အပိုင်း (၇၃၃)

165 35 1
                                    


#Unicode



ကြာပန်းဖူးပွင့်ခြင်း လျှာ။

"ဒီပွဲအတွင်းမှာ အဆင့်ငါး မိစ္ဆာအလောင်း သုံးဆယ် ကို ရွှေကြာပန်းစေ့ တစ်စေ့ နဲ့ လဲပေးနေတယ်။ ဒါက ဒီပွဲတော်အတွင်းသာ ရမယ့် ကမ်းလှမ်းမှု ကောင်း တစ်ခုပဲ။" ထာဝရမီးရဲ့ လေသံက လမ်းဘေးမှာ ဖုန်းအဟောင်းတွေကို စတီးဓားတွေ၊ စတီးခွက် တွေနဲ့လဲလှယ်ပေးတဲ့ သူတွေကို ပြန်သတိရစေတယ်။

"တာအိုရောင်းရင်း ထာဝရမီး .. ဒါက မင်းအတွက်မရှုံးဘူးဆိုတာ သေချာလား" လိုင်ချီးက မေးလိုက်တယ်။ ရွှေကြာပန်းစေ့ က လူတွေရဲ့ အထူးစွမ်းရည်ကို နှိုးထစေနိုင်ရုံတင်မကပဲ လူတွေရဲ သက်တမ်းကိုလည်း နှစ်ငါးဆယ် တိုးလာစေတယ်။

တစ်စုံတစ်ယောက်ရဲ့ သက်တမ်းကို နှစ်ငါးဆယ် တိုးတက်စေတဲ့ ဆန်းပြားတဲ့ဆေးပါပဲ။ အသက်အရွယ်ကြီးရင့်လာပြီး နေထိုင်ဖို့ သိပ်မကျန်တော့တဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေ လည်း ရှိတယ်လေ။ နှစ်ငါးဆယ်ကို ထားအုန်း။ ဆယ်နှစ်လောက်ဆိုရင်တောင်မှ သူတို့ကို ဒီမှာ နေပြီး တိုက်ခိုက်ဖို့ ဆွဲဆောင်ထားလို့ ရနိုင်မှာပါ။

ပြောနေတုန်းမှာပဲ ထာဝရမီး ရဲ့ အကြည့်က ကြီးမြတ်တဲ့အဖြူ ပေါ်ကို ရောက်သွားတယ်။ ဒီအချိန်မှာတော့ သူက သူတောင်းစားက ရွှေပုံကြီးကို ထိုင်ကြည့်နေရသလိုပါပဲ။ မဟုတ်သးဘေူး။ တော်တော်ကြီး ကံဇာတာ ညံ့နေတဲ့ သနားစရာ လူတစ်ယောက်က ကံကောင်းခြင်း နတ်ဘုရားကို ကို ကြည့်နေရသလိုပါပဲ။

ထာဝရမီး က ကြီးမြတ်တဲ့ အဖြူကို ဒီမှာနေပြီး တိမ်ဖြုူကျောင်း ဘက်က နေစေချင်တာပါ။

ကြီးမြတ်တဲ့ အဖြူ က ဘာမှလုပ်စရာတောင် မလိုပါဘူး။ ထာဝရမီးက ကြည့်မြတ်တဲ့ အဖြူကို နောက်မှနေပြီး အမိန့်ပေးစေချင်တာပါ။ လာဘ်ကောင် တစ်ခု အဖြစ် ခန့်ခန့်ညားညား နောက်မှာ ရပ်နေရင်ကို အဆင်ပြေပါပြီ။

ကြီးမြတ်တဲ့ အဖြူ သာ နောက်မှာ ရပ်နေမယ် ဆိုရင် သူူတို့က လူသားဖြစ်ဖြစ်၊ မြေသဘာဝ က ဖြစ်ဖြစ် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ရရှိနိုင်မှာပါ။ အဲဒါဆို ငရဲပြည်က လာတဲ့ မိစ္ဆာတပ်ကြီးက သေဆုံးသွားမှာပါ။

ကျင့်ကြံသူတို့ စကားဝိုင်းWhere stories live. Discover now