အပိုင်း (၇၂၆)

176 37 2
                                    

#Unicode



ဝါရင့်ယာဉ်မောင်း အဖြူ ။

ရူဟန် က အိပ်ရာပေါ် ထပြီး မေးလိုက်တယ် "အားရှီလျှူ .. ငါအိပ်ပျော်သွားတာ ဘယ်လောက်ကြာပြီလဲ"

သူထလိုက်ချိန်မှာတော့ သူ့ရဲ့ ဗလကြီးက နည်းနည်း ကျဆင်းနေတာကို သတိပြုမိလိုက်တယ်။ သူ့ကြွက်သားတွေက ကြုံဝင်ပြီး ပိုမို ကျစ်လစ်သွားတယ်။ ဖြစ်စဉ်တစ်ခုလုံး ပြီးမြောက်ချိန်မှာတော့ သူ့ရဲ ့ခန္ဓာကိုယ် ကြံခိုင်မှုက ပိုမို တိုးတက်လာခဲ့တယ်။

ငါက သူတော်စင်ရဲ ့ကိုယ်ပိုင်လေ့ကျင့်ခြင်း စကားပြေကဗျာကို ရေလိုက်တာနဲ ့တပြိုက်နက် မိစ္ဆာနဂါးဆေးရဲ့ အစွမ်းတွေက ပျော်ဝင်ပြီး ကြွက်သားတွေကို ကျစ်လစ် သေးငယ်သွားစေတာလား။

"အိုး.. မင်းနိုးလာပြီလား" အားရှီလျှူက ခေါင်းလှည့်ပြီး ပြန်ပြောလိုက်တယ် "မင်းအိပ်နေတာ တစ်နာရီကြာပြီ"

"ဘာ.. ဒီလောက်တောင် ကြာသွားတာလား" ရူဟန် က ရှက်ရွံစွာ နဲ့ ရယ်လိုက်တယ်။ ပြီးနောက် မေးလိုက်တယ် "ငါသိပြီ။ ဒါနဲ့ စီနီယာအဖြူ နဲ့ စီနီယာ လိုင်ချီးတို့ ဘယ်သွားကြတာလဲ"

"စီနီယာလိုင်ချီး က တိမ်ဖြူမြို့ထဲ လျှောက်သွားနေတယ်။ သူမ ကို ကြည့်ရတာ အဝတ်အစား အနည်းငယ် ဝယ်ချင်နေပုံပေါ်တယ်။ စီနီယာအဖြူ ကတော့... " အားရှီလျှူ ရဲ ့နှုတ်ခမ်းထောင့်တွေက ကော့တက်သွားတယ်။ပြီးနောက် သူမ က ပြောလိုက်တယ် "သူက လွန်ခဲ့တဲ့ မိနစ် လေးဆယ်တုန်းက ဖုန်းအပလီကေးရှင်းတစ်ခုကို ဒေါင်းလုဒ်ဆွဲပြီး ပျော်စရာကြီး ဆိုပြီး ထွက်သွားတယ်။"

"သူက ပျော်စရာကြီး ဆိုပြီး ထွက်သွားတယ်ဟုတ်လား။ စီနီယာ အဖြူ က ဘယ်လို ဖုန်းအပလီကေးရှင်းကို ဒေါင်းလုဒ်ဆွဲသွားတာလဲ" ရူဟန်ရဲ့ စိတ်ထဲမှာ ဒီ အပလီကေးရှင်း က တစ်ခုခုမှားနေကြောင်းကို အလိုလို သိနေတယ်။

"ဒါက ဓားပျံအဌားဝန်ဆောင်မှု အပလီကေးရှင်းလေ။ ဒါကို ဒေါင်းပြီးရင် ဓားပျံစီးဖို့ အဌားခေါ်လို့ရတယ်။ ထပ်ပြောရင်း မင်းက အဖွဲ့ဝင် အဖြစ် စာရင်းသွင်းထားမယ်ဆိုရင် ဓါးပျံယာဉ်မောင်းလုပ်လို့ရတယ်။ ဒါဆိုရင် မောင်းပို့ခအဖြစ် စိတ်ဝိညာဉ်ကျောက်တုံးတွေ ရလိမ့်မယ်။ ပြောတာကတော ့ဒီ အပလီကေးရှင်း က တိမ်ဖြူမြို့က အောင်အောင်မြင်မြင် နဲ့ ထုတ်လုပ်နိုင်ခဲ့တဲ့ အရာပဲတဲ့။" အားရှီှလျှူ က ထပ်ပြောလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now