အပိုင်း (၈၀၂)

167 31 0
                                    


#Unicode


ရှေးကောင်းကင်ဘုံမြို့ ပျက်ဆီးသွားခဲ့ပြီ ဆိုတာကို မင်းသိလား။

နောက်တော့ သူတို့သုံးယောက်က မှော်ပညာအစစ်အမှန်ရဲ့ အချက်အချာ နေရာကို ရှာဖို့ လူခွဲလိုက်ကြတယ်။ လူမခွဲခင်မှာ ကြီးမြတ်တဲ ့အဖြူ က ရူဟန်နဲ့ အားရှီလျှုတို့ကို မိုင်တစ်ထောင် အသံလွင့်အဆောင်တွေ ပေးလိုက်တယ်။ ဒါကြောင့်ပဲ သူတို့ က တစ်ယောက်ကို တစ်ယောက် လွယ်လွယ်ကူကူ ဆက်သွယ်နိုင်ကြတယ်။ ရှေးကောင်းကင်ဘုံမြို့လို့ သူတို့ ထင်ထားတဲ ့ဒိုင်မေးရှင်း ထဲမှာတော့ ဖုန်းတွေက လိုင်းမမိပါဘူ။ ကြီးမြတ်တဲ့အဖြူ အထူးပြင်ဆင်ထားတဲ့ ဖုန်းတောင်မှ လိုက်မမိတာကြောင့် ရူဟန်လို သာမာန်ဖုန်းတစ်ခု က လိုင်းမမိတာ သဘာဝ ကျပါတယ်။

ဒါ့အပြင် ရူဟန် နဲ့ အားရှီလျှူ တို့ ဆီမှာ တစ်ခါသုံးဓားပျံ တစ်ချုင်းစီ ရှိနေကြ ပါသေးတယ်။ အန္တရာယ် နဲ ့ရင်ဆိုင် တွေ့ပြီ ဆိုရင် ဒါကို အသက်သွင်းပြီး ချက်ချင်း ထွက်ပြေးနိုင်ကြတယ်။

ထပ်ပြောရရင် ကြီးမြတ်တဲ့ အဖြူ ကလည်း သူတို့ နဲ့ အဝေးကြီးမှာ ရှိနေတာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့လုံခြုံရေးက စိတ်ချ ရပါတယ်။

ကြီးမြတ်တဲ့အဖြူ နဲ့ အားရှီလျျှ တို့ ထွက်ခွာသွားပြီးတဲ့နောက် ရူဟန် က ထွက်မသွားသေးပါဘူး။ ခမ်းခြောက်နေတဲ့ ရေကန် အစပ်မှာ ရပ်နေတယ်။ ပြီးနောက် သူ့ရဲ့ အရွယ်အစား လျော့ချခြင်း အိတ်ထဲက ထောက်လှမ်းရေး အမျိုးအစား ရုပ်သေးကို ထုတ်ယူလိုက်တယ်။

အရင်တုန်းက သူ့အနေနဲ့ ဒီရုပ်သေးအား စီနီယာ မြောက်ပိုင်းကို ပြင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့်ပဲ သူက ဒီရုပ်သေးကို အစားထိုး အသုံးပြုနိုင်ပါတယ်။ ရည်ရွယ်ချက်က စီနီယာအစ်ကိုကြီး ဂေါင်ရှန် နေရာမှာ နေပြီး စီနီယာ အဖြူကို ရို်က်နှက်ရတဲ ့အခန်းမှာ အစားထိုးအသုံးပြုဖို့ပဲ။ ဒါပေမဲ ့လက်တွေ့မှာတော ့သူက စင်ပေါ်မှာ သွားသရုပ်ဆောင်ခဲ့ရပြီး ရုပ်သေးကတော့ ခန့်ခန့်ကြီး ဘေးမှာ ထိုင်ကြည့်ရတဲ ့အခြေအနေ ဖြစ်သွားခဲ့ရတယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now