန်ကြီး ဝိုင်းပတ်ပြီး မျောက်တွေလို ခုန်ချလိုက်၊ ပြန်တက်လိုက် လုပ်နေတာတောင်မှ ဒိုင်မေးရှင်းထဲကို ဝင်လို့မရတာ ဒီလူရေးတဲ့ လက်ရေးသော့ ကြောင့်တဲ့လား။
ဒီလက်ရေးသော့ က ကြည့်ကောင်းရင် ကောင်းပါလိမ့်မယ်။ ဒါပေမဲ ့ဒါက သူတို့ကို တကယ်ပဲ ခေါင်းကိုက်စေတယ်။
သခင်လေး ဖီင်္းနစ် သတ်ဖြတ်သူကလည်း စုဝမ်ကျူ ဘေးကို ရောက်ရှိလာတယ်။ ပြီးနောက် သူ့မျက်မှန် ကို ပင့်တင်ပြီး ထူးမခြားနားစွာ ပြောလိုက်တယ် "စံသတ်မှတ်ပုံစံ နဲ့ အတွန့်အလိမ်တွေ မပါဘူး။ ဒါကို ငါတို့ရဲ ့ကျောင်းတော်သား ညီငယ်လေးက လုပ်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်။ ဟုတ်တယ်မလား"
အမေ.. ဒီစီနီယာတွေက တကယ်ကြောက်စရာပဲ။ ဒီအချိန်မှာတော ့စုဝမ်ကျူက ဖိအားကြီးကို ရင်ဆိုင်နေရတယ်။
"သူငယ်ချင်းလေး .. မပူနဲ့။ မင်းက သူတို့ကို ကြောက်ဖို့ မလိုဘူး" ဒီအချိန်မှာပဲ အားကွီက ရှေ့ကို လှမ်းတက်လာပြီး စုဝမ်ကျူ ရဲ့ ပုခုံးကို ပုတ်လိုက်တယ်။ ပြီးတော ့ဒီနေရာကို ခေါ်လာခဲ့တာ သူလေ။
"စီနီယာ အားကွီ" ဓားမော့သယ်ဆောင်သူ ကျောင်းတော်သားက စိတ်လှုပ်ရှားသွားတယ်။
"မငး်က သူတော်စင်ရဲ့ ကိုယ်တိုင်လေ့ကျင့်ခြင်း စကားပြေ ကဗျာ နဲ့ သူတော်စင်ရဲ့ စိတ်နှလုံး ငြိမ်းချမ်းခြင်း စကားပြေ ကဗျာ ကို ပြီးဆုံးအောင် ရေးနိုင်ပြီ ဆိုရင် ငါတို့ ခဏနေ တွေ့ရမယ့် တိုက်ပွဲမှာ မင်း နည်းနည်း လွယ်ကူသွားလိမ့်မယ်" အားကွီက ပြုံးကာ ပြောလိုက်တယ်။
ဓားမော့သယ်ဆောင်သူ ကျောင်းတော်သားရဲ ့ခြေထောက်တွေက ချက်ချငး်ပဲ ပျော့ခွေသွားတယ်။
ဒီ စီနီယာ က သိုင်းပြိုင်ပွဲတုန်းက ကိစ္စကိုမှတ်ထားတုန်းလား။ သူက သိုင်းပြိုင်ပွဲမှာ စင်ပေါ်တက်လာတယ်ဆိုတာက ဓားမော့ နဲ့ ပတ်သက်တဲ ့နည်းစနစ်တွေကို အားကွီဆီက လေ့လာချင်လို့ပါ။
သူက အားကွီထက် အများကြီး အားနည်းပါတယ်။ တကယ်လို့ ပြိုင်ပွဲမှာ မလွယ်ကူစေရဘူးဆိုရင် သူသွားပါပြီ။
ဒီအခြေအနေကို ရောက်နေပြီ ဖြစ်တာကြောင့် စုဝမ်ကျုက လက်ထဲက စုတ်တံကို ကိုင်ပြီး သူတော်စင်ရဲ့ ကိုယ်တိုင်လေ့ကျင့်ခြင်း စကားပြေ ကဗျာ နဲ့ သူတော်စင်ရဲ့ စိတ်နှလုံး ငြိမ်းချမ်းခြင်း စကားပြေ ကဗျာ ကို နောက်တစ်ကြိမ် ပြန်ရေးလိုက်တယ်။
"စံသတ်မှတ်ပုံစံ အတိုင်းရေးဖို့ မမေ့နဲ့" မြောက်ပိုင်းမြစ်က သတိ်ပေးလိုက်တယ် "မင်းရဲ့ လက်ရေးသော့ က ခုချိန်မှာ အကျင့်လို ဖြစ်နေလိမ့်မယ်။ ဒါကြောင့် ရေးနေတုန်းမှာ သေချာ ဂရုစိုက်ဖို့ လိုတယ်"
"ငါသိပြီ စီနီယာ.. မှတ်ထားမယ်" ဓားမော့သယ်ဆောင် သူက အားတင်းပြုံးလိုက်တယ်။
တစ်နေ့မှာ သူတော်စင်ရဲ့ ကိုယ်တိုင်လေ့ကျင့်ခြင်း စကားပြေ ကဗျာ နဲ့ သူတော်စင်ရဲ့ စိတ်နှလုံး ငြိမ်းချမ်းခြင်း စကားပြေ ကဗျာ ကို ရေးရတာ ဒီလိုခက်ခဲလိမ့်မယ်လို့ သူလုံးဝ မထင်ထားမိခဲ့ပါဘူး။ သူက တကိုယ်လုံးမှာ ရှိတဲ့အားတွေကို ထုတ်သုံး အာရုံစူးသိုက်ပြီး စာလုံးတစ်ခုချင်းစီ ရဲ့ မျဉ်းတွေ၊ တုတ်ချောင်းတွေကို သေချာ ရေးနေတယ်။
ဒါပေမဲ ့ဒီလိုဖိအားအောက်မှာပဲ သူ့ရဲ့ သူတော်စင်ရဲ့ ကိုယ်တိုင်လေ့ကျင့်ခြင်း စကားပြေ ကဗျာ နဲ့ သူတော်စင်ရဲ့ စိတ်နှလုံး ငြိမ်းချမ်းခြင်း စကားပြေ ကဗျာ အပေါ် နားလည်မှုက ပိုမို တိုးတက်လာခဲ့တယ်။
နှစ်ပေါင်းများစွာ ကြားပြီးတဲ့နောက်မှာ သူက ဒီစာတမ်း နှစ်ခုကို ရေးရတာ အားတက်တရော ရေးမိတာပါပဲ။
ပြီးတော့ ကံကောင်းခြင်း၊ ကံဆိုးခြင်း ဆိုတာက သူ့လက်ထဲမှာ ပဲ ဖြစ်ပေါ်သွားနိုင်တယ်လေ။
❄️❄️❄️
ဆယ်မိနစ် လောက်ကြာတော့ ..

ကိုးစီရင်စု က စီနီယာတွေက အလင်းကန် ထဲကို နောက်တစ်ကြိမ် ထပ်ဝင်ဖို့ ကြိုးစားလိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ စီနီယာတွေက ပုံစံအမျိုးမျိုူး နဲ့ ရေကန် ထဲကို ခုန်ချလိုက်ကြပြီး အောင်အောင်မြင်မြင် နဲ့ အလင်းကန်ကြီး တစ်ဖက်က တည်နေရာဆီကို ရောက်ရှိသွားကြတယ်။
တစ်ယောက်ပြီး တစ်ယောက် ဝင်လာတာကို ကြည့်ပြီး ရူဟန်၊ အားရှီလျှူ နဲ့ စီနီယာအဖြူ တို့က ပြုံးလိုက်ကြတယ်။
"ကြည့်ရတာ လူတိုင်းဒီကို ဝင်လာနိုင်ကြပုံပဲ" တခြားလူတွေရဲ ့ကံဆိုးမှုကို သတိပြုမိပြီး ရူဟန် ရဲ ့နှုတ်ခမ်းထောင့်တွေက ကော့တက်သွားတယ်။ ဒီ လက်ရေးသော့ နဲ ့ပတ်သက်ပြီး ဒုက္ခရောက်ခဲ့ရတာ သူတစ်ယောက် တည်း မဟုတ်တော့ဘူးလေ။ ကိုးစီရင်စု က စီနီယာတွေလည်း ခံလိုက်ရပါပြီ။ အခုမှ အားလုံးက မျှတပြီး တူတူပဲ ဖြစ်သွားကြပြီ။
မဟုတ်သေးဘူး။ ဒါက မသင့်တော်ဘူး။ တစ်ပါးသူ ဒုက္ခရောက်နေတာကို ကြည့်ပြီး ပျော်ရွှင်တယ် ဆိုတာ ကောင်းတဲ ့အရာတစ်ခု မဟုတ်ဘူး။ ငါ့ အပြုအမူကို ထိန်းသိမ်းရမယ်။
ရူဟန်က သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းလုပ်လိုက်တယ်။
❄️❄️❄️
များပြားလှတဲ ့တာအိုရောင်းရငး်တွေနဲ့ စုဝမ်ကျုူ တို့ အလင်းကန် တစ်ဖက်က တည်နေရာကို ရောက်ရှိလာပြီးနောက် ဉာဏ်ပညာရေကန် က သူတော်စင်ကြီး အကြောင်းကို နောက်တစ်ကြိမ်ပြန် ပြောပြနေတယ်။ သူတော်စင်ကျောင်းတော်သားရဲ ့အံဖွယ် ဘဝဖြစ်စဉ်က ကိုးစီရင်စု က တာအိုရောင်းရင်းတွေ ကို အံသြတုန်လှုပ်မှု ဖြစ်စေပါတယ်။
အံသြစရာတွေ ကြားမှာပဲ သူတော်စင် ကျောင်းတော်သားရဲ့ တည်ငြိမ်အေးဆေး ရဲ ့ဂုဏ်သရေရှိ ပုံရိပ်ကလည်း အပိုင်းပိုင်းအစစ နဲ့ ကုန်းကောက်စရာ မရှိအောင် ပျက်ဆီးနေပါတယ်။
သူတော်စင်ကြီးရဲ့ ဘဝ ပုံပြင်ကို ပြောပြီးတဲ့နောက် ဉာဏ်ပညာရေကန် က ရက်ရောစွာနဲ့ ပဲ လူတိုင်းကို လျှို့ဝှက် နည်းစနစ် တစ်ခုစီကို ပေးလိုက်ပါတယ်။
အစစ်အမှန် နတ်ဘုရား ထာဝရမီး နဲ့ စုဝမ်ကျုူ တို့ သားအဖ က သူတော်စင်ကြီးူရဲ ့ မိန့်ခွန်းကို နားထောင်ပြီးတဲ့နောက် ကောင်းမွန်တဲ့ အကျိုးကျေးဇှူးတွေကို ရရှိခဲ့ပါတယ်။
❄️❄️❄️
သူတော်စင်ကြီးရဲ ့မိန့်ခွန်းကို နားထောင်ပြီးတဲ့နောက် ကိုးစီရင်စု က စီနီယာတွေက အရမ်းသဘောကျသွားခဲ့ပါတယ်။ နောက်တော့ ဒီနေရာကနေ ထွက်ခွာဖို့ ပြင်လိုက်ကြတယ်။
"သွားစို့။ ငါတို့က အသချေင်္စာအုပ်တောင် နဲ ့ပတ်သက်တဲ ့ကိစ္စကို လုပ်ရအုန်းမယ်။ သူ့ကို နဂိုအတိုင်းဖြစ်အောင် ပြန်လုပ်ရအုန်းမယ်။ ပြီးနောက် ရုပ်ရှင် နောက်တစ်ခန်းလည်း ထပ်ရိုက်ရအုန်းမယ်လေ။" ကြီင်္းမြတ်တဲ ့အဖြူ က သူ့လက်ဖက်ရည် စားပွဲကို ပြန်သိမ်းပြီးူ ပြောလိုက်တယ် "ပြီးတော့ မကြာခင်မှာ ငါက လိုအပ်တဲ့ တစ်ခါသုံးဓားပျံတွေကိုလည်း လုပ်ရအုန်းမှာ"
ပြီးနောက် စီနီယာ တွေ တစ်ယောက်ပြီး တစ်ယောက် က အထူးနေရာကနေ ထွက်ခွာ သွားကြတယ်။
ရူဟန်ကလည်း အပြင်းကြောဆန့်ပြီး ပြောလိုက်တယ် "သွားစို့"
ဒါပေမဲ့ ဒီအချိန်မှာပဲ ဉာဏ်ပညာရေကန် က ရူတ်တရက် ပြောလိုက်တယ် "သူငယ်ချင်းလေး ရူဟန်. နေအုန်း။ မင်းဒီမှာ နည်းနည်းပိုနေလို့ ရမလား"
အစစ်အမှန်နတ်ဘုရား ထာဝရမီး၊ ကြီးမြတ်တဲ ့အဖြူ၊ အစစ်အမှန် နတ်ဘုရားဖောအောက် တို့ က စိတ်ဝင်တစား နဲ့ လှည့်ကြည့်လိုက်ကြတယ်။
ရူဟန်က ပထမတော့ဆွံ့အသွားတယ်။ နောက်တော ့တစ်စုံတစ်ခုကို သတိရသွာပြီး ပြောလိုက်တယ် "ကောင်းပြီ။. ငါဒီမှာ ခဏနေခဲ့မယ်"
❄️❄️❄️
အားလုံးထွက်ခွာသွားပြီးတဲ့နောက် ရူဟန်နဲ့ ဉာဏ်ပညာရေကန် တို့သာ ကျန်ခဲ့ပါတော့တယ်။
ရူဟန်က အိတ်ထဲကို လက်နှိုက်ပြီး တောက်ပတဲ့ကျောင်းတော်သား သူ့ကို ပေးခဲ့တဲ့ မှော်ရတာ အစိတ်အပိုင်းလေးကို ထုတ်ယူလိုက်တယ်။
ထင်ထားတဲ ့အတိုင်းပဲ ဉာဏ်ပညာရေကန် က ဒါကို အာရုံခံနိုင်ခဲ့တာပဲ။ ဒါကြောင့် ငါ့ကို ဒီမှာ ကျန်နေဖို့ ပြောတာ ဖြစ်မယ်။ ပြီးတော့ ဒီ အစိတ်အပိုင်း က သူတော်စင်ကျောင်းတော်သားကြီးရဲ့ ကပ်ဘေးလွန် တပည့် ၁၃ ယောက် ထဲက တစ်ယောက်ရဲ ့အသက်သွေး မှော်ရတနာလည်း ဖြစ်တယ်လေ။
"မင်းငါ့ကို ဒီမှာနေခိုင်းတာက ဒီပစ္စည်းကြောင့်လား။" ရူဟန်က မှော်ရတာ အစိတ်အပိုင်းကို ထုတ်ယူပြီး ကိုယ်ကိုလှည့်လိုက်တယ်။
တစ်ချိန်တည်းမှာပဲ ဉာဏ်ပညာရေကန် ကလည်း ပါးစပ်ဟပြီး ပြောလိုက်တယ် "သူငယ်ချင်းလေး .. မင်းရဲ ့အဝတ်ထဲမှာ ပုန်းနေတဲ့ တာအိုရောင်းရင်းကို ထုတ်လိုက်ပါလား။ ငါက တာအိုရောင်းရင်း အားလုံးကို လျှို့ဝှက် နည်းစနစ် ပေးမယ်လို့ သဘောတူထားတာကြောင့် သူမကို လည်း ဝေစုအနေနဲ့ ပေးရမယ်လေ"
နောက်တော့ ..
"....." ရူဟန်။
"....." ဉာဏ်ပညာရေကန်။


#Zawgyi
အပိုင္း (၇၄၅) သူငယ္ခ်င္းေလး ရူဟန္ .. ေနပါအုန္း။
အားရွီလွ်ဳရဲ့ ေသးငယ္တဲ့ ေျခေထာက္ေလးေတြက ေျမျပင္ကေန ခုန္တက္ၿပီး အလင္းကန္ႀကီးထဲ ခုန္ဝင္သြားတယ္။
ေနာက္ေတာ့ သူမ က ေရကန္ထဲကို က်ဆင္းသြားတယ္။
သူမ က ေရကန္ထဲကို ခုန္ဝင္ဖို႔ ႀကိဳးစားတဲ့ ေနာက္ဆံုးလူပါ။ ဒီအခ်ိန္မွာေတာ့ ကိုးစီရင္စု က တာအိုေရာင္းရင္းေတြ ထဲ တစ္ဦးတစ္ေလ ကမွ သူမအေနနဲ႔ တစ္ဖက္ျခမ္းဆီကို ေရာက္ရွိသြားမယ္လို႔ ယံုၾကည္သူ မရွိပါဘူး။ ၿပီးေတာ့ တာအိုေရာင္းရင္ေတြ အားလံုးက သူမထက္ အရင္ႀကိဳးစားခဲ့ၿပီးၿပီေလ။
ဒါေပမဲ့ ဒီအခ်ိန္မွာပဲ အလင္းကန္ ေအာက္ေျခမွာရွိတဲ ့တဖက္ျခမ္း ဒိုင္ေမးရွင္းကို ဖံုးကြယ္ထားတဲ့ ဝင္ေပါက္က ရုတ္တရက္ ပြင့္သြားတယ္။
"အမ္" ေျမာက္ပိုင္းျမစ္က တုန္လွဳပ္စြာနဲ႔ မ်က္လံုးျပဳးသြားတယ္။
အားရွီလွ်ဴ တကယ္ပဲ ေအာင္ျမင္ခဲ့တာလား။
ဒီအခ်ိန္မွာေတာ့ သူမရဲ ့ေသးငယ္တဲ ့ေျခေထာက္ေလးေတြက တဖက္ျခမ္းက တည္ေနရာထဲကို နစ္ဝင္သြားတယ္။
သခင္ေးလ ဖီးနစ္ သတ္ျဖတ္သူ၊ လိုင္ခ်ီး၊ အားကြီတို႔ အားလံုးက မတ္တပ္ရပ္ၿပီး တၿပိဳင္တည္း ေအာ္လိုက္ၾကတယ္ "အားရွီလွ်ဴ ေအာင္ျမင္သြားတာလား"
"ငါထင္ထားတ့ဲအတိုင္း ျဖစ္ေနတာကိုး" အားရွီလွ်ဴက တီးတိုးေရရြတ္လိုက္တယ္။
တိမ္ျဖဴၿမ္ိဳ႕မွာ တုန္းက ရူဟန္ က သူမကို စာေမးပြဲမွာ ျဖစ္ပ်က္ခဲ့သမွ် အရာအားလံုးကို ေျပာျပခဲ့ပါတယ္။
စီနီယာ အျဖဴ ႏွစ္ ကလြဲရင္ က်န္တဲ ့သူႀကံဳေတြ႔သမွ် အရာအားလံုးကို ရူဟန္က အားရွီလွ်ဴကို ေျပာျပခဲ့တာပါ။ ဒီထဲမွာ ေက်ာင္းေတာ္သားတပည့္ရဲ့ အဆန္းထြင္ထားတဲ့ ေရးသားနည္း ေၾကာင့္ ခဏခဏ စာေမးပြဲ ျပန္ေျဖရတဲ့ အေၾကာင္းလည္း ပါဝင္ေနပါတယ္။
ေက်ာင္းေတာ္သားေတြရဲ ့လက္ေရးမူ က လွပၿပီး ၿပိဳင္ဘက္ကင္းပါတယ္။ စာရြက္ေပၚမွာ ေရးခ် ရင္ သူတို႔က မ်ဥ္းေျဖာင့္ေတြကိုအတြန္႔ေလး ေတြ လုပ္ေရးတတ္ပါတယ္။ ဒီလို အတြန္႔လွိဳင္းေလးေတြက စာေရးသားရင္ ေနရာတိုင္းမွာ ပါတတ္ပါတယ္။
ေရွးေဟာင္းစာကို မသိတဲ ့လူေတြက ဒီအတိုင္းကူးေရးမယ္ဆိုရင္ အတြန္႔ေလး ေတြက ျပႆနာ တစ္ခု ျဖစ္ေနမွာပါ။
❄️❄️❄️
အရင္တုန္းက ရူဟန္က သူ႔ကို စာေရးျပသြားတဲ ့ေက်ာင္းေတာ္သား က ဘယ္သူလဲ ဆိုတာကို မေျပာျပခဲ့ပါဘူး။
ဒါေပမဲ့ သူေတာ္စင္ရဲ့ ကိုယ္တိုင္ေလ့က်င့္ျခင္း စကားေျပ ကဗ်ာ နဲ႔ သူေတာ္စင္ရဲ့ စိတ္ႏွလံုး ၿငိမ္းခ်မ္းျခင္း စကားေျပ ကဗ်ာ တို႔မွာပါတဲ့ အတြန္႔လွိဳင္းေလးေတြကို ျမင္ေတာ့ အားရွိလွ်ဴက တစ္ခုခု မွားေနၿပီျဖစ္ေၾကာင္း သတိျပဳမိလိုက္တယ္။
ၿပီးေတာ ့ကိုးစီရင္စု က စီနီယာေတြ ေရကန္ေအာက္ေျခမွာ ရွိတဲ ့ဒိုင္ေမးရွင္းကို တစ္ေယာက္ၿပီး တစ္ေယာက္ ဝင္ဖို႔ ႀကိဳးစားတာကို ၾကည့္ရင္း သူမ ရဲ ့ခန္႔မွန္းခ်က္ ပိုမွန္ေၾကာင္း ေသခ်ာသြားခဲ့တယ္။
ဒါေၾကာင့္ သူမ က သူေတာ္စင္ရဲ့ ကိုယ္တိုင္ေလ့က်င့္ျခင္း စကားေျပ ကဗ်ာ နဲ႔ သူေတာ္စင္ရဲ့ စိတ္ႏွလံုး ၿငိမ္းခ်မ္းျခင္း စကားေျပ ကဗ်ာ တို႔ကို သံုးသပ္ၿပီး မ်ဥ္းေျဖာင့္ေတြ အျဖစ္ ေျပာင္းလဲ ေရးဆြဲလိုက္တယ္။
ေနာက္ဆံုးမွာေတာ့ သူမ ရဲ ့ခန္႔မွန္းခ်က္ မွန္ကန္သြားၿပီး တစ္ဖက္ ဒိုင္ေမးရွင္းဆီကို ေရာက္ရွိသြားခဲ့တယ္။
❄️❄️❄️
"အားရွီလွ်ဴ .. ဒီေနရာရဲ့ လွ်ိဳ႕ဝွက္ခ်က္က ဘာလဲ။" ပိန္သြယ္သြယ္ အမ်ိဳးသမီး ပံုစံ ျဖစ္ေနတဲ ့ၾကိဳးၾကာျဖဴက ေမးလိုက္တယ္။ သူက အျပင္မွာ တားဆီးခံေနတုန္း ႀကီးျမတ္တဲ ့အျဖဴ က တစ္ဖက္ျခမ္းဆီကို ေရာက္၇ွိသြားၿပီေလ။
အစစ္အမွန္ နတ္ဘုရား ႀကိဳးၾကာျဖဴ က ေတာ္ေတာ္ႀကီး စိတ္ေလာေနပါတယ္။
အားရွီလွ်ဴက သူမ လက္ကို ဆန္႔တန္းၿပီး ဓားေမာ ့သယ္ေဆာင္သူ စုဝမ္က်ဴကို ညႊန္ျပလိုက္တယ္ "တိုတိုေျပာရမယ္ဆိုရင္ ငါတုိ႔ရဲ့ ေက်ာင္းေတာ္သား သူငယ္ခ်င္းက လက္ေရးကို ေသာ့ၿပီး အဆန္းထြင္ေရးတာေၾကာင့္ မ်ဥ္းေျဖာင္ျဖစ္တဲ့ တည့္မ်ဥ္း နဲ႔ ေဒါင္လိုက္မ်ဥ္းေတြက လွိဳင္းေတြ ျဖစ္ေနတာ။"
"ဒါက ငါေျပာႏိုင္တာ အကုန္ပဲ။ ကံေကာင္းပါေစ.. စီနီယာတို႔" ေျပာၿပီးတဲ့ေနာက္ အားရွီလွ်ဴက အားလံုးကို လက္ေဝ့ယမ္းျပလိုက္တယ္။
သူမ က ေတာ္ေတာ္ႀကီး ေသးသြယ္ပါတယ္။ ဒါေၾကာင့္ တစ္ဖက္ျခမ္းဆီကို ျမန္ျမန္ပဲ ေရာက္ရွိသြားခဲ့တယ္။
❄️❄️❄️
အားရွီလွ်ဴ ေျပာၿပီးၿပီး ခ်င္းမွာပဲ ဓားေမာ့သယ္ေဆာင္သူ စုဝမ္က်ဴ က အမွတ္မထင္ လက္ထဲက စုတ္တံကို တင္းတင္း ဆုပ္ကိုင္လိုက္တယ္။ သူက သတ္ျဖတ္ျခင္း အေငြ႔အသက္ကို ခံစားေန႔ရတယ္။
ဒါက ေၾကာက္စရာ သတ္ျဖတ္လိုျခင္း ဆႏၵ ေတြ ျဖစ္ၿပီး ေနရာအႏွံ႔ကေန ေရာက္ရွိလာတာပါ။
အနားမွာရွိတဲ ့စီနီယာေတြအားလံုးက သူ႔ကိုစူးရွစြာ ၾကည့္ေနၾကတယ္။
"ေက်ာင္းေတာ္သားေမာင္ေလး" လိုင္ခ်ီးက မ်က္လံုးကို ေမွးလိုက္ၿပီး စုဝမ္က်ဳ ေရွ႕ကို ေရာက္ရွိသြားတယ္။
လိုင္ခ်ီး က အၿမဲတန္းလွပေနတာ ျဖစ္ၿပီး သူမရဲ ့ခ်ိဳသာတဲ ့ရယ္သံ က ၾကားရသူက အသဲထဲက ေအးခဲၿပီး အရိုးေတြ ေတာင္ ေပ်ာ့ေခြသြားသလို ခံစားရတယ္။
သူမ ရဲ့ ရယ္သံကို ၾကားၾကားခ်င္းမွာပဲ ဓားေမာ့သယ္ေဆာင္သူ စုဝမ္က်ဴ က ၾကက္သီးေတြ ထၿပီး နဖူးမွာ ေခၽြးေစးေတြ ျပန္လာတယ္။
"ဒီကဗ်ာႏွစ္ခု စံသတ္မွတ္ပံုစံ နဲ႔ ေရးေပးဖို႔ ငါမင္းကို ဒုကၡေပးေတာင္းဆို လို ႔ရမလား" လိုင္ခ်ီးရဲ ့မ်က္ႏွာ က မဲေမွာင္ေနပါတယ္။
သူတို႔အားလံုး က ဒီေရကန္ႀကီး ဝိုင္းပတ္ၿပီး ေမ်ာက္ေတြလို ခုန္ခ်လိုက္၊ ျပန္တက္လိုက္ လုပ္ေနတာေတာင္မွ ဒိုင္ေမးရွင္းထဲကို ဝင္လို႔မရတာ ဒီလူေရးတဲ့ လက္ေရးေသာ့ ေၾကာင့္တဲ့လား။
ဒီလက္ေရးေသာ့ က ၾကည့္ေကာင္းရင္ ေကာင္းပါလိမ့္မယ္။ ဒါေပမဲ ့ဒါက သူတို႔ကို တကယ္ပဲ ေခါင္းကိုက္ေစတယ္။
သခင္ေလး ဖီၤးနစ္ သတ္ျဖတ္သူကလည္း စုဝမ္က်ဴ ေဘးကို ေရာက္ရွိလာတယ္။ ၿပီးေနာက္ သူ႔မ်က္မွန္ ကို ပင့္တင္ၿပီး ထူးမျခားနားစြာ ေျပာလိုက္တယ္ "စံသတ္မွတ္ပံုစံ နဲ႔ အတြန္႔အလိမ္ေတြ မပါဘူး။ ဒါကို ငါတို႔ရဲ ့ေက်ာင္းေတာ္သား ညီငယ္ေလးက လုပ္ႏိုင္လိမ့္မယ္လို႔ ငါယံုၾကည္တယ္။ ဟုတ္တယ္မလား"
အေမ.. ဒီစီနီယာေတြက တကယ္ေၾကာက္စရာပဲ။ ဒီအခ်ိန္မွာေတာ ့စုဝမ္က်ဴက ဖိအားႀကီးကို ရင္ဆိုင္ေနရတယ္။
"သူငယ္ခ်င္းေလး .. မပူနဲ႔။ မင္းက သူတို႔ကို ေၾကာက္ဖို႔ မလိုဘူး" ဒီအခ်ိန္မွာပဲ အားကြီက ေရွ႕ကို လွမ္းတက္လာၿပီး စု၀မ္က်ဴ ရဲ့ ပုခံုးကို ပုတ္လိုက္တယ္။ ၿပီးေတာ ့ဒီေနရာကို ေခၚလာခဲ့တာ သူေလ။
"စီနီယာ အားကြီ" ဓားေမာ့သယ္ေဆာင္သူ ေက်ာင္းေတာ္သားက စိတ္လွဳပ္ရွားသြားတယ္။
"မငး္က သူေတာ္စင္ရဲ့ ကိုယ္တိုင္ေလ့က်င့္ျခင္း စကားေျပ ကဗ်ာ နဲ႔ သူေတာ္စင္ရဲ့ စိတ္ႏွလံုး ၿငိမ္းခ်မ္းျခင္း စကားေျပ ကဗ်ာ ကို ၿပီးဆံုးေအာင္ ေရးႏိုင္ၿပီ ဆိုရင္ ငါတို႔ ခဏေန ေတြ႔ရမယ့္ တိုက္ပြဲမွာ မင္း နည္းနည္း လြယ္ကူသြားလိမ့္မယ္" အားကြီက ၿပံဳးကာ ေျပာလိုက္တယ္။
ဓားေမာ့သယ္ေဆာင္သူ ေက်ာင္းေတာ္သားရဲ ့ေျခေထာက္ေတြက ခ်က္ခ်ငး္ပဲ ေပ်ာ့ေခြသြားတယ္။
ဒီ စီနီယာ က သိုင္းၿပိဳင္ပြဲတုန္းက ကိစၥကုိမွတ္ထားတုန္းလား။ သူက သိုင္းၿပိဳင္ပြဲမွာ စင္ေပၚတက္လာတယ္ဆိုတာက ဓားေမာ့ နဲ႔ ပတ္သက္တဲ ့နည္းစနစ္ေတြကို အားကြီဆီက ေလ့လာခ်င္လို႔ပါ။
သူက အားကြီထက္ အမ်ားႀကီး အားနည္းပါတယ္။ တကယ္လို႔ ၿပိဳင္ပြဲမွာ မလြယ္ကူေစရဘူးဆိုရင္ သူသြားပါၿပီ။
ဒီအေျခအေနကို ေရာက္ေနၿပီ ျဖစ္တာေၾကာင့္ စုဝမ္က်ဳက လက္ထဲက စုတ္တံကို ကိုင္ၿပီး သူေတာ္စင္ရဲ့ ကိုယ္တိုင္ေလ့က်င့္ျခင္း စကားေျပ ကဗ်ာ နဲ႔ သူေတာ္စင္ရဲ့ စိတ္ႏွလံုး ၿငိမ္းခ်မ္းျခင္း စကားေျပ ကဗ်ာ ကို ေနာက္တစ္ႀကိမ္ ျပန္ေရးလိုက္တယ္။
"စံသတ္မွတ္ပံုစံ အတိုင္းေရးဖို႔ မေမ့နဲ႔" ေျမာက္ပိုင္းျမစ္က သတိ္ေပးလိုက္တယ္ "မင္းရဲ့ လက္ေရးေသာ့ က ခုခ်ိန္မွာ အက်င့္လို ျဖစ္ေနလိမ့္မယ္။ ဒါေၾကာင့္ ေရးေနတုန္းမွာ ေသခ်ာ ဂရုစိုက္ဖို႔ လိုတယ္"
"ငါသိၿပီ စီနီယာ.. မွတ္ထားမယ္" ဓားေမာ့သယ္ေဆာင္ သူက အားတင္းၿပံဳးလိုက္တယ္။
တစ္ေန႔မွာ သူေတာ္စင္ရဲ့ ကိုယ္တိုင္ေလ့က်င့္ျခင္း စကားေျပ ကဗ်ာ နဲ႔ သူေတာ္စင္ရဲ့ စိတ္ႏွလံုး ၿငိမ္းခ်မ္းျခင္း စကားေျပ ကဗ်ာ ကို ေရးရတာ ဒီလိုခက္ခဲလိမ့္မယ္လို႔ သူလံုးဝ မထင္ထားမိခဲ့ပါဘူး။ သူက တကိုယ္လံုးမွာ ရွိတဲ့အားေတြကို ထုတ္သံးု အာရံုစူးသိုက္ၿပီး စာလံုးတစ္ခုခ်င္းစီ ရဲ့ မ်ဥ္းေတြ၊ တုတ္ေခ်ာင္းေတြကို ေသခ်ာ ေရးေနတယ္။
ဒါေပမဲ ့ဒီလိုဖိအားေအာက္မွာပဲ သူ႔ရဲ့ သူေတာ္စင္ရဲ့ ကိုယ္တိုင္ေလ့က်င့္ျခင္း စကားေျပ ကဗ်ာ နဲ႔ သူေတာ္စင္ရဲ့ စိတ္ႏွလံုး ၿငိမ္းခ်မ္းျခင္း စကားေျပ ကဗ်ာ အေပၚ နားလည္မွဳက ပိုမိဳ တိုးတက္လာခဲ့တယ္။
ႏွစ္ေပါင္းမ်ားစြာ ၾကားၿပီးတဲ့ေနာက္မွာ သူက ဒီစာတမ္း ႏွစ္ခုကို ေရးရတာ အားတက္တေရာ ေရးမိတာပါပဲ။
ၿပီးေတာ့ ကံေကာင္းျခင္း၊ ကံဆိုးျခင္း ဆိုတာက သူ႔လက္ထဲမွာ ပဲ ျဖစ္ေပၚသြားႏိုင္တယ္ေလ။
❄️❄️❄️
ဆယ္မိနစ္ ေလာက္ၾကာေတာ့ ..

ကိုးစီရင္စု က စီနီယာေတြက အလင္းကန္ ထဲကို ေနာက္တစ္ႀကိမ္ ထပ္ဝင္ဖို႔ ႀကိဳးစားလိုက္တယ္။
ဒီတစ္ႀကိမ္မွာေတာ့ စီနီယာေတြက ပံုစံအမ်ိဳးမ်ိဳဴး နဲ႔ ေရကန္ ထဲကို ခုန္ခ်လိုက္ၾကၿပီး ေအာင္ေအာင္ျမင္ျမင္ နဲ႔ အလင္းကန္ႀကီး တစ္ဖက္က တည္ေနရာဆီကို ေရာက္ရွိသြားၾကတယ္။
တစ္ေယာက္ၿပီး တစ္ေယာက္ ဝင္လာတာကို ၾကည့္ၿပီး ရူဟန္၊ အားရွီလွ်ဴ နဲ႔ စီနီယာအျဖဴ တို႔က ၿပံဳးလိုက္ၾကတယ္။
"ၾကည့္ရတာ လူတိုင္းဒီကို ဝင္လာႏိုင္ၾကပံုပဲ" တျခားလူေတြရဲ ့ကံဆိုးမွဳကုိ သတိျပဳမိၿပီး ရူဟန္ ရဲ ့ႏွဳတ္ခမ္းေထာင့္ေတြက ေကာ့တက္သြားတယ္။ ဒီ လက္ေရးေသာ့ နဲ ႔ပတ္သက္ၿပီး ဒုကၡေရာက္ခဲ့ရတာ သူတစ္ေယာက္ တည္း မဟုတ္ေတာ့ဘူးေလ။ ကိုးစီရင္စု က စီနီယာေတြလည္း ခံလိုက္ရပါၿပီ။ အခုမွ အားလံုးက မွ်တၿပီး တူတူပဲ ျဖစ္သြားၾကၿပီ။
မဟုတ္ေသးဘူး။ ဒါက မသင့္ေတာ္ဘူး။ တစ္ပါးသူ ဒုကၡေရာက္ေနတာကို ၾကည့္ၿပီး ေပ်ာ္ရႊင္တယ္ ဆိုတာ ေကာင္းတဲ ့အရာတစ္ခု မဟုတ္ဘူး။ ငါ့ အျပဳအမူကို ထိန္းသိမ္းရမယ္။
ရူဟန္က သူ႔ကိုယ္သူ တည္ၿငိမ္ေအာင္ အတင္းလုပ္လိုက္တယ္။
❄️❄️❄️
မ်ားျပားလွတဲ ့တာအိုေရာင္းရငး္ေတြနဲ႔ စုဝမ္က်ဳဴ တို႔ အလင္းကန္ တစ္ဖက္က တည္ေနရာကို ေရာက္ရွိလာၿပီးေနာက္ ဥာဏ္ပညာေရကန္ က သူေတာ္စင္ႀကီး အေၾကာင္းကို ေနာက္တစ္ႀကိမ္ျပန္ ေျပာျပေနတယ္။ သူေတာ္စင္ေက်ာင္းေတာ္သားရဲ ့အံဖြယ္ ဘဝျဖစ္စဥ္က ကိုးစီရင္စု က တာအိုေရာင္းရင္းေတြ ကို အံၾသတုန္လွဳပ္မွဳ ျဖစ္ေစပါတယ္။
အံၾသစရာေတြ ၾကားမွာပဲ သူေတာ္စင္ ေက်ာင္းေတာ္သားရဲ့ တည္ၿငိမ္ေအးေဆး ရဲ ့ဂုဏ္သေရရွိ ပံုရိပ္ကလည္း အပိုင္းပိုင္းအစစ နဲ႔ ကုန္းေကာက္စရာ မရွိေအာင္ ပ်က္ဆီးေနပါတယ္။
သူေတာ္စင္ႀကီးရဲ့ ဘဝ ပံုျပင္ကို ေျပာၿပီးတဲ့ေနာက္ ဥာဏ္ပညာေရကန္ က ရက္ေရာစြာနဲ႔ ပဲ လူတိုင္းကို လွ်ိဳ႕ဝွက္ နည္းစနစ္ တစ္ခုစီကို ေပးလိုက္ပါတယ္။
အစစ္အမွန္ နတ္ဘုရား ထာဝရမီး နဲ႔ စုဝမ္က်ဳဴ တို႔ သားအဖ က သူေတာ္စင္ႀကီးူရဲ ့ မိန္႔ခြန္းကို နားေထာင္ၿပီးတဲ့ေနာက္ ေကာင္းမြန္တဲ့ အက်ိဳးေက်းဇွူးေတြကို ရရွိခဲ့ပါတယ္။
❄️❄️❄️
သူေတာ္စင္ႀကီးရဲ ့မိန္႔ခြန္းကို နားေထာင္ၿပီးတဲ့ေနာက္ ကိုးစီရင္စု က စီနီယာေတြက အရမ္းသေဘာက်သြားခဲ့ပါတယ္။ ေနာက္ေတာ့ ဒီေနရာကေန ထြက္ခြာဖို႔ ျပင္လိုက္ၾကတယ္။
"သြားစို႔။ ငါတို႔က အသေခ်ၤစာအုပ္ေတာင္ နဲ ႔ပတ္သက္တဲ ့ကိစၥကို လုပ္ရအုန္းမယ္။ သူ႔ကို နဂိုအတိုင္းျဖစ္ေအာင္ ျပန္လုပ္ရအုန္းမယ္။ ၿပီးေနာက္ ရုပ္ရွင္ ေနာက္တစ္ခန္းလည္း ထပ္ရိုက္ရအုန္းမယ္ေလ။" ႀကီၤးျမတ္တဲ ့အျဖဴ က သူ႔လက္ဖက္ရည္ စားပြဲကို ျပန္သိမ္းၿပီးူ ေျပာလိုက္တယ္ "ၿပီးေတာ့ မၾကာခင္မွာ ငါက လိုအပ္တဲ့ တစ္ခါသံးုဓားပ်ံေတြကိုလည္း လုပ္ရအုန္းမွာ"
ၿပီးေနာက္ စီနီယာ ေတြ တစ္ေယာက္ၿပီး တစ္ေယာက္ က အထူးေနရာကေန ထြက္ခြာ သြားၾကတယ္။
ရူဟန္ကလည္း အျပင္းေၾကာဆန္႔ၿပီး ေျပာလိုက္တယ္ "သြားစို႔"
ဒါေပမဲ့ ဒီအခ်ိန္မွာပဲ ဥာဏ္ပညာေရကန္ က ရူတ္တရက္ ေျပာလိုက္တယ္ "သူငယ္ခ်င္းေလး ရူဟန္. ေနအုန္း။ မင္းဒီမွာ နည္းနည္းပိုေနလို႔ ရမလား"
အစစ္အမွန္နတ္ဘုရား ထာဝရမီး၊ ႀကီးျမတ္တဲ ့အျဖဴ၊ အစစ္အမွန္ နတ္ဘုရားေဖာေအာက္ တို႔ က စိတ္ဝင္တစား နဲ႔ လွည့္ၾကည့္လိုက္ၾကတယ္။
ရူဟန္က ပထမေတာ့ဆြံ႔အသြားတယ္။ ေနာက္ေတာ ့တစ္စံုတစ္ခုကို သတိရသြာၿပီး ေျပာလိုက္တယ္ "ေကာင္းၿပီ။. ငါဒီမွာ ခဏေနခဲ့မယ္"
❄️❄️❄️
အားလံုးထြက္ခြာသြားၿပီးတဲ့ေနာက္ ရူဟန္နဲ႔ ဥာဏ္ပညာေရကန္ တို႔သာ က်န္ခဲ့ပါေတာ့တယ္။
ရူဟန္က အိတ္ထဲကို လက္ႏွိဳက္ၿပီး ေတာက္ပတဲ့ေက်ာင္းေတာ္သား သူ႔ကို ေပးခဲ့တဲ့ ေမွာ္ရတာ အစိတ္အပိုင္းေလးကို ထုတ္ယူလိုက္တယ္။
ထင္ထားတဲ ့အတိုင္းပဲ ဥာဏ္ပညာေရကန္ က ဒါကို အာရံုခံႏိုင္ခဲ့တာပဲ။ ဒါေၾကာင့္ ငါ့ကို ဒီမွာ က်န္ေနဖို႔ ေျပာတာ ျဖစ္မယ္။ ၿပီးေတာ့ ဒီ အစိတ္အပိုင္း က သူေတာ္စင္ေက်ာင္းေတာ္သားႀကီးရဲ့ ကပ္ေဘးလြန္ တပည့္ ၁၃ ေယာက္ ထဲက တစ္ေယာက္ရဲ ့အသက္ေသြး ေမွာ္ရတနာလည္း ျဖစ္တယ္ေလ။
"မင္းငါ့ကို ဒီမွာေနခိုင္းတာက ဒီပစၥည္းေၾကာင့္လား။" ရူဟန္က ေမွာ္ရတာ အစိတ္အပိုင္းကို ထုတ္ယူၿပီး ကိုယ္ကိုလွည့္လိုက္တယ္။
တစ္ခ်ိန္တည္းမွာပဲ ဥာဏ္ပညာေရကန္ ကလည္း ပါးစပ္ဟၿပီး ေျပာလိုက္တယ္ "သူငယ္ခ်င္းေလး .. မင္းရဲ ့အဝတ္ထဲမွာ ပုန္းေနတဲ့ တာအိုေရာင္းရင္းကို ထုတ္လိုက္ပါလား။ ငါက တာအိုေရာင္းရင္း အားလံဳးကို လွ်ိဳ႕ဝွက္ နည္းစနစ္ ေပးမယ္လို႔ သေဘာတူထားတာေၾကာင့္ သူမကို လည္း ေဝစုအေနနဲ႔ ေပးရမယ္ေလ"
ေနာက္ေတာ့ ..
"....." ရူဟန္။
"....." ဥာဏ္ပညာေရကန္။


ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now