အပိုင်း (၇၆၄)

170 40 0
                                    

#Unicode



ဒီဓားက ၆.၄၇ စင်တီမီတာ ရှည်ပြီး ၀.၅ ဂရမ်လေးတယ်။
"ငါက မင်းနဲ့ တိုက်ခိုက်ချိန်မှာ ဓားမော့ကို အသုံးမပြုချင်လို့ပဲ" ရူဟန်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်။ "ဟားဟား" မ်ိစ္ဆာကြွက်ဖြူ က ဒေါသထွက်သွားပြီး ရယ်လိုက်တယ်။ ပြီးနောက် သူ့ရဲ့ သွားကြားထိုးတံ အရွယ်ဓားကို ဆုပ်ကိုင်ရင်း ပြောလိုက်တယ် "ဒီစကားတွေကို မင်းနောင်တရလိမ့်မယ် စွန်း.. ရူ... ဟန်"ပြောပြီးတဲ့နောက် သူက ဓားကို ဓားအိမ်ထဲကနေ ဆွဲချွတ်လိုက်တယ်။ မိစ္ဆာအော်ရာတွေ က ထွက်ပေါ်လာတယ်။ ဒီတစ်ြံကိမ်မှာတော့ မိစ္ဆာကြွက်ဖြူ က ထွက်ပေါ်လာတဲ့ ဓားလိုပဲ အေးစက် ထက်မြိတဲ ပုံသဏ္ဍာန်ဖြစ်ပေါ်နေတယ်။ သူက ရူဟန်ကို အေးစက်စက် အမူအရာ နဲ့ စိုက်ကြည့်ပြီး ပြောလိုက်တယ် "ဒီဓား က အဆင့်လေး ရတနာဓား တစ်ခုဖြစ်တယ်။ ၆.၄၇ စင်တီမီတာ ရှည်ပြီး ၀.၅ ဂရမ်လေးတယ်။ ဒါက သေးငယ်တယ် ဆိုပေမဲ့ အစစ်အမှန် ယန်ချီတွေ နဲ့ ကာကွယ်ထားတဲ့ အဆင့်လေး ကျင့်ကြံသူရဲ့ခန္ဓာကို်ယ်ကို လွယ်လွယ်ကူကူ ပိုင်းဖြတ်လို့ရတယ်။"ပြောရမယ် ဆိုရင် ဒီသွားကြားထိုးတံ အရွယ် ဓားလေးက ရူဟန် လက်ထဲက ရတနာဓား နဲ့ အဆင့်တူ လို့ ပြောလို့ရနိုင်တယ်။ နှစ်ခုလုံးက အဆင့်လေး ကျင့်ကြံသူ တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပိုင်းဖြတ်နိုင်တယ်။ ဒီအချိန်မှာတော့ မိစ္ဆာကြွက်ဖြူ က တကယ့် ဓားသမား တစ်ယောက်လိုပါပဲ။အရွယ်အစားသာ ကြီးလိုက်မယ်ဆိုရင် ဒီမိစ္ဆာကြွက်ဖြူ က တော်တော်ကြည့်ကောင်းမှာပါ။ ကံဆိုးတာက ကြွက်ဖြူလေး ဖြစ်နေတာပါပဲ။ သူက အဖြူရောင် ဝတ်စုံကို ဝတ်ထားတယ် ဆိုရင်တောင်မှ ကြွက်ဖြူက ကြွက်ဖြူပါပဲ။ အဖြူရောင် ဝတ်စုံဝတ် ကြွက်ဓားသမား..။ ချီးတဲ့မှ ။"........." ရူဟန်။"မင်းက ငါနဲ့ တိုက်ခိုက်ဖို့ ဓားမော့ကို မသုံးချင်ဘူးဆိုရင် ဘာသုံးမှာလဲ" အဖြူရောင်ဝတ်စုံ နဲ့ ကြွက်ဓားသမား က မေးလိုက်တယ် "ဒါမှမဟုတ် လက်နက်မဲ့တဲ့ လူတစ်ယောက်ကို ငါက မသတ်ဘူးလို့ မင်းထင်နေတာလား။ တုံးအလွန်းနေပြီ""ငါ့မှာ ဓားမရှိဘူး ဆိုမှတော့ လက်သီးကိုပဲ အားကိုးရမှာပေါ့" ရူဟန်က သက်ပြင်းချ လိုက်တယ်။ ပြောနေုတုန်းမှာပဲ သူက သံမဏိလက်ကို အသုံးပြုလိုက်တာကြောင့် သုူ့လက်တွေက သတ္တု လက်တွေ အဖြစ် ပြောင်းလဲသွားတယ်။ "အရမ်းကောင်းတယ်။ ကြည့်ရတာတော့ မင်းရဲ့ လက်သီးက မင်းရဲ့ ဓားမော့ နဲ့ တူတူပဲ အားနည်းမယ့် ပုံမှာ မရှိဘူး။" ကြွက်မိစ္ဆာ က မျက်မှောက်ကုတ်ပြီး သူ့ဓားကို တင်းတင်း ဆုပိကိုင်လိုက်တယ်။ ပြီးနောက် ဓားချီတွေက ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့တယ်။ ဓားချီတွေက ကောင်းကင်ပေါ်ကို ထိုးတက်ပြီး ဓားဆန္ဒတွေ ဖြစ်ပေါ်လာတယ်။ ပြိုင်ပွဲကွင်း တစ်ခုလုံးက သူတို့ရဲ့ စွမ်းအင်တွေနဲ့ ပြည့်နှက်သွားတယ်။ ဒီမိစ္တာကြွက် က ဓားကျင့်ကြံသူတွေထဲမှာ တော်တော်ကြီး ရှားပါးတဲ့ ပါရမီရှင်ပဲ ဖြစ်ရမယ်။သူက ဓားဆန္ဒကိုတောင်မှ စုဖွဲ့မိနေပါပြီ။ ရူဟန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ လက်မောင်းရဲ့ သတ္တူသံ က ပိုပြီး သိပ်သည်းလာတယ်။ ပြီးနောက် မဟူရာ သတ္တုရောင်အဖြစ်ကို ပြောင်းလဲ သွားပါတော့တယ်။ သူ့ရဲ့ ပထမ အစီအစဉ် က ကြွက်ဖြူ ဓားဆွဲထုတ်နေတုန်း တိုက်ခိုက်မလို့ပါ။ ဒါပေမဲ့ မိစ္တာကြွက်က ဓားဆွဲထုတ်နေချိန်မှာ သတိလစ်ဟင်းသွားပုံ မပေါ်ပါဘူး။ ဒီအပြင် ပိုတောင် အန္တရာယ်များတယ် ဆိုတဲ့ အငွေ့အသက်ကို ခံစားမိစေတယ်။ ဒါကြောင့် သူက အဆင်ခြင်မဲ့ မတိုက်ခိုက်ရဲ ပါဘူး။ "ကောင်းတယ်" မိစ္ဆာကြွက် က လေသံအေးအေးလေး နဲ့ ပြောလိုက်တယ် "ငါဓားဆွဲထုတ်နေတုန်း မတိုက်ခိုက်တာ မှန်တယ်။ မဆိုးဘူး။ မဆိုးဘူး။ မဟုတ်ရင် မင်းက အခုသေနေလောက်ပြီ။ အခု ငါ့ရဲ့ ဓားတိုက်ခိုက်မှု လာတော့မယ်။ ဒါက ကောင်းကင်အမြင့်ကြီးကနေ ကျဆင်းလာတဲ့ မိုးစက်တွေလိုပဲ။ ထပ်ပြောရမယ်ဆိုရင် မြန်ဆန်လွန်းပြီး ခန့်မှန်းနိုင်ဖို့ လုံးဝ ခက်ခဲတယ်။ ဒီဓားနည်းစနစ်က အခြေခံအားဖြင့် ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတယ်။ ငါ့ရဲ့ ဒီနည််းစနစ်အောက်မှာ အသက်ပေးရတာ မင်း ဂုဏ်ယူသင့်တယ်။""........" ရူဟန်။မိစ္ဆာကြွက်ဖြူ ပြောတဲ့ဓားနည်းစနစ် က ဆန်းကျယ်လှတယ်လေ။ ❄️❄️❄️ပြီးနောက် မိစ္ဆာကြွက်ဖြူ က အပေါ်ကို ထုတ်တက်ပြီး ကြည့်ကောင်းလှတဲ့ သိုင်းကွက်ကို ထုတ်ဖော်လိုက်တယ် "ကမ္ဘာခြားမိစ္တာ" ဓားချီတွေက ပေါက်ကွဲထွက်လာပြီး ဓားဆန္ဒတွေက ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။ မိစ္ဆာနတ်ဘုရား တစ်ပါးက ကောင်းကင် အမြင့်ဆုံးနေရာကနေ ခုန်ဆင်းလာသလို ပါပဲ။ လှုပ်ရှားမှု က ခန့်မှန်းဖို့ ခက်သလို ကြီးကျယ်ခမ်းနားတယ်။ရူဟန်က နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်တယ်။ ပြီးနောက ် သူ့ရဲ့ ညာလက် လက်သီးနဲ့ ရင်ဆိုင်လိုက်တယ် "အခြေခံဗုဒ္ဓလက်သီးသိုင်း - နှစ်" သူ့ရဲ့ လက်သီးတွေက သံမဏိလက် နည်းစနစ် ကြောင့် အရမ်းကို သန်မာပါတယ် ။ နောက်တော့ ကောင်းကင်ပေါ်က ဆင်းသက်လာတဲ့ မိစ္တာကြွက်ဆီကို ရေတွက်လိုမရတဲ့ လက်သီးတွေ လွှတ်လိုက်တယ်။ ချီးတဲ့မှ .. ဒါက ဘာလဲ။ဒီလိုနေ့မျိုး ကြုံလာလိမ့်မယ်လို့ ငါထင်တောင် မထင်ထားမိဘူး။ ကမ္ဘာခြားမိစ္ဆာ Vs အခြေခံ ဗုဒ္ဒလက်သီး နည်းစနစ်။ တကယ်တော့ ရူဟန်က ဒီနည်းစနစ်က လှပတဲ နာမည်တစ်ခု ပြောင်းအော်မလို့ ပါပဲ။ ဒါပေမဲ့ မိစ္ဆာကြွက်ရဲ့ ဓားချီနဲ့ ဓားဆန္ဒတွေ အောက်မှာတော့ အခြေခံဗုဒ္ဒလက်သီးသိုင်း - နှစ် ဆိုပြီးပဲ အော်နိုင်ခဲ့ပါတယ်။ ဓားချီ + ဓားဆန္ဒ = ကြီးကျယ် ပြီး ဖိနှိပ်နိုင်စွမ်း ။သံမဏိလက် နည်းစနစ် + ကြယ်ပျံလက်သီး = စွမ်းအားမြင့် တန်ပြန် တိုက်ခိုက်မှု ။"ဘန်း.. ဘန်း.. ဘန်း.." ဓားနဲ့ လက်သီးတွေက ထိပ်တိုက်တွေ့ဆုံသွားတယ်။ မိစ္ဆာချီတွေ နဲ့ ရူဟန်ရဲ့့ နတ်ဘုရား သားရဲ သုံးဆယ့်သုးကောင် သန္ဒေအစစ်အမှန်အရည်တွေက လေထဲမှာ မရပ်မနား တိုက်ခိုက်နေတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကို ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ပျံနှံ့သွားတယ်။ ရူဟန် ရဲ့ သန္ဓေအစစ်အမှန် အရည်တွေက အဆင့်လေး ကျင့်ကြံသူ တစ်ယောက်ရဲ့ အစစ်အမှန် ယန် တွေရဲ့ ဂုဏ်သတ္တိနဲ့ တူတူပါပဲ။ သံမဏိလက်ကတော့ သူ့ရဲ့ လက်သီးတွေကို သန်မာစေတယ်။ ပြီးတော့ အခြေခံဗုဒ္ဒလက်သီး နည်းစနစ် က ငရဲပြည်က မိစ္ဆာတွေကို အားနည်းစေတယ်လေ။ဒါပေမဲ့ ဘာပဲပြောပြော ရူဟန် က ရှုံးနိမ့်နေတုန်းပါပဲ။ ဓားချီတွေက သူ့ကို ဖိနှိပ်ထားပြီး နောက်ကို တဆုတ်တည်း ဆုတ်နေရတယ်။မျက်စိတမှိတ်အတွင်းမှာပဲ သူ့ရဲ့ လက်သီးနဲ့ ခန္ဓာကိုယ်ပေါ်မှာ များပြားလှတဲ့ ဓားဒဏ်ရာတွေ ဖြစ်ပေါ်လာတယ်။ ဒါတင်မသးပါဘူး။ ဒီဒဏ်ရာတွေထဲမှာ မိစ္ဆာစွမ်းအင်တွေ စုဝင်နေတာကြောင့် သာမာန်ထက် ဒဏ်ရာ ပြန်ကောင်းမှုကို နှေးကွေးစေတယ်။ ဒီတစ်ကြိမ်မှာတော့ သူက သွေးတွေ ရွဲနေပါပြီ။ "အဆင့်လေး မိစ္ဆာရဲ့ အားအင်က မသေးဘူးပဲ" ရူဟန်ကတီးတိုးရေရွတ်လိုက်တယ်။ ရန်သူ နဲ့ ရင်ဆိုင်နေရတဲ့ ဒီတိုက်ပွဲမှာ သူ့အနေနဲ့ အနိုင်ရဖို့ မရှိတော့ ပါဘူး။ သူ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ ၁၀ ခုလောက် ဖြစ်ပေါ်လာပေမဲ့ ရူဟန် ရဲ့ မျက်နှာ အမူအရာက ပြောင်းလဲ မသွားပါဘူး။ သူက လျှို့ဝှက်အကဲဖြတ် နည်းစနစ် ကို တတ်ကျွမ်းပြီး ကတည်းက ဒဏ်ရာ တစ်ရာလောက် ဖြစ်ပေါ်တယ် ဆိုတာကသာမာန်လောက်ပါပဲ။ ပိုပြီး ကြီးမား နက်ရှိုင်းတဲ့ ဒဏ်ရာ တစ်ထောင် လောက်တောင်မှ ဖြစ်ဖူးတယ်လေ။ ဒါကြောင့် သူဒါကို အသားကျနေပါပြီ။ ဒိလိုဆိုရင် မိစ္တာကြွက်ကို သူ့ရဲ့ နောက်ထပ် လက်သီးနည်းစနစ် မြည်းစမ်းခိုင်းရမယ့် အချ်ိန်ရောက်ပါပြီ။ အခြေခံဗုဒ္ဓလက်သီး နည်းစနစ် နဲ့ တိုက်ခိုက်ပြီးတဲ့နောက် နောက်ထပ် လက်သီးတိုက်ခိုက်မှုကို ပြုလုပ်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ရူဟန် ရဲ့ တခြားလက်သီးက ထွက်ပေါ်လာတယ် "မိစ္ဆာဖျက်ဆီးခြင်း ဗုဒ္ဒလက်သီး - တစ်" သူတို့အနီးကပ် တိုက်ခိုက်ကြပြီ ဆိုကတည်းက ရူဟန်က ဒီတိုက်ကွက်ကို ထုတ်ဖော်ဖို့ ကြိုတင် ပြင်ဆင် ထားတာပါ။လက်သီး နည်းစနစ် နဲ့ အတူပဲ ကိုယ်ပေါ်မှာ သီလ အလင်းတွေက တောက်ပသွားပြီး ဗုဒ္ဓစစ်သည် တစ်ပါးရဲ့ ပုံရိပ်ယောင်တွေ အဖြစ် ပြောင်းလဲသွားတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဗုဒ္ဓဆုတောင်းသံတွေနဲ့ အတူ ဝေလအော်သံကြီးက လည်း ပြန့်နှံ့သွားသွားတယ်။ ငရဲပြည်က စွမ်းအင်တွေ စုဝေးနေတဲ့ ရူဟန်ရဲ့ ဒဏ်ရာတွေက ချက်ချင်းပဲ မိစ္ဆာစွမ်းအင်တွေ ပျောက်ကွယ်သွားတယ်။ တစ်ချိန်ထဲမှာပဲ သူ့လက်ချောင်းပေါ်မှာ ရှိနေတဲ့ ရှေးဟောင်းကြေးလက်စွပ်လေး ကလည်း ဒဏ်ရာတွေကို ကုသနေတယ်။"ဟားဟား. မင်းအကွက် ထုတ်သုံးမှာကို စောင့်နေတာ။" မိစ္ဆာကြွက်က လေထဲမှာ ကျယ်လောင်စွာပဲ အော်ဟစ်လိုက်တယ် "မင်းဆီမှာ ဒီလက်သီးနည်းစနစ် ရှိတာကို ငါမသိများ ထင်နေလား။"သူက အားရှီလျှူ နဲ့ ရူဟန်က အဆင့်လေး မိစ္ဆာတွေရှိတဲ့နေရာကို တက်လာကတည်း က သေချာ အာရုံစိုက် ကြည့်ရှုထားတာပါ။ဒီလူသားက ဓားမော့နည်းစနစ်မှာ ကောင်းမွန်ရုံတင် မကဘဲ လက်သီးနည်းစနစ်ကလည်း ဂျင်ဂန် ဘုရားကျောင်းကနေ အမွေဆက်ခံထားတာပါ။ ဒါကြောင့် ရူဟန် ဒီအကွက် ထုတ်သုံးတဲ့အထိ သူက စောင့်နေတာပါ။ "ဒါဆိုရင် ငါ့ရဲ့ ကမ္ဘာခြားမိစ္ဆာ နည်းစနစ်ရဲ့ တကယ့်စွမ်းအင်ကို ပေးမြည်းမယ်။" မိစ္ဆာကြွက်က အော်လိုက်တယ်။ သူ့ရဲ့ အဖြူရောင်ဝတ်စုံ က လေထဲမှာ လွင့်နေတယ်။ ပြီးနောက် သွားကြားထိုးတံ အရွယ် ဓားပေါ်မှာ ဓားချီနဲ့ ဓားဆန္ဒ ရဲ့ စွမ်းအင်တွေ ဖြစ်တည်လာတယ်။ ဓားချီတွေက ငါးမီတာလောက်ရှိတဲ့ မိစ္ဆာဓားကြီး အဖြစ်ပုံပြောင်းသွားပြီး ရူဟန် နဲ့ သူ့နောက် က ဗုဒ္ဒစစ်သည်ကို ခုတ်ပိုင်းချလိုက်တယ်။ "ဝှစ်" ဓားတိုက်ခိုက်ချက်က ရောက်ရှိလာပါတယ်။ မိုးကြိုးပစ်ချသံလို ကျယ်လောင်တဲ့ အသံကြီး ဖြစ်တည်လာပြီး တဘုန်းဘုန်း နဲ့ ပဲ့တင်ထပ်နေတယ်။ ရူဟန်ရဲ့ မိစ္ဆာဖျက်ဆီးခြင်း ဗုဒ္ဓလက်သီးက ပျောက်ကွယ်သွားြ့ပီး သူ့နောက်က ဗုဒ္ဒစစ်သည် ပုံရိပ်ယောင်ကြီးကို မိစ္ဆာဓားက နှစ်ပိုင်းခုတ်ဖြတ်မိတယ်။ "ငါက ဒီမိစ္ဆာနဲ့ လက်ရည်မတူဘူးပဲ" ရူဟန် က တီးတိုးရေရွတ်ပြီး သက်ပြင်းချလိုက်တယ်။ နောက်တော့ သူက လက်ထဲက အဆောင်ကို အသက်သွင်းပြီး မြေပေါ်ပစ်လှဲ လိုက်တယ်။ နောက်တော့ ထွင်းဖောက်မြင် အကာအကွယ် တစ်ခုက ပေါ်လာပြီး ရူဟန်ရဲ ကိုယ်ကို ရစ်ပတ် ကာကွယ်လိုက်တယ်။ ဒါက ရိုက်ကွင်းမှာ ကိုးစီရင်စု က စီနီယာတွေ သေချင်ယောင်ဆောင်တုန်း အသုံးပြုတဲ့ အဆောင်ဖြစ်ပြီး မေမေလိုင်ချီးက လက်ဆောင်ပေးထားတာပါ။ ဒါက အဆင့်ငါးထိပ်ဆုံး အကာအကွယ် စွမ်းအား မျိုးရှိပြိး အဆင့်ငါး မိစ္ဆာတောင်မှ ဒါကို အချိ်န်တိုအတွင်စး မဖျက်ဆီး နိုင်ပါဘူး။ သာမာန် အဆင့်လေး မိစ္ဆာဆိုရင် တစ်နာရီလောက် ထိုင်ချ နေရင်တောင်မှ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ရူဟန်မှာ ဒီလို အဆောင် နှစ်ခု ရှိပါတယ်။မေမေလိုင်ချီး ပေးတုန်းက အသုံးဝင်လာလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး။ ခုတော့ ဟန်ကျပါပြီ။"ဘုန်း""ဘယ်ရောက်သွားတာလဲ" မိစ္ဆာကြွက် က ဆွံ့အသွားတယ်။ ငါ ဖမ်းနေတုန်း အမှတ်မထင် သတ်ဖြတ်လိုက်မိတာလား။ဒါပေမဲ့ ဒီအချိန်မှာ ပဲ အလင်းတွေက ပေါက်ကွဲထွက်သွားတယ်။ မိစ္ဆာကြွက် က အောက်ကို ငုံ့ကြည့်လိုက်တော့ ခပ်တည်တည်နဲ့ မြေပေါ်လှဲနေတဲ့ ရူဟန်ကို မြင်လိုက်ရတယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ထွင်းဖောက်မြင် အကာအကွယ် တစ်ခုကို ဖုံးအုပ်ထားတယ်။ မိစ္ဆာကြွက်က ဆွံ့အသွားတယ်။ "အမ်.. ပြီးသွားပြီလား.. ဘာကြောင့် ထပ်မတိုက်တော့ တာလဲ။ ကမ္ဘာခြားမိစ္ဆာ နည်းစနစ် ဆို" ရူဟန်က ကြွက်ဖြူကို ရန်စလိုက်တယ်။ ုမင်းမှာ အရည်အချင်းရှိတယ် ဆိုရင် ငါ့အကာအကွယ် ကို ကျိုးပျက်အောင် တိုက်ခိုက်လေ။ ကျိုးပျက်သွားပြီ ဆိုရင် ငါ ဒုတိယတစ်ခုကို ထပ်သုံးမယ်။ တစ်ချိန်တည်းမှာပဲ ရူဟန်က အဝတ်ထဲက အဆောင်တွေကို ထုတ်ယူထားလိုက်တယ်။ မိစ္ဆာစောင့်ကြပ်ခြင်း အဆောင် ငါးခုနဲ့ ဓားအဆောင် ငါးခုပါ။ ဒါက အသက်ခုနှစ်သက် အဆောင်ဆရာ ပြုလုပ်ထားတဲ့ အဆောင်တွေ ဖြစ်ပြီး အဆင့်လေး စွမ်းအင်မျိုး ရှိပါတယ်။ အကာအကွယ် အတားအဆီးက ကျိုးပျက် သွားပြီ ဆိုရင် သူက ဒီအဆောင်တွေကို မိစ္ဆာကြွက်ရဲ့ မျက်ခွက်ဆီ ပစ်ပေါက်ရိုက်ရုံပါပဲ။ ဒင်းမြေပေါ်လဲပြီ ဆိုတာနဲ့ တပြိုင်နက် ရူဟန်က မိစ္ဆာဖျက်ဆီးခြင်း ဗုဒ္ဓလက်သီးနည်းစနစ် ကို ထုတ်သုံးပြီး မျက်နှာကို ခွထိုးဖို့ စဉ်းစားထားပါတယ်။


အပိုင္း (၇၆၄) ဒီဓားက ၆.၄၇ စင္တီမီတာ ရွည္ၿပီး ၀.၅ ဂရမ္ေလးတယ္။
"ငါက မင္းနဲ႔ တိုက္ခိုက္ခ်ိန္မွာ ဓားေမာ့ကို အသံုးမျပဳခ်င္လို႔ပဲ" ရူဟန္က တည္တည္ၿငိမ္ၿငိမ္ပဲ ေျပာလိုက္တယ္။ "ဟားဟား" မ္ိစၦာၾကြက္ျဖဴ က ေဒါသထြက္သြားၿပီး ရယ္လိုက္တယ္။ ၿပီးေနာက္ သူ႔ရဲ့ သြားၾကားထိုးတံ အရြယ္ဓားကို ဆုပ္ကိုင္ရင္း ေျပာလိုက္တယ္ "ဒီစကားေတြကို မင္းေနာင္တရလိမ့္မယ္ စြန္း.. ရူ... ဟန္"ေျပာၿပီးတဲ့ေနာက္ သူက ဓားကို ဓားအိမ္ထဲကေန ဆြဲခၽြတ္လိုက္တယ္။ မိစၦာေအာ္ရာေတြ က ထြက္ေပၚလာတယ္။ ဒီတစ္ႀံကိမ္မွာေတာ့ မိစၦာၾကြက္ျဖဴ က ထြက္ေပၚလာတဲ့ ဓားလိုပဲ ေအးစက္ ထက္ၿမိတဲ ပံုသ႑ာန္ျဖစ္ေပၚေနတယ္။ သူက ရူဟန္ကို ေအးစက္စက္ အမူအရာ နဲ႔ စိုက္ၾကည့္ၿပီး ေျပာလိုက္တယ္ "ဒီဓား က အဆင့္ေလး ရတနာဓား တစ္ခုျဖစ္တယ္။ ၆.၄၇ စင္တီမီတာ ရွည္ၿပီး ၀.၅ ဂရမ္ေလးတယ္။ ဒါက ေသးငယ္တယ္ ဆိုေပမဲ့ အစစ္အမွန္ ယန္ခ်ီေတြ နဲ႔ ကာကြယ္ထားတဲ့ အဆင့္ေလး က်င့္ႀကံသူရဲ့ခႏၶာကို္ယ္ကို လြယ္လြယ္ကူကူ ပိုင္းျဖတ္လို႔ရတယ္။"ေျပာရမယ္ ဆိုရင္ ဒီသြားၾကားထိုးတံ အရြယ္ ဓားေလးက ရူဟန္ လက္ထဲက ရတနာဓား နဲ႔ အဆင့္တူ လို႔ ေျပာလို႔ရႏိုင္တယ္။ ႏွစ္ခုလံုးက အဆင့္ေလး က်င့္ႀကံသူ တစ္ေယာက္ရဲ့ ခႏၶာကိုယ္ကို ပိုင္းျဖတ္ႏိုင္တယ္။ ဒီအခ်ိန္မွာေတာ့ မိစၦာၾကြက္ျဖဴ က တကယ့္ ဓားသမား တစ္ေယာက္လိုပါပဲ။အရြယ္အစားသာ ႀကီးလိုက္မယ္ဆိုရင္ ဒီမိစၦာၾကြက္ျဖဴ က ေတာ္ေတာ္ၾကည့္ေကာင္းမွာပါ။ ကံဆုိးတာက ၾကြက္ျဖဴေလး ျဖစ္ေနတာပါပဲ။ သူက အျဖဴေရာင္ ဝတ္စံုကို ဝတ္ထားတယ္ ဆိုရင္ေတာင္မွ ၾကြက္ျဖဴက ၾကြက္ျဖဴပါပဲ။ အျဖဴေရာင္ ဝတ္စံုဝတ္ ၾကြက္ဓားသမား..။ ခ်ီးတဲ့မွ ။"........." ရူဟန္။"မင္းက ငါနဲ႔ တိုက္ခိုက္ဖို႔ ဓားေမာ့ကို မသံုးခ်င္ဘူးဆိုရင္ ဘာသံုးမွာလဲ" အျဖဴေရာင္ဝတ္စံု နဲ႔ ၾကြက္ဓားသမား က ေမးလိုက္တယ္ "ဒါမွမဟုတ္ လက္နက္မဲ့တဲ့ လူတစ္ေယာက္ကို ငါက မသတ္ဘူးလို႔ မင္းထင္ေနတာလား။ တံုးအလြန္းေနၿပီ""ငါ့မွာ ဓားမရွိဘူး ဆိုမွေတာ့ လက္သီးကိုပဲ အားကိုးရမွာေပါ့" ရူဟန္က သက္ျပင္းခ် လိုက္တယ္။ ေျပာေနုတုန္းမွာပဲ သူက သံမဏိလက္ကို အသံုးျပဳလိုက္တာေၾကာင့္ သုူ႔လက္ေတြက သတၱဳ လက္ေတြ အျဖစ္ ေျပာင္းလဲသြားတယ္။ "အရမ္းေကာင္းတယ္။ ၾကည့္ရတာေတာ့ မင္းရဲ့ လက္သီးက မင္းရဲ့ ဓားေမာ့ နဲ႔ တူတူပဲ အားနည္းမယ့္ ပံုမွာ မရွိဘူး။" ၾကြက္မိစၦာ က မ်က္ေမွာက္ကုတ္ၿပီး သူ႔ဓားကို တင္းတင္း ဆုပိကိုင္လိုက္တယ္။ ၿပီးေနာက္ ဓားခ်ီေတြက ျဖည္းျဖည္းခ်င္း ျမင့္တက္လာခဲ့တယ္။ ဓားခ်ီေတြက ေကာင္းကင္ေပၚကို ထိုးတက္ၿပီး ဓားဆႏၵေတြ ျဖစ္ေပၚလာတယ္။ ၿပိဳင္ပြဲကြင္း တစ္ခုလံုးက သူတို႔ရဲ့ စြမ္းအင္ေတြနဲ႔ ျပည့္ႏွက္သြားတယ္။ ဒီမိစၱာၾကြက္ က ဓားက်င့္ႀကံသူေတြထဲမွာ ေတာ္ေတာ္ႀကီး ရွားပါးတဲ့ ပါရမီရွင္ပဲ ျဖစ္ရမယ္။သူက ဓားဆႏၵကိုေတာင္မွ စုဖြဲ႔မိေနပါၿပီ။ ရူဟန္က လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္တယ္။ လက္ေမာင္းရဲ့ သတၱဴသံ က ပိုၿပီး သိပ္သည္းလာတယ္။ ၿပီးေနာက္ မဟူရာ သတၱဳေရာင္အျဖစ္ကို ေျပာင္းလဲ သြားပါေတာ့တယ္။ သူ႔ရဲ့ ပထမ အစီအစဥ္ က ၾကြက္ျဖဴ ဓားဆြဲထုတ္ေနတုန္း တိုက္ခိုက္မလို႔ပါ။ ဒါေပမဲ့ မိစၱာၾကြက္က ဓားဆြဲထုတ္ေနခ်ိန္မွာ သတိလစ္ဟင္းသြားပံု မေပၚပါဘူး။ ဒီအျပင္ ပိုေတာင္ အႏၱရာယ္မ်ားတယ္ ဆိုတဲ့ အေငြ႔အသက္ကို ခံစားမိေစတယ္။ ဒါေၾကာင့္ သူက အဆင္ျခင္မဲ့ မတိုက္ခိုက္ရဲ ပါဘူး။ "ေကာင္းတယ္" မိစၦာၾကြက္ က ေလသံေအးေအးေလး နဲ႔ ေျပာလိုက္တယ္ "ငါဓားဆြဲထုတ္ေနတုန္း မတိုက္ခိုက္တာ မွန္တယ္။ မဆိုးဘူး။ မဆိုးဘူး။ မဟုတ္ရင္ မင္းက အခုေသေနေလာက္ၿပီ။ အခု ငါ့ရဲ့ ဓားတိုက္ခိုက္မွဳ လာေတာ့မယ္။ ဒါက ေကာင္းကင္အျမင့္ႀကီးကေန က်ဆင္းလာတဲ့ မိုးစက္ေတြလိုပဲ။ ထပ္ေျပာရမယ္ဆိုရင္ ျမန္ဆန္လြန္းၿပီး ခန္႔မွန္းႏိုင္ဖို႔ လံုးဝ ခက္ခဲတယ္။ ဒီဓားနည္းစနစ္က အေျခခံအားျဖင့္ ကမၻာေပၚမွာ ၿပိဳင္ဘက္ကင္းတယ္။ ငါ့ရဲ့ ဒီနည္္းစနစ္ေအာက္မွာ အသက္ေပးရတာ မင္း ဂုဏ္ယူသင့္တယ္။""........" ရူဟန္။မိစၦာၾကြက္ျဖဴ ေျပာတဲ့ဓားနည္းစနစ္ က ဆန္းက်ယ္လွတယ္ေလ။ ❄️❄️❄️ၿပီးေနာက္ မိစၦာၾကြက္ျဖဴ က အေပၚကို ထုတ္တက္ၿပီး ၾကည့္ေကာင္းလွတဲ့ သိုင္းကြက္ကို ထုတ္ေဖာ္လိုက္တယ္ "ကမၻာျခားမိစၱာ" ဓားခ်ီေတြက ေပါက္ကြဲထြက္လာၿပီး ဓားဆႏၵေတြက ေကာင္းကင္ေပၚကို ထိုးတက္သြားတယ္။ မိစၦာနတ္ဘုရား တစ္ပါးက ေကာင္းကင္ အျမင့္ဆံုးေနရာကေန ခုန္ဆင္းလာသလို ပါပဲ။ လွုပ္ရွားမွဳ က ခန္႔မွန္းဖုိ႔ ခက္သလို ႀကီးက်ယ္ခမ္းနားတယ္။ရူဟန္က ေနာက္ကို ေျခတစ္လွမ္း ဆုတ္လိုက္တယ္။ ၿပီးေနာက ္ သူ႔ရဲ့ ညာလက္ လက္သီးနဲ႔ ရင္ဆိုင္လိုက္တယ္ "အေျခခံဗုဒၶလက္သီးသိုင္း - ႏွစ္" သူ႔ရဲ့ လက္သီးေတြက သံမဏိလက္ နည္းစနစ္ ေၾကာင့္ အရမ္းကို သန္မာပါတယ္ ။ ေနာက္ေတာ့ ေကာင္းကင္ေပၚက ဆင္းသက္လာတဲ့ မိစၱာၾကြက္ဆီကို ေရတြက္လိုမရတ့ဲ လက္သီးေတြ လႊတ္လိုက္တယ္။ ခ်ီးတဲ့မွ .. ဒါက ဘာလဲ။ဒီလိုေန႔မ်ိဳး ႀကံဳလာလိမ့္မယ္လို႔ ငါထင္ေတာင္ မထင္ထားမိဘူး။ ကမၻာျခားမိစၦာ Vs အေျခခံ ဗုဒၵလက္သီး နည္းစနစ္။ တကယ္ေတာ့ ရူဟန္က ဒီနည္းစနစ္က လွပတဲ နာမည္တစ္ခု ေျပာင္းေအာ္မလို႔ ပါပဲ။ ဒါေပမဲ့ မိစၦာၾကြက္ရဲ့ ဓားခ်ီနဲ႔ ဓားဆႏၵေတြ ေအာက္မွာေတာ့ အေျခခံဗုဒၵလက္သီးသိုင္း - ႏွစ္ ဆိုၿပီးပဲ ေအာ္ႏိုင္ခဲ့ပါတယ္။ ဓားခ်ီ + ဓားဆႏၵ = ႀကီးက်ယ္ ၿပီး ဖိႏွိပ္ႏိုင္စြမ္း ။သံမဏိလက္ နည္းစနစ္ + ၾကယ္ပ်ံလက္သီး = စြမ္းအားျမင့္ တန္ျပန္ တိုက္ခိုက္မွဳ ။"ဘန္း.. ဘန္း.. ဘန္း.." ဓားနဲ႔ လက္သီးေတြက ထိပ္တိုက္ေတြ႔ဆံုသြားတယ္။ မိစၦာခ်ီေတြ နဲ႔ ရူဟန္ရ႕ဲ့ နတ္ဘုရား သားရဲ သံုးဆယ့္သုးေကာင္ သေႏၵအစစ္အမွန္အရည္ေတြက ေလထဲမွာ မရပ္မနား တိုက္ခိုက္ေနတယ္။ပတ္ဝန္းက်င္တစ္ခုလံုးကို က်ယ္ေလာင္တဲ့ ေပါက္ကြဲသံေတြ ပ်ံႏံွ႔သြားတယ္။ ရူဟန္ ရဲ့ သေႏၶအစစ္အမွန္ အရည္ေတြက အဆင့္ေလး က်င့္ႀကံသူ တစ္ေယာက္ရဲ့ အစစ္အမွန္ ယန္ ေတြရဲ့ ဂုဏ္သတၱိနဲ႔ တူတူပါပဲ။ သံမဏိလက္ကေတာ့ သူ႔ရဲ့ လက္သီးေတြကို သန္မာေစတယ္။ ၿပီးေတာ့ အေျခခံဗုဒၵလက္သီး နည္းစနစ္ က ငရဲျပည္က မိစၦာေတြကို အားနည္းေစတယ္ေလ။ဒါေပမဲ့ ဘာပဲေျပာေျပာ ရူဟန္ က ရံႈးနိမ့္ေနတုန္းပါပဲ။ ဓားခ်ီေတြက သူ႔ကို ဖိႏွိပ္ထားၿပီး ေနာက္ကို တဆုတ္တည္း ဆုတ္ေနရတယ္။မ်က္စိတမွိတ္အတြင္းမွာပဲ သူ႔ရဲ့ လက္သီးနဲ႔ ခႏၶာကိုယ္ေပၚမွာ မ်ားျပားလွတဲ့ ဓားဒဏ္ရာေတြ ျဖစ္ေပၚလာတယ္။ ဒါတင္မသးပါဘူး။ ဒီဒဏ္ရာေတြထဲမွာ မိစၦာစြမ္းအင္ေတြ စုဝင္ေနတာေၾကာင့္ သာမာန္ထက္ ဒဏ္ရာ ျပန္ေကာင္းမွဳကို ေႏွးေကြးေစတယ္။ ဒီတစ္ႀကိမ္မွာေတာ့ သူက ေသြးေတြ ရြဲေနပါၿပီ။ "အဆင့္ေလး မိစၦာရဲ့ အားအင္က မေသးဘူးပဲ" ရူဟန္ကတီးတိုးေရရြတ္လိုက္တယ္။ ရန္သူ နဲ႔ ရင္ဆိုင္ေနရတဲ့ ဒီတိုက္ပြဲမွာ သူ႔အေနန႔ဲ အနိုင္ရဖုိ႔ မရွိေတာ့ ပါဘူး။ သူ႔ခႏၶာကိုယ္ေပၚမွာ ဒဏ္ရာ ၁၀ ခုေလာက္ ျဖစ္ေပၚလာေပမဲ့ ရူဟန္ ရဲ့ မ်က္ႏွာ အမူအရာက ေျပာင္းလဲ မသြားပါဘူး။ သူက လွ်ိဳ႕ဝွက္အကဲျဖတ္ နည္းစနစ္ ကို တတ္ကၽြမ္းၿပီး ကတည္းက ဒဏ္ရာ တစ္ရာေလာက္ ျဖစ္ေပၚတယ္ ဆိုတာကသာမာန္ေလာက္ပါပဲ။ ပိုၿပီး ႀကီးမား နက္ရွိဳင္းတဲ့ ဒဏ္ရာ တစ္ေထာင္ ေလာက္ေတာင္မွ ျဖစ္ဖူးတယ္ေလ။ ဒါေၾကာင့္ သူဒါကို အသားက်ေနပါၿပီ။ ဒိလိုဆိုရင္ မိစၱာၾကြက္ကို သူ႔ရဲ့ ေနာက္ထပ္ လက္သီးနည္းစနစ္ ျမည္းစမ္းခိုင္းရမယ့္ အခ်္ိန္ေရာက္ပါၿပီ။ အေျခခံဗုဒၶလက္သီး နည္းစနစ္ နဲ႔ တိုက္ခိုက္ၿပီးတဲ့ေနာက္ ေနာက္ထပ္ လက္သီးတုိက္ခိုက္မွုကို ျပဳလုပ္ဖို႔ အခြင့္အေရး ရခဲ့ပါတယ္။ ရူဟန္ ရဲ့ တျခားလက္သီးက ထြက္ေပၚလာတယ္ "မိစၦာဖ်က္ဆီးျခင္း ဗုဒၵလက္သီး - တစ္" သူတို႔အနီးကပ္ တိုက္ခိုက္ၾကၿပီ ဆိုကတည္းက ရူဟန္က ဒီတိုက္ကြက္ကို ထုတ္ေဖာ္ဖုိ႔ ႀကိဳတင္ ျပင္ဆင္ ထားတာပါ။လက္သီး နည္းစနစ္ နဲ႔ အတူပဲ ကိုယ္ေပၚမွာ သီလ အလင္းေတြက ေတာက္ပသြားၿပီး ဗုဒၶစစ္သည္ တစ္ပါးရဲ့ ပံုရိပ္ေယာင္ေတြ အျဖစ္ ေျပာင္းလဲသြားတယ္။ ပတ္ဝန္းက်င္ တစ္ခုလံဳးမွာ ဗုဒၶဆုေတာင္းသံေတြနဲ႔ အတူ ေဝလေအာ္သံႀကီးက လည္း ျပန္႔ႏွံ႔သြားသြားတယ္။ ငရဲျပည္က စြမ္းအင္ေတြ စုေဝးေနတဲ့ ရူဟန္ရဲ့ ဒဏ္ရာေတြက ခ်က္ခ်င္းပဲ မိစၦာစြမ္းအင္ေတြ ေပ်ာက္ကြယ္သြားတယ္။ တစ္ခ်ိန္ထဲမွာပဲ သူ႔လက္ေခ်ာင္းေပၚမွာ ရွိေနတဲ့ ေရွးေဟာင္းေၾကးလက္စြပ္ေလး ကလည္း ဒဏ္ရာေတြကို ကုသေနတယ္။"ဟားဟား. မင္းအကြက္ ထုတ္သံုးမွာကို ေစာင့္ေနတာ။" မိစၦာၾကြက္က ေလထဲမွာ က်ယ္ေလာင္စြာပဲ ေအာ္ဟစ္လိုက္တယ္ "မင္းဆီမွာ ဒီလက္သီးနည္းစနစ္ ရွိတာကို ငါမသိမ်ား ထင္ေနလား။"သူက အားရွီလွ်ဴ နဲ႔ ရူဟန္က အဆင့္ေလး မိစၦာေတြရွိတဲ့ေနရာကို တက္လာကတည္း က ေသခ်ာ အာရံုစိုက္ ၾကည့္ရႈထားတာပါ။ဒီလူသားက ဓားေမာ့နည္းစနစ္မွာ ေကာင္းမြန္ရံုတင္ မကဘဲ လက္သီးနည္းစနစ္ကလည္း ဂ်င္ဂန္ ဘုရားေက်ာင္းကေန အေမြဆက္ခံထားတာပါ။ ဒါေၾကာင့္ ရူဟန္ ဒီအကြက္ ထုတ္သံုးတဲ့အထိ သူက ေစာင့္ေနတာပါ။ "ဒါဆိုရင္ ငါ့ရဲ့ ကမၻာျခားမိစၦာ နည္းစနစ္ရဲ့ တကယ့္စြမ္းအင္ကို ေပးျမည္းမယ္။" မိစၦာၾကြက္က ေအာ္လိုက္တယ္။ သူ႔ရဲ့ အျဖဴေရာင္ဝတ္စံု က ေလထဲမွာ လြင့္ေနတယ္။ ၿပီးေနာက္ သြားၾကားထိုးတံ အရြယ္ ဓားေပၚမွာ ဓားခ်ီနဲ႔ ဓားဆႏၵ ရဲ့ စြမ္းအင္ေတြ ျဖစ္တည္လာတယ္။ ဓားခ်ီေတြက ငါးမီတာေလာက္ရွိတဲ့ မိစၦာဓားႀကီး အျဖစ္ပံုေျပာင္းသြားၿပီး ရူဟန္ နဲ႔ သူ႔ေနာက္ က ဗုဒၵစစ္သည္ကို ခုတ္ပိုင္းခ်လိုက္တယ္။ "ဝွစ္" ဓားတိုက္ခိုက္ခ်က္က ေရာက္ရွိလာပါတယ္။ မိုးႀကိဳးပစ္ခ်သံလို က်ယ္ေလာင္တဲ့ အသံႀကီး ျဖစ္တည္လာၿပီး တဘုန္းဘုန္း နဲ႔ ပဲ့တင္ထပ္ေနတယ္။ ရူဟန္ရဲ့ မိစၦာဖ်က္ဆီးျခင္း ဗုဒၶလက္သီးက ေပ်ာက္ကြယ္သြားၿ႔ပီး သူ႔ေနာက္က ဗုဒၵစစ္သည္ ပံုရိပ္ေယာင္ႀကီးကို မိစၦာဓားက ႏွစ္ပိုင္းခုတ္ျဖတ္မိတယ္။ "ငါက ဒီမိစၦာနဲ႔ လက္ရည္မတူဘူးပဲ" ရူဟန္ က တီးတိုးေရရြတ္ၿပီး သက္ျပင္းခ်လိုက္တယ္။ ေနာက္ေတာ့ သူက လက္ထဲက အေဆာင္ကို အသက္သြင္းၿပီး ေျမေပၚပစ္လွဲ လိုက္တယ္။ ေနာက္ေတာ့ ထြင္းေဖာက္ျမင္ အကာအကြယ္ တစ္ခုက ေပၚလာၿပီး ရူဟန္ရဲ ကိုယ္ကို ရစ္ပတ္ ကာကြယ္လိုက္တယ္။ ဒါက ရိုက္ကြင္းမွာ ကိုးစီရင္စု က စီနီယာေတြ ေသခ်င္ေယာင္ေဆာင္တုန္း အသံုးျပဳတဲ့ အေဆာင္ျဖစ္ၿပီး ေမေမလိုင္ခ်ီးက လက္ေဆာင္ေပးထားတာပါ။ ဒါက အဆင့္ငါးထိပ္ဆံုး အကာအကြယ္ စြမ္းအား မ်ိဳးရွိၿပိး အဆင့္ငါး မိစၦာေတာင္မွ ဒါကို အခ်ိ္န္တိုအတြင္စး မဖ်က္ဆီး နုိင္ပါဘူး။ သာမာန္ အဆင့္ေလး မိစၦာဆိုရင္ တစ္နာရီေလာက္ ထိုင္ခ် ေနရင္ေတာင္မွ ဘာမွျဖစ္မွာ မဟုတ္ပါဘူး။ ရူဟန္မွာ ဒီလို အေဆာင္ ႏွစ္ခု ရွိပါတယ္။ေမေမလိုင္ခ်ီး ေပးတုန္းက အသံုးဝင္လာလိမ့္မယ္လို႔ မထင္မိခဲ့ပါဘူး။ ခုေတာ့ ဟန္က်ပါၿပီ။"ဘုန္း""ဘယ္ေရာက္သြားတာလဲ" မိစၦာၾကြက္ က ဆြံ႔အသြားတယ္။ ငါ ဖမ္းေနတုန္း အမွတ္မထင္ သတ္ျဖတ္လိုက္မိတာလား။ဒါေပမဲ့ ဒီအခ်ိန္မွာ ပဲ အလင္းေတြက ေပါက္ကြဲထြက္သြားတယ္။ မိစၦာၾကြက္ က ေအာက္ကို ငံု႔ၾကည့္လိုက္ေတာ့ ခပ္တည္တည္နဲ႔ ေျမေပၚလွဲေနတဲ့ ရူဟန္ကို ျမင္လိုက္ရတယ္။ သူ႔ခႏၶာကိုယ္ တစ္ခုလံုးကို ထြင္းေဖာက္ျမင္ အကာအကြယ္ တစ္ခုကို ဖံုးအုပ္ထားတယ္။ မိစၦာၾကြက္က ဆြံ႔အသြားတယ္။ "အမ္.. ၿပီးသြားၿပီလား.. ဘာေၾကာင့္ ထပ္မတိုက္ေတာ့ တာလဲ။ ကမၻာျခားမိစၦာ နည္းစနစ္ ဆို" ရူဟန္က ၾကြက္ျဖဴကို ရန္စလိုက္တယ္။ ုမင္းမွာ အရည္အခ်င္းရွိတယ္ ဆိုရင္ ငါ့အကာအကြယ္ ကို က်ိဳးပ်က္ေအာင္ တိုက္ခိုက္ေလ။ က်ိဳးပ်က္သြားၿပီ ဆိုရင္ ငါ ဒုတိယတစ္ခုကို ထပ္သံုးမယ္။ တစ္ခ်ိန္တည္းမွာပဲ ရူဟန္က အဝတ္ထဲက အေဆာင္ေတြကို ထုတ္ယူထားလိုက္တယ္။ မိစၦာေစာင့္ၾကပ္ျခင္း အေဆာင္ ငါးခုနဲ႔ ဓားအေဆာင္ ငါးခုပါ။ ဒါက အသက္ခုႏွစ္သက္ အေဆာင္ဆရာ ျပဳလုပ္ထားတဲ့ အေဆာင္ေတြ ျဖစ္ၿပီး အဆင့္ေလး စြမ္းအင္မ်ိဳး ရွိပါတယ္။ အကာအကြယ္ အတားအဆီးက က်ိဳးပ်က္ သြားၿပီ ဆိုရင္ သူက ဒီအေဆာင္ေတြကို မိစၦာၾကြက္ရဲ့ မ်က္ခြက္ဆီ ပစ္ေပါက္ရိုက္ရံုပါပဲ။ ဒင္းေျမေပၚလဲၿပီ ဆိုတာနဲ႔ တၿပိုင္နက္ ရူဟန္က မိစၦာဖ်က္ဆီးျခင္း ဗုဒၶလက္သီးနည္းစနစ္ ကို ထုတ္သံုးၿပီး မ်က္ႏွာကို ခြထိုးဖို႔ စဥ္းစားထားပါတယ္။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now