အပိုင်း (၇၉၂)

179 42 0
                                    


#Unicode


ရေချိုးခန်းထဲထိ ရောက်အောင် ငါတို့ ကြော်ငြာမယ်။

ကံကြမ္မာကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရမယ့် အချ်ိန်ပဲ။

သူ့ရဲ့ ကြာပန်းဖူးပွင့်ခြင််းလျှာစွမ်းရည် က အဆင့်တက်သွားခဲ့ပါပြီ။ သူက မြက်ဓားမော့ကို စားပြီးရင် ဓားမော့ဆန္ဒကြာပန်းစေ့ လေးစေ့ကို ထုတ်လုပ်နိုင်မှာလား။

ဖြစ်နိုင်ရင် သူက စားမယ့် ကြာပန်းစေ့တွေကို မဖြုန်းတီးချင် ပါဘူး။ ဓားမော့ဆန္ဓကြာပန်းစေ့ လေးခု ရဖို့ မြက်ဓားမော့ တစ်ခု ကို အသုံးပြုရမှာပါ။

ပြောရရင် သူက ရွှေကြာပန်းစေ့တွေကို မဖြုန်းတီးချင် ပါဘူး။ သူက ခုနတုနး်က ကြာပန်းစေ့ ငါးခုတောင်မှ စားခဲ့တယ်လေ။

ရုူဟန်က မြက်ဓားမော့ကို ကိုင်ဆွဲပြီး အသက်ပြင်းပြင်း ရှုလိုက်တယ် ။ နောက်တော့ တစ်ခါတည်း မျိုချလိုက်တယ်။

သူက မြက်ဓားကို စားပြိးတဲ့နောက် စိတ်ပိုင်းဆိုင်ရာ အရ အများကြီး ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဗိုက်ကို လှီးဖြတ်သလို နာကျင်မှုက ချျွေးပေါက်ပေါက် ကျစေတယ်။

နာလိုက်တယ်။ နောက်တစ်ခါ ဒါကို မစားခင် ကြိုသောက်ရမယ့် ဆေးကို စီနီယာ ဆေးဆရာဆီမှာ ဝယ်ရမယ်။ အနည်းဆုံးတော့ အနာကို လျော့ကျ စေနိုင်တယ်။ ရူဟန်က တွေးလိုက်တယ်။

သူက အတွေးနက်နေတုန်းမှာပဲ သူ့လျှာက တုန်ခါသွားပြီး ကြာပန်းဖူးပွင့်ခြင်းလျှာ စွမ်းရည်က အသက်ဝင်သွားခဲ့တယ်။ ရူဟန်က အသက်ပြင်းပြင်း ရှုလိုက်တယ်။ ကြာပန်းလေးခု က သူ့မျက်စိရှေ့မှာ အလိုလို ပေါ်လာခဲ့တယ်။

အောင်မြင်ခဲ့ပြိ။

ရူဟန်က တကယ်ပဲ အောင်မြင်ခဲ့ပါပြီ။ ကြာပန်းဖူးပွင့်ခြင်း လျှာ စွမ်းရည် က အလိုလို အသက်ဝင်လာပြိးတဲ့နောက် သူ့လည်ချောင်းဆီက နာကျင်တဲ့ ခံစားချက် က ပျောက်ကွယ်သွားခဲ့တယ်။

အရင်တစ်ခေါက်တုန်းကလိုပဲ ကြာပန်းဖြူတွေက မပျောက်ကွယ်သွားခဲ့ပါဘူး။ အဲ့အစား ကြာစေ့တစ်စေ့ ကျန်ခဲ့တဲ့ အထိ ကြာပန်းတွေ ကြွေကျသွားသည်။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now