အပိုင်း (၈၆၇)

160 28 1
                                    


#Unicode


ဒါ ဘာကြီးလဲ။ မလာနဲ့။

ဂေါင်ဂေါင် က ပြောလိုက်တယ် "သူက မင်္ဂလာဆောင် ဝတ်စုံ ဝယ်မယ် ဆိုတော့ လက်ထပ်တော့မှာ မဟုတ်လား။ ဒါပေမဲ့ သူ့ရဲ့ သတို့သားက ဘယ်သူလဲ"

"ဒါက သူ့ဝါသနာလို့ ငါထင်တယ်" ရူဟန်က သူ့လက်ကို ဆန့်တန်းပြီး ဖုန်းကို ထုတ်ယူကာ ကိုးစီရင်စု ကို ဒီကိစ္စ ပြောလိုက်ရင် ကောင်းမလား စဉ်းစားလိုက်တယ်။

ဒါပေမဲ့ သူ ဘယ်လို သတင်းပို့ရမလဲ။ ဒီလိုမျိုးလား [ဂျင်နန် ဧရိယာမှာ ရှိတဲ ့အမျိုးသား ကျင့်ကြံသူ တစ်ယောက် က မိန်းကလေး အဝတ်အစားတွေ ဝတ်ဆင်တာကို ငါတွေ့ခဲ့တယ်။ သူက မိစ္ဆာစွမ်းအင်တွေ နဲ ့ပတ်သက်တဲ ့နောက်ကွယ် က တစ်ယောက်ပဲ။ သူက သာမာန်လူတွေကို ငရဲပြည်က မိစ္ဆာစွမ်းအင်တွေ သက်ရောက်အောင် ပြုလုပ်ခဲ့သူ တစ်ယောက်လည်း ဖြစ်တယ်] .. ။

ဘယ်လို သောက်တလွဲ ကိစ္စလဲ။

ဘာကြောင့် ခုတလော ပြောမယ့် စကားထဲမှာ အမျိုးသမီးဝတ်စုံကို ဝတ်ဆင်ရတာ ကြိုက်တဲ ့ကိစ္စတွေ ဖြစ်နေတာလဲ။ ဒီကိစ္စကို သူ ရှောင်ရှားဖို့ ကြိုးစားခဲ့တာလေ.။

ဒါပေမဲ့ ဒီအချိန်မှာပဲ အမျိုးသမီး ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကျင့်ကြံသူက စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို ထုတ်ယူကာ မြေပေါ်မှာ တစ်စုံတစ်ခုကို ရေးဆွဲနေတယ်။

သူက မြေပေါ်မှာ အကာအကွယ် အစီအရင် ဆယ်ခုကို ရေးဆွဲလိုက်တယ်။ ဒီအကာအကွယ် အစီအရင်တွေက သူ့ကို တိုက်ခိ်ုက်မှု ၊ မှော်နည်းစနစ် နဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှုတွေကိုတောင်မှ ကာကွယ်ပေးနိုင်ပါတယ်။

အစီအရင်ကို ရေးဆွဲပြီး နောက်မှာတော့ သူက မတ်တပ်ရပ်ပြီး အစီအရင်ကို စိတ်ဝိညာဉ်ကျောက်တုံးတွေ အသုံးပြုပြီးူ အသက်သွင်းလိုက်တယ် ။ ဒီအစီအရင်တွေက စွမ်းအားမြင့် ရွှေရောင်အဆီအနှစ် စိတ်ဝိညာဉ် အင်ပါယာ တစ်ယောက် အင်ပြည့်အားပြည့် လာရောက် တိုက်ခိုက်မယ် ဆိုရင်တောင်မှ သူ့ကို ကာကွယ်ပေးထား နိုင်မှာ ဖြစ်ပါတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now